ဒီနေ့ည ပွဲမှာ ယူနိုက်တက် တို့ ဘယ်လို ပွဲထွက်မလဲ

မန်ချက် စတာ ယူနိုက်တက် ဟာ ဒီကနေ့ ည မှာတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် ရဲ့ ဒုတိယမြောက် ပွဲစဉ် အဖြစ် ဂျာမန် ကလပ် RB လိုက်ပ်ဇစ် ကို အိမ်ကွင်း အိုးထရက် ဖိုဒ့် မှာ လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။ ဒီ ၂ သင်း ဟာ ပွဲစဉ် ၁ ကို အနိုင် ရရှိ ထားကြ တာကြောင့် ယခု ည ပွဲ ကို အနိုင် ရတဲ့ အသင်း ဟာ အုပ်စု ပထမ နေရာ ကနေ ကျန် အသင်းတွေ ကို အနည်းဆုံး ၃ မှတ် အသာ နဲ့ ဦးဆောင် သွားနိုင် မှာပဲ ဖြစ် ပါတယ် ။

လူငယ် နည်းပြ နာဂယ်စ်မန်း ဦးဆောင် နေတဲ့ လိုက်ပ်ဇစ် ဟာ မနှစ် က ရာသီ တုန်းက ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့် အထိ ရောက်ခဲ့ သလို နောက်ဆုံး ကစား ခဲ့တဲ့ ၉ ပွဲ မှာလည်း ၁ ပွဲသာ ရှုံးနိမ့် ထားခဲ့ ပါတယ် ( ၆ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ) ။ ဒီရာသီ မှာလည်း 7 ပွဲမှာ ၆ ပွဲအထိ အနိုင် ကစားထားပြီး ရှုံးပွဲ မရှိသေးပါဘူး ။

myan789

မန်ချက် စတာ ယူနိုက်တက် အသင်း ကတော့ ဥရောပ ရဲ့ အစဉ်အလာ ကြီးမားတဲ့ အသင်း ဖြစ်ပြီး အောက်တိုဘာ လ အတွင်း ကစားခဲ့ တဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၁၁ ပွဲ မှာ ၁ ကြိမ်သာ ရှုံးနိမ့် ထားခဲ့ ပါတယ် ( ၈ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲ ရှုံး ) ။ အဆိုပါ ၁၁ ပွဲမှာ ၃ ဂိုးသာ ပေးခဲ့ ရပြီး 17 ဂိုးအထိ သွင်းယူ နိုင်ခဲ့ ပါတယ် ။

စပါး ပွဲက အနီကတ် ကြောင့် ပရီးမီးယားလိဂ် မှာ ၃ ပွဲပယ်ခံ ထားရတဲ့ အန်တိုနီ မာရှယ် ဟာ ဒီကနေ့ ည ယူနိုက်တက် တိုက်စစ် ကို ဦးဆောင်လာဖွယ် ရှိပါတယ် ။ မာရှယ် ဟာ PSG နဲ့ ကစား ခဲ့တဲ့ ပွဲမှာလည်း ပါဝင် ထားခဲ့ပြီး ပိတ်ရက် တုန်းက ချဲလ်ဆီး နဲ့ ပွဲ ကိုတော့ အနီကတ် ကြောင့် လွဲချော် ထားခဲ့ ပါတယ် ။

ဒါကြောင့် ဒီကနေ့ ညမှာ ရက်ဖိုဒ့် ၊ မာရှယ် ၊ ဂရင်းဝုဒ် တိုက်စစ် အတွဲ ကို မြင်တွေ့ ရဖွယ် ရှိပြီး ကွင်းလယ် မှာ ဘရူနို ဖာနန်ဒက်စ် ပါဝင်လာဖို့ သေချာ နေပါတယ် ။ ပရိသတ်တွေ စိတ်ဝင်စား ကြတာ ကတော့ ဘယ်သူတွေ က ဖာနန်ဒက်စ် နဲ့ အတူ ပွဲထွက် လာမလဲ ဆိုတာ ကိုပါ ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ကွင်းလယ်လူ ၆ ဦး ရှိနေပြီး ၃ ဦး ဟာ ပွဲစဉ်တိုင်း အရန်လူ ဖြစ်ခဲ့ရ ပါတယ် ။ ပေါ့ဘာ နဲ့ နွေရာသီ က ဝယ်ယူ ထားတဲ့ ဒွန်နီ ဗန်ဒီဘိ တို့ ဟာ ဒီရာသီ မှာ ပွဲ ကစားခွင့် နည်းပါး နေခဲ့ တာကြောင့် နည်းပြ ဆိုးရှား ရဲ့ လူရွေးချယ်မှု အပေါ် ဝေဖန်မှုတွေ ရှိ လာခဲ့ ကြပါတယ် ။

ဆိုးရှား ကတော့ ဒီည မှာ ချဲလ်ဆီး နဲ့ ပွဲ တုန်းကလိုမျိုး ဖရက်ဒ် ၊ တော်မီနေး အတွဲ ကို ပွဲထုတ်လာ မလား ၊ မာတစ် နဲ့ ပေါ့ဘာ တု့ိ ကို ထည့် ကစား မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။ ဗန်ဒီဘိ နဲ့ ပတ်သက်လို့ ကတော့ ယမန်နေ့ က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ ထည့်သွင်း ပြောကြား ခဲ့ပြီး နယ်သာလန် သား အတွက် အခွင့် အရေးတွေ ရှိလာ ပါမယ်လို့ ပြောဆို ထားတာကြောင့် ဒီည ပွဲမှာ မိနစ် အနည်းငယ် ဖြစ်စေ မြင်တွေ့ ရဖို့ ရှိနေ ပါတယ် ။

နောက်တန်း မှာတော့ လုခ်ရှော ၊ မက်ဂွဲယား ၊ လင်ဒီလော့ဖ် နဲ့ ဘစ်ဆာကာ တို့ကိုသာ ဆက်ပြီး သုံးဦးမှာ ပါ ။ ဒီ ခံစစ် ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ပုံစံကောင်း ပြခဲ့ပြီး PSG နဲ့ ပွဲတုန်းကလည်း လင်ဒီလော့ဖ် နဲ့ ဘစ်ဆာကာ တို့ ကောင်းကောင်း ကစားနိုင် ခဲ့ကြပါတယ် ။ တူအမ်ဇီဘီ နဲ့ အဲလက်စ် တဲလက်စ် တို့ ကတော့ အရန်ခုံ မှာ ထိုင်ကြရ မှာပါ ။

ယူနိုက်တက် ပရိသတ်တွေ မျှော်လင့် ထားတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ကို ဆိုးရှား အစောတလျှင် ပွဲထုတ်ဖို့ စိတ်ကူး ထားပုံ မရပါဘူး ။ ဒါကြောင့် ဒီည မှာ ဥရုဂွေး သားကြီး က အရန်လူ အဖြစ် ရှိနေပြီး ဒုတိယပိုင်း ပြီးဖို့ ၁၅ မိနစ် လောက်မှာမှ ဝင်ကစား ရဖို့ ရှိနိုင် ပါတယ် ။

ဒီကနေ့ည မှာ မြင်တွေ့ ရနိုင်တဲ့ မန်ချက် စတာ ယူနိုက်တက် ရဲ့ ခန့်မှန်း လူစာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ရှော
မာတစ် ၊ ပေါ့ဘာ ၊ ဖာနန်ဒက်စ်
ဂရင်းဝုဒ် ၊ မာရှယ် ၊ ရက်ဖိုဒ့်

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular