ဒီရာသီရှုံးကြွေးတွေ ဆပ်လိုက်နိုင်တဲ့ ချယ်လ်ဆီး

မန်ယူ ၁-၃ ချယ်လ်ဆီး

FA ဖလားပြိုင်ပွဲတွေအတွက် မွေးဖွားလာတဲ့ ဂျရူးက ဒီပွဲမှာလည်း ချယ်လ်ဆီးတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ဂိုးသွင်းယူပေးခဲ့ပြန်တယ်။ ချယ်လ်ဆီးရဲ့ကစားကွက်တည်ခင်းပုံ၊ တည်ဆောက်ပုံ၊ ကစားသမားတွေရဲ့တစ်ဦးချင်းစွမ်းဆောင်ရည်၊ အုပ်စုဖွဲ့စွမ်းဆောင်ရည်အားလုံး ပြည့်စုံခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ မန်ယူကတော့ အရန်ကစားသမားတချို့နဲ့အတူ အားနည်းတဲ့လူစာရင်းကို အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ ရလဒ်ဆိုးတော့မှ လူစုံပြန်ထုတ်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက အရေးကြီးနေတဲ့အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ မဆိုနိုင်ပေမယ့် ဒီပွဲကို ရှုံးဖို့အတွက် အရေးကြီးတဲ့အချက်တော့ဖြစ်ခဲ့တယ်။

myan789

ချယ်လ်ဆီးရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးလိုက်သလိုဖြစ်သွားတယ်။ သူတို့ရဲ့ ယုံကြည်မှုကျဆင်းသွားတယ်။ ကွင်းလယ်ကစားသမားတွေရဲ့ ပွဲအပေါ် သက်ရောက်မှု ကွာခြားလွန်းခဲ့တယ်။ မန်ယူကစားသမားတွေက ဘောလုံးကိုင်ကစားရုံလောက်ပဲ တတ်နိုင်တဲ့အချိန်မှာ ချယ်လ်ဆီးကွင်းလယ်လူတွေက အသင်းကို ကောင်းကောင်းမောင်းနှင်ခဲ့တယ်။ တစ်သင်းလုံးကို ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဗာချစ်-ဂျော်ဂျင်ဟို-မေဆန်မောင့်တို့က မောင်းနှင် သွားခဲ့ပြီး ခံစစ်ကို ပူးပေါင်းတယ်။ တိုက်စစ်ကို ကူညီတယ်။ မန်ယူကွင်းလယ်နဲ့ တိုက်စစ်လမ်းကြောင်းကြားကို ပိတ်ဆို့ထားခဲ့ပြီး Space တွေ ပျောက်ဆုံးအောင်လုပ်တယ်။ တစ်ဖက်မှာ မန်ယူက ဘာမှ မဆိုင်ဘဲ ၃-၄-၁-၂ ကို ထသုံးပြီး တောင်ပံတွေ ပျောက်ဆုံးနေတာက ကိုယ့်သေတွင်းကိုယ်တူးသလိုပဲ။ ကိုယ့်အားသာချက်ကို ကိုယ်ရိုက်ချိုးသလိုဖြစ်သွားတယ်။ ကွင်းလယ်မှာ ကျပ်ညပ်နေပြီး Wing Back အတွဲချင်းယှဉ်ရင်လည်း ချယ်လ်ဆီး က မားကို့စ်အလွန်ဆိုနဲ့ ရီးစ်ဂျိမ်းစ်တ်ို့က ဝမ်ဘစ်ဆာကာ-ဘရန်ဒန်ဝီလျံစ်တို့ထက် ဒီပုံစံကို ပိုကျွမ်းကျင်ပါတယ်။

ဆိုးလ်ရှားက လူချန်တာမှန်ပေမယ့် ကွင်းထဲမှာကစားနေတဲ့ Plan ကို ပြောင်းရလောက်အောင် ချန်ခဲ့တာတော့ တော်တော်မှားတယ်။ ဒါကြောင့် ဒီလိုရလဒ်ထွက်လာတာလို့လည်း ပြောလို့ရတယ်။ ဒီကြားထဲ ဒီဟေးယားရဲ့ အမှားတွေကလည်း မန်ယူရှုံးဖြစ်အောင်ရှုံးဖို့ မီးထိုးပေးနေသလိုပဲ။ ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို (၄၅+၁၁)မိနစ်မှာ ဂျရူးကဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းယူခဲ့ပြီး၊ ဒီဟေးယား အားနည်းတယ်။ ဒုတိယဂိုးက ဒုတိယပိုင်းအစမှာပဲ မေဆန်မောင့် ဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့တယ်။ ဒီဟေးယား ညံ့တယ်။ တတိယဂိုးက မက်ဂွိုင်းရား Own Goal သွင်းခဲ့တယ်။ မန်ယူအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် (၈၅)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် က ပယ်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular