ဒီရာသီမှာ ပြည်တွင်း ဖလား 4 လုံး စလုံးကို သိမ်းပိုက်ထားပြီ ဖြစ်တဲ့ PSG

အသင်းရဲ့ အဓိက တိုက်စစ်မှုး အမ်ဘာပေ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ပီအက်စ်ဂျီ ဟာ နောက်ထပ် ဖလား တစ်လုံးကို ထပ်မံ သိမ်းပိုက် သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ Coupe de la Ligue ဖလား ဗိုလ်လုပွဲမှာ လီယွန် အသင်းကို အကြိတ်အနယ် ကစားပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ လီယွန် အတွက် လာမယ့် ဘောလုံးရာသီ ယူရို ပါလိဂ် ဖလား ဝင်ခွင့် မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ၊ ဂါစီယာ ရဲ့ အသင်းသားတွေဟာ အကောင်းဆုံး ပုံစံတွေ နဲ့ ပြင်ဆင်လာခဲ့ကြပါတယ်။

myan789

သာမန် ပွဲကစားချိန် နဲ့ အချိန်ပိုတွေ မှာ တစ်ဖက်နဲ့ တစ်ဖက် သွင်းဂိုးတွေ ရှာဖွေ နိုင်ခဲ့ခြင်း မရှိလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရပါတယ်။ ပင်နယ်တီ ကန်သွင်းရာမှာလဲ ပထမ 5 လုံးစီ အထိ နှစ်ဖက်စလုံး က အမှားအယွင်း မရှိ ကန်သွင်းခဲ့တာကြောင့် ပိုပြီးတော့ စိတ်လှုပ်ရှားစေခဲ့ပါတယ်။

အထူးသဖြင့် ပီအက်စ်ဂျီ ဂိုးသမား နာဗက် ဟာ လီယွန် ရဲ့ ပင်နယ်တီ ကန်သွင်းချက် 2 လုံးလောက်ကို နေရာယူ မှန်မှန် နဲ့ ကာကွယ်နိုင်မယ့် အနေအထားမျိုးတွေ ရှိခဲ့ပေမယ့် ၊ တစ်ဖက်က ကန်ချက်တွေ ပြင်းလွန်းလို့ မခံချိ မခံသာ နဲ့ ဖြစ်နေခဲ့တာပါ။

ဆဌမမြောက် ပင်နယ်တီမှာတော့ သူဟာ ဘာထရန်း ထရာအိုရေး ရဲ့ ကန်ချက်ကို မိမိရရ နဲ့ ကာကွယ်ပြလိုက်ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဆရာဘီးယား ကလဲ သူ့ရဲ့ ပင်နယ်တီကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာကြောင့် ၊ ဒီရာသီ 4 ကြိမ်မြောက် ဆုဖလားကြီးကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီညအတွက်တော့ ပီအက်စ်ဂျီ ရဲ့ သူရဲကောင်းဟာ ရီးရဲ မက်ဒရစ် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား နာဗက် ဖြစ်သွားခဲ့ပါတယ်။

ပီအက်ဂျီ နည်းပြ တူချယ် ကတော့ ပရိသတ်တွေ ဆီကို လှည့်ကာ လက် 4 ကြောင်းထောင်ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ ဒီရာသီမှာ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုများ –
• လီဂူး ဖလား
• ပြင်သစ် စူပါ ဖလား
• Coupe de la Ligue ဖလား
• Coupe de France ဖလား တွေ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဟာ နောက်ဆုံး ကစားခဲ့တဲ့ 6 ရာသီ အတွင်း ပြည်တွင်း ဖလား 4 လုံး စလုံးကို 4 ကြိမ် အထိ သိမ်းပိုက် ထားနိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ ပါတယ်။

ဒါကြောင့် လက်ကျန် ရာသီ အချိန်မှာတော့ သူတို့ အသင်းဟာ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ အတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် မဲခွဲထားတဲ့ လမ်းကြောင်းကို ကြည့်လိုက်မယ် ဆိုရင်လဲ သောမတ် တူချယ် အတွက် နောက်ထပ် ဗိုလ်လုပွဲကြီးဆီ တက်လှမ်းနိုင်ဖို့ အတွက်ဟာ အတားအဆီးတွေ အများကြီး မရှိဘူးလို့ ပြောရမှာပါ။ ကွာတား ဖိုင်နယ် အဆင့်မှာ အတ္တလန္တာ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ၊ အဲဒီပွဲကိုသာ အနိုင်ရမယ် ဆိုရင် အကြိုဗိုလ်လုပွဲမှာ တွေ့ဆုံဖို့ အတွက် လိုက်ပ်ဇစ် (သို့) အေတီကို တို့ထဲ က တစ်သင်းသင်း နဲ့ အကြိုဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် PSG ဟာ ဒီရာသီ မှာ သမိုင်းဝင် အောင်မြင်မှုမျိုး ဖြစ်တဲ့ ဖလား 5 လုံး အထိ ဆွတ်ခူးသွားနိုင်မလား ဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

လီယွန် အတွက်တော့ ဒီနှစ်ရာသီ သာ ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲခဲ့ဖူး ဆိုရင် ၊ လာမယ့် ဘောလုံးရာသီ အတွက် ဥရောပ ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ အသင်းအတွက် 21 ရာစုမှာ ပထမဆုံး အကြိမ် ဥရောပ ဘောလုံးရပ်ဝန်း ကနေ ကင်းကွာသွားတဲ့ မှတ်တမ်းဆိုး တစ်ခုကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။

PSG ရဲ့ နိုင်ပွဲ နဲ့ အတူ ကြားထဲကနေ အောင်ပွဲ ခံသွားတဲ့ အသင်းကတော့ လီဂူးဝမ်း အမှတ်ပေးဇယား 6 အဆင့် 6 နေရာမှာ ရပ်တည်နေတဲ့ ရီးမ် အသင်းဖြစ်ပါတယ်။ သူတို့ဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ် ကစားခွင့် ရရှိသွားတော့မှာပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular