ဒီည အတွက် ကျွန်တော့ ကို စိတ်ကြိုက် ပျော်ရွှင်ခွင့်ပြုပါဦး ‘ – ဒီရာသီ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် မရသေးခြင်း အပေါ် စိတ်မပူတဲ့ ဂျရူး

ချဲလ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ မနေ့ည က ကစားခဲ့တဲ့ ဆီဗီးလား အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စုဗိုလ် အဆုံးအဖြတ်ပွဲမှာ ဒီရာသီ ဒုတိယမြောက် ပွဲထွက်ခွင့် ကို ရရှိခဲ့ပါတယ် ။

ဒီပွဲမှာ ဂျရူး ဟာ အထူး ခြေစွမ်းပြသခဲ့ပြီး ၊ ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက် သွင်းဂိုးတွေနဲ့ အတူ ပြီးပြည့်စုံတဲ့ ဟက်ထရစ် ကို ရယူနိုင်ခဲ့သလို ၊ ပွဲပြီးခါနီး မိနစ်ပိုင်း အလိုမှာလည်း ပင်နယ်တီ ကနေ နောက်တဂိုး ထပ်သွင်းနိုင်ခဲ့လို့ ၊ စူပါ ဟက်ထရစ် ပါ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

myan789

ဒါဟာ ဂျရူး ကို ချန်ပီယံလိဂ် သမိုင်း တလျှောက် အသက် အကြီးဆုံး ဟက်ထရစ်ရှင် အဖြစ် မှတ်တမ်း ဝင်ခဲ့သလို ၊ ၎င်းရဲ့ ချဲလ်ဆီး ကစားသမား ဘဝ တလျှောက် ဒုတိယမြောက် ပြီးပြည့်စုံတဲ့ ဟက်ထရစ် ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အပတ် ရန်းနက်စ် အသင်း ကို ပြင်သစ်မြေမှာ ရင်ဆိုင်ခဲ့စဉ် က ချဲလ်ဆီး အသင်း ကို ၁၆ သင်း အဆင့် သို့ ရောက်ရှိစေမယ့် အဖိုးတန် သွင်းဂိုး ကို ဂျရူး တယောက် နာကျင် အချိန်ပိုမှာ သွင်းယူခဲ့သလို ၊ အခုတခါမှာလည်း အုပ်စုဗိုလ် နဲ့ နောက်တဆင့် ကို တက်လှမ်းစေဖို့ အတွက်ပါ ၊ perfect super hat-trick နဲ့ ပံ့ပိုးပေးနိုင်ခဲ့ပြန်ပါတယ် ။

ဒီတော့ ဂျရူး ဟာ သေချာပေါက် ပွဲထွက် နံပါတ် ၉ တိုက်စစ်မှူး နေရာ အတွက် တမ်မီ အေဘရာဟမ် ကို ကျော်ပြီး နေရာ ရသင့်နေပြီ ဆိုတာ ရှင်းလင်းနေပါတယ် ။ မနှစ်ကလည်း ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဂျရူး ကို ခေါက်ခဲ့ဖူးပြီး အရေးကြုံတဲ့ အခါမှာ ၊ ဂျရူး ကပဲ ၎င်းကို ကယ်တင်ခဲ့ပါတယ် ။

ဒီတကြိမ်မှာလည်း ဂျရူး ကို လမ်းပတ် ဟာ ဆက်ခေါက်ဖို့ ကြိုးစားခဲ့ပြန်ပြီး ၊ အေဘရာဟမ် ထက် ပွဲကြီးတွေမှာ ဂျရူး က ပိုအားကိုးရတဲ့ အနေအထားမှာ လမ်းပတ် တယောက် ဘယ်လိုတွေ စီစဉ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ဂျရူး ကတော့ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် မရသေးတာ ကို စိတ်မပူသေးပဲ ၊ မန်နေဂျာ စီစဉ်တဲ့ အတိုင်း ဆက်သွားမယ် လို့ ပရော်ဖက်ရှင်နယ် ဆန်ဆန် တုန့်ပြန်ခဲ့သလို ၊ ရခဲ့တဲ့ ပြီးပြည့်စုံတဲ့ စူပါဟက်ထရစ် အတွက် တညတာ သူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ခံစားဦးမယ် လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ် ။

BT Sport ရုပ်သံဌာန နဲ့ ပွဲပြီး အင်တာဗျူး မှာ ဂျရူး က ” ဒီနေ့ ရဲ့ ကြီးကျယ်တဲ့ နိုင်ပွဲ အတွက် ကျွန်တော့ ကို ပျော်ရွှင်စွာ ခံစားခွင့်ပြုပါဦး ။ ဒါပြီးရင်တော့ ကျွန်တော်တို့ ခဏတာ အနားယူပြီး ၊ လာမယ့် ပွဲအတွက် နည်းပြကြီး ဘယ်လို စီစဉ်ထားလဲ ဆိုတာ ကို စောင့်ကြည့်ကြတာပေါ့ ။ “

” ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာ အဝေးကွင်း ၄ဂိုးပြတ် နိုင်ပွဲ ရခြင်း ဟာ အမြဲတမ်း ကြီးကျယ်တဲ့ ခံစားချက် ကို ဖြစ်စေပြီး ၊ ဒီနေ့ပွဲမှာ အသင်းလိုက် စွမ်းဆောင်ရည် ကလည်း အထူး ကောင်းမွန်ခဲ့ပါတယ် ။ ကျွန်တော် တို့ရဲ့ တိုက်စစ် ထိုးဖောက်ပုံ က အရမ်း ထိရောက်မှု ရှိခဲ့ပါတယ် ။ “

” ဒါဟာ ကြီးမားတဲ့ သက်ရောက်မှု ကို ဖြစ်စေပါတယ် ။ အထူးသဖြင့် ၄ဂိုးသွင်းနိုင်ခဲ့တဲ့ ကျွန်တော့ အတွက် အရမ်း ကောင်းခဲ့ပါတယ် ။ ခင်ဗျားတို့ ခေါ်ဝေါ်ကြတဲ့ ပြီးပြည့်စုံတဲ့ ဟက်ထရစ် ဆိုတာ လွန်ခဲ့တဲ့ ၂နှစ်က ယူရိုပါလိဂ် မှာ ဒိုင်နမိုကိဗ် ကို ဟက်ထရစ် သွင်းခဲ့တုန်းကမှ သိခဲ့တာပါ ။ “

” ပြီးပြည့်စုံတဲ့ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ခံစားချက် ? အရမ်း ကောင်းပါတယ် ။ ဒါပေမယ့် ဒီ ဟက်ထရစ် ရဖို့ ကျွန်တော့ ကို ပံ့ပိုးပေးခဲ့တဲ့ ဖန်တီးမှုတွေကလည်း တကယ် ကောင်းခဲ့ပါတယ် ။ ဒီ အသင်း ကို အောင်မြင်စေဖို့ ၊ ကျွန်တော် ဟာ တတ်နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစား ပေးဆပ်နေဦးမှာပါ ။ “

” ဒီ ကလပ် သမိုင်းကြောင်း ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ရတာ ကျွန်တော့ အတွက် ဂုဏ်ယူစရာ ဖြစ်သလို ၊ ကျွန်တော် တို့ဟာ ဘောလုံး ကစားရင်းနဲ့ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ ဖြစ်ပါတယ် ။ ဒီတော့ ဒီနေ့ပွဲမှာ အသင်း အတွက် ကျွန်တော် သွင်းဂိုး ၄ဂိုးနဲ့ အတူ ကူညီပေးနိုင်ခဲ့လို့ ကျေနပ် ပျော်ရွှင်ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular