ဒီရာသီမှာ ယူနိုက်တက်တို့ အဆင့် ဘယ်လောက်နဲ့ ရာသီ ကုန်ဆုံး နိုင်မလဲဆိုတာ ခန့်မှန်း သုံးသပ်လိုက်တဲ့ အလန်ရှီးယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဘောလုံး ပွဲစဉ်တွေ ရပ်နားပြီး ပြန်လည် စတင် ခဲ့တဲ့နောက် ရလဒ်ကောင်း တွေကို ဆက်တိုက် ရယူ နိုင်ခဲ့ပြီး ပြိုင်ဖက် ချဲလ်ဆီး ၊ လက်စတာ စီးတီး အသင်း တွေကို ကျော်ဖြတ်ကာ အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် 2020 – 21 ဘောလုံး ရာသီသစ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ အဆင့် 3 နေရာ အောက်သာ ရာသီ ပိတ်သိမ်း နိုင်လိမ့်မယ်လို့ ထင်မှတ် နေကြောင်း နယူးကာဆယ် အသင်း ရဲ့ ဂန္ဓဝင် အလန်ရှီးယား က သုံးသပ် သွားခဲ့လိုက် ပါတယ် ။

myan789

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကစားသမား ခေါ်ယူခွင့် ပိတ်ပင် ခံခဲ့ ရတဲ့ အပြင် အဓိက ကစားသမား ဖြစ်သူ အီဒင် ဟာဇက် ကိုပါ ဆုံးရှုံးခဲ့ ရတဲ့ ချဲလ်ဆီး အသင်းဟာ ဒီနွေမှာ တီမို ဝါနာ ၊ ကိုင်ဟဗာ့ဇ် ၊ ဟာကင် ဇီယက်ချ် ၊ ဘန်ချီဝဲလ် ၊ မလန်ဆား နဲ့ သီယာဂို ဆေးလ်ဗား တို့ကို ခေါ်ယူပြီး ကြီးမားတဲ့ အပြောင်းအလဲ တွေကို လုပ်ဆောင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေဂျက်ဇ် အသင်းမှ နယ်သာလန် လက်ရွေးစင် ဘန်ဒီ ဘိခ် တစ်ဦးတည်း ကိုသာ ခေါ်ယူ ထားနိုင်ခဲ့ပါ သေးတယ် ။ လက်ရှိ အချိန် မှာတော့ ယူနိုက်တက် တို့ဟာ ဒေါ့မွန် အသင်းမှ အင်္ဂလန် လက်ရွေးစင် ဂျေဒန် ဆန်ချို ကို ခေါ်ယူဖို့ ကြန့်ကြာ နေဆဲပဲ ဖြစ်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံးခါနီး တုန်းက ပုံစံကောင်းတွေကို ပြသရင်း အမှတ်ပေး ဇယားမှာ အဆင့် 3 နေရာ နဲ့ ရာသီ ကုန်ဆုံး စေနိုင် ခဲ့တဲ့နောက် ပိုကောင်းတဲ့ အရာ တွေကို ဒီရာသီမှာ ပိုင်ဆိုင် နိုင်ဖို့ မျှော်လင့် နေကြပါ လိမ့်မယ် ”

” ဒါပေမယ့် လက်ရှိ အနေအထားတွေ အရတော့ ပြီးဆုံး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းကထက် ပိုသာတဲ့ နှစ် တစ်ခုကို ပိုင်ဆိုင် နိုင်ရေး ဆိုတာက သူတို့ အတွက်တော့ ပိုပြီး ခက်ခဲ နေပါ လိမ့်မယ် ။ ယူနိုက်တက် အသင်းဟာ စိန်ခေါ်မှု တွေကို လုပ်ဆောင် နိုင်ဖို့ အထိ အင်အား တောင့်တင်း နေတယ်လို့ ကျွန်တော် မထင်မိ ပါဘူး ”

” ဒွန်နီ ဗန်ဒီ ဘိခ် ကို ခေါ်ယူ ခဲ့တဲ့နောက် သူတို့ နောက်ထပ် ကစားသမား 1 ဦး 2 ဦးလောက် ခေါ်မယ်လို့ ကျွန်တော် မျှော်လင့်မိ ပါတယ် ။ အကယ်လို့ ဂျေဒန် ဆန်ချို ကိုသာ ခေါ်ယူ ရရှိ နိုင်မယ် ဆိုရင်တော့ သူတို့ရဲ့ ပရိသတ် တွေဟာ ပိုပြီး စိတ်လှုပ်ရှားတဲ့ ဘောလုံး ရာသီ တစ်ခုကို မျှော်လင့် နိုင်ကြပါ လိမ့်မယ် ”

” ယူနိုက်တက်တို့ ဆန်ချိုကို မခေါ်နိုင်ခဲ့ရင်တောင်မှ စောင့်ကြည့်ဖို့ ကောင်းတဲ့ အသင်းအဖြစ် ရှိနေ ပါလိမ့်ဦးမယ် ။ ကျွန်တော် ကတော့ သူတို့ရဲ့ ဂိုးပေါက် ဘယ်သူ ကာကွယ်မလဲ ဆိုတာကို စိတ်ဝင်စား နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တွေဟာ ဒီဂီယာ နဲ့ ဟန်ဒါဆန် အကြား စစ်မှန်တဲ့ တိုက်ပွဲဝင်မှု တွေကို မြင်တွေ့ ကြရ လိမ့်မယ်လေ ”

” ဒီတစ်ကြိမ် မှာတော့ မန်စီးတီး အသင်းဟာ ချန်ပီယံ ဖြစ်နိုင် လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်း နေပါတယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ ဈေးကွက်ဟာ အောက်တိုဘာလ 5 ရက်နေ့မှ ပိတ်မှာ ဆိုတော့ ဒါတွေကို ကြိုတင် ခန့်မှန်းဖို့ ဆိုတာက အရမ်းပဲ ခက်ခဲ နေပါလိမ့် ဦးမယ် ”

” ကစားသမား တစ်ဦး ၊ နှစ်ဦး လောက်ကို ထပ်မံ ခေါ်ယူ လိုက်ခြင်းဖြင့် ကြီးမားတဲ့ အပြောင်းအလဲ တွေကို ဖြစ်စေ နိုင်ပါ့ မလားလို့ မေးမြန်း ကြမယ် ဆိုရင် ကျွန်တော် ကတော့ မန်ချက်စတာ ယူနိုက်တက်တို့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူ ခဲ့တဲ့ ကိစ္စကို သက်သေအဖြစ် ထောက်ပြ လိုက်မှာပါ ” လို့ အလန်ရှီးယား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular