ဒီနှစ် UEFA Player of the Year ဆုကို ဘယ်သူဆွတ်ခူး သွားနိုင်မလဲ ?

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ဆုပေးပွဲ နဲ့ ၂၀၂၁ – ၂၂ ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲ ကို မနက်ဖြန် မှာ ပြုလုပ် ကျင်းပ သွားတော့မှာပါ ။ အဲ့ဒိ ပွဲမှာ UEFA က ဆုပေါင်း များစွာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပေမယ့် အားလုံး ကတော့ အကောင်းဆုံး အမျိုးသား ဘောလုံးသမား ဆုကိုသာ အဓိက စိတ်ဝင်စားလျက် ရှိကြ ပါတယ် ။

ဒီနှစ် မှာတော့ နောက်ဆုံး အဆင့် စကာတင် ၃ ဦး ထဲကို ချဲလ်ဆီး က အန်ဂိုလို ကန်တီ နဲ့ ဂျော်ဂျင်ဟို ၊ မန်စီးတီး က ကယ်ဗင် ဒီဘရိုင်းနား တို့ ပါဝင် ခဲ့ကြပါတယ် ။ ဒါဟာ ဆုပေးပွဲ သမိုင်းတလျောက်မှာ ပထမဆုံး အကြိမ်အဖြစ် ကွင်းလယ်လူ ၃ ဦး နောက်ဆုံး အဆင့်ကို ရောက်ရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

သူတို့ ၃ ဦး ဟာ ကစားတဲ့ နေရာချင်း ကွဲပြား ကြတာကြောင့် စွမ်းဆောင်ရည်ပိုင်း မှာ တဦးနဲ့ တဦး မတူညီ ခြားနားမှုတွေ ရှိနေကြပါတယ် ။ ကယ်ဗင် ဒီဘရိုင်းနား ဟာ ဂိုးသွင်းမှု နဲ့ ဖန်တီးမှု အပိုင်းမှာ ချဲလ်ဆီး ကစားသမား ၂ ဦး ထက် သာလွန် နေပြီး ကန်တီ က ခံစစ်ပိုင်း ဆိုင်ရာ အချက်အလက်တွေ ၊ ဂျော်ဂျင်ဟို ကတော့ ဘောလုံးပိုင်ဆိုင်မှု နဲ့ ပေးပို့မှု အချက်အလက်တွေမှာ အားသာချက်တွေ ရှိနေကြပါတယ် ။

အောင်မြင်မှု အပိုင်းကို ကြည့်မယ် ဆိုရင်တော့ ဒီဘရိုင်းနား က ကန်တီ နဲ့ မတိမ်းမယိမ်း လို့ သတ်မှတ် နိုင်ပေမယ့် ဂျော်ဂျင်ဟို ကိုတော့ အသာစီး မရနိုင် ခဲ့ ပါဘူး ။ ပရီးမီးယားလိဂ် ချန်ပီယံ ဆု နဲ့ ကာရာဘောင် ဖလား တို့ဟာ ချန်ပီယံလိဂ် ဖလားကို ယှဉ်နိုင်ဖို့ မလွယ်ပေမယ့် အရမ်းကြီး ကွာဟမနေဘူးလို့ ပြောနိုင်ပါတယ် ။

ဒါပေမယ့် ချန်ပီယံလိဂ် အပြင် ၄ နှစ် တကြိမ် ကျင်းပတဲ့ ယူရို ၂၀၂၀ ဖလားကြီးကို ရရှိ ထားတဲ့ ဂျော်ဂျင်ဟို ကိုတော့ ဒီဘရိုင်းနား တယောက် မယှဉ် နိုင်ခဲ့ပါဘူး ။ ကန်တီ ရော ဒီဘရိုင်းနား ပါ ယူရို ပြိုင်ပွဲကို ပြင်သစ် ၊ ဘယ်လ်ဂျီယံ တို့နဲ့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ဂျော်ဂျင်ဟို လိုမအောင်မြင် ခဲ့ကြတာကလည်း ဒီဆုပေးပွဲ မှာ အီတလီသား အတွက် အမှတ်တွေ ပိုမို ရရှိဖို့ ဖြစ်လာ နိုင်စေပါတယ် ။

ဒီဆု ဟာ ဥရောပ အတွင်းမှာ ကစားနေတဲ့ ( မည်သည့် တိုက်က ဖြစ်စေ ) ကစားသမားတွေ ရဲ့ တနှစ်တာ အတွင်း ကလပ် နဲ့ နိုင်ငံ အသင်းက စွမ်းဆောင်ရည်တွေ အပေါ် အမှတ်ပေး ရွေးချယ်တဲ့ ဆု ဖြစ်ပါတယ် ။ ဒီဆုကို

( ၁ ) Euro 2020 မှာ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ နိုင်ငံ အသင်း ၂၄ သင်းရဲ့ နည်းပြများ

( ၂ ) ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ချန်ပီယံ လိဂ် နဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် မှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ ကလပ် အသင်းပေါင်း ၈၀ ရဲ့ နည်းပြများ

( ၃ ) ဥရောပ အားကစား မီဒီယာ အဖွဲ့ က ရွေးချယ်ပေးထားတဲ့ ဂျာနယ်လစ် ၅၅ ယောက် တို့ရဲ့ မဲပေးမှုတွေ ကနေ အမှတ်အများဆုံး ရရှိသူ ၃ ဦး ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အမှတ်ပေး ရာမှာတော့ ပထမ နေရာ အတွက် ၅ မှတ် ၊ ဒုတိယ နေရာ အတွက် ၃ မှတ် နဲ့ တတိယ နေရာ အတွက် ၁ မှတ် ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

UEFA ရဲ့ တရားဝင် ဝက်ဘ်ဆိုက် က ပရိသတ် စစ်တမ်း မှာတော့ အန်ဂိုလို ကန်တီ ဟာ ၅၁% နဲ့ ဦးဆောင် နေပြီး ဂျော်ဂျင်ဟို က ၃၀% ၊ ကယ်ဗင် ဒီဘရိုင်းနား က ၉% တို့နဲ့ ရပ်တည် နေတယ်လို့ သိရ ပါတယ် ။ ဒါပေမယ့် ဒါဟာ အပျော်တမ်း စစ်တမ်း ဖြစ်ပြီး တကယ့်စင်မြင့်ပေါ်မှာတော့ အထက်က ဆုံးဖြတ်သူတို့ရဲ့ ရမှတ်တွေကသာ အဓိက ကျသွားမှာပဲ ဖြစ်ပါတယ် ။

ဘယ်သူက ဒီဆုကို ရရှိမလဲ ဆိုတာကတော့ မနက်ဖြန် ညနေမှာ သိရှိရ တော့မှာပါ . . . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular