ဒီနွေရာသီမှာ သီယာဂို အယ်ကန်တာရာ လီဗာပူးကို ရောက်လာနိုင်စရာ အကြောင်းရင်း တစ်ခုထဲပဲ ရှိတယ်လို့ ဆိုလိုက်တဲ့ ဒါးမက်ရှ်

လီဗာပူးနဲ့ သီယာဂို အယ်ကန်တာရာ တို့ရဲ့ အပြောင်းအရွေ့ သတင်းဟာ ဒီနွေရာသီ တစ်လျှောက်လုံး ဆက်လက် ထွက်ပေါ်လျက် ရှိနေ ပေမယ့်လည်း အန်ဖီး ကလပ်ဟာ အခုချိန်ထိ ဘိုင်ယန်မြူးနစ် အသင်းထံ တရားဝင် ချည်းကပ်မှု မလုပ်ရသေး ပါဘူး။ သီယာဂို ကတော့ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စာချုပ်သစ်ကို ငြင်းဆန် ပယ်ချ ခဲ့ပြီး စိန်ခေါ်မှု အသစ်တွေ ရှာဖွေဖို့ အတွက် ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ ကစားချင် နေပါတယ်။

ဒါးမက်ရှ်က မာဆေးဆိုက် ကလပ်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ဝင်ရောက် လာနေပြီ ဖြစ်တဲ့ အသက် ၂၉ နှစ် အရွယ် ကစားသမား အတွက် ဘိုင်ယန်တို့ တောင်းဆို ထားတဲ့ ပြောင်းရွေ့ကြေး ယူရို သန်း ၃၀ ကို ပေးချေ သွားဖို့ ဆန္ဒ မရှိတဲ့ အပြင် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးကို လက်မလွှတ် ရဘူး ဆိုရင် စပိန် ကွင်းလယ်လူ အတွက် လှုပ်ရှားမှု ပြုလုပ် သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက် ပါတယ်။

myan789

ထွက်ပေါ် နေတဲ့ သတင်းများ အရ ကွင်းလယ်လူ ဂျီနီဝိုင်နယ်ဒန်ဟာ လီဗာပူး ကနေ ထွက်ခွာသွားဖို့ ရှိနေပြီး ဘာစီလိုနာဟာ နယ်သာလန် လက်ရွေးစင်ကို ချိတ်ဆက်လျက် ရှိနေတယ်လို့ သိရ ပါတယ်။ အကယ်၍ ဝိုင်နယ်ဒန် အန်ဖီး ကနေ ထွက်ခွာ သွားခဲ့မယ် ဆိုရင် လီဗာပူးဟာ သီယာဂို ကို ခေါ်ယူဖို့ စတင် လှုပ်ရှား သွားဖို့ များနေ ပါတယ်။

စကိုင်းစပေါ့ရဲ့ အပြောင်းအရွေ့ ရေးရာ ကျွမ်းကျင်သူ ဒါးမက်ရှ်ဆိ က “သီယာဂိုဟာ သူ ကလပ် ကနေ ထွက်ခွာချင်ကြောင်းကို ဘိုင်ယန်မြူးနစ်ကို ပြောထား ခဲ့တာ ရှင်းလင်း ပါတယ်။ ဘိုင်ယန်ဟာ နောက်ဆုံးမှာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပါတယ်။ သူဟာ ဒီစာချုပ်ကို လက်မှတ် မထိုးရန် ဆုံးဖြတ်ချက် ချခဲ့ပြီး အခု ဆိုရင် သူဟာ လာမည့် နွေရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ် အသင်းထံ စိန်ခေါ်မှု အသစ်တွေ ရှာဖွေ လိုကြောင်း အသိပေး ခဲ့ပြီး လူတော်တော်များများ ကလည်း သူ ပရီးမီးယားလိဂ် ကို ပြောင်းလာမယ်လို့ ယူဆနေကြ ပါတယ်။ အထူးသဖြင့် လီဗာပူး ကိုပေါ့။ ပြီးတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ ကလည်း စိတ်ဝင်စား နေပါတယ်။ ဒါဟာ သူ့အတွက် နောက်ထပ် ရွေးချယ်စရာ တစ်ခုပေါ့။

လီဗာပူး ဘက်က စိတ်ဝင်စားမှု ရှိနေပေမယ့် အခု ကျွန်တော်တို့ နားလည် ထားတာ ကတော့ လက်ရှိ အပြောင်းအရွေ့ ပုံပြင်တွေဟာ ဂျာမနီ ဘက်ကပဲ ထွက်ပေါ်နေ ခဲ့တာပါ။ လီဗာပူးဟာ အခုထိ သူ့အတွက် လှုပ်ရှားမှု မလုပ်ရသေး ပါဘူး။ အကယ်၍ သူတို့ လှုပ်ရှားမှု လုပ်သွားမယ် ဆိုရင်တောင် ကွင်းလယ်လူ တစ်ဦး ထွက်ခွာ သွားတဲ့ အပေါ်မှာ မူတည် နေပါတယ်။

အမှန်ပါပဲ။ လူတော်တော်များများက ဂျီနီဝိုင်နယ်ဒန်ဟာ ရော်နယ်ကိုးမန်း နဲ့ အတူ ဘာစီလိုနာမှာ သွားရောက် ပူးပေါင်းလိမ့်မယ်လို့ ယူဆ နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရထားတဲ့ သတင်းကတော့ ဘာစီလိုနာဟာ ဝိုင်နယ်ဒန်ကို ခေါ်ယူဖို့ တအား စိတ်ဝင်စား နေပေမယ့် သူ့အတွက် တရားဝင် ချည်းကပ်မှု မလုပ်ရသေးပါဘူး။

ဒါပေမယ့် လီဗာပူးဟာ လာမည့် ၉ လ ၁၀ လ မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား အတွက် ယူရို သန်း ၃၀ ပေးချေ သွားဖို့ လုံး၀ မရှိပါဘူး။ သီယာဂိုဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ကျရင် အကြို သဘောတူစာချုပ် ချုပ်ဆိုလို့ ရပြီ ဖြစ်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဂျာမန် မီဒီယာတွေ ဘက်ကတော့ လီဗာပူးကို သူ့ကို ဒီနွေရာသီမှာ အလို ရှိနေတယ် ဆိုပြီး ပြောနေကြ ပေမယ့် လီဗာပူး ဘက်က ကြည့်ရင် လာမည့် နွေရာသီ အထိ စောင့်ဆိုင်းသွားနိုင်တဲ့ option ရှိနေပါတယ်။ လီဗာပူးတို့ သီယာဂိုကို အခု ချက်ချင်းကြီး ခေါ်ယူသွားဖို့ အရေးတကြီး မလိုအပ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular