“ ဒီစတီဖာနို ၊ ပီလီ ၊ မာရာဒိုနာ ၊ ချိုဟန် ခရိုတ်ဖ် တို့ ကစားပုံကို မြင်ဖူးပါတယ် ဒါပေမယ့် မက်ဆီ က အကောင်းဆုံးပါ” ဘိုချာ မက်စ်ခီယို

အသက် 87 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟောင်းကြီး ဘိုချာ မက်စ်ခီယို ကတော့ သူ့ရဲ့ ကစားသမားဘဝမှာ ဘောလုံး လောကရဲ့ ကြီးကျယ် ခမ်းနားဆုံး ဘောလုံးသမားကြီးတွေ နဲ့ ရင်ဆိုင် ကစားခဲ့ဖူးတယ်လို့ ဆိုလိုက်ပြီး ၊ အဲဒီ ကစားသမားတွေ အားလုံးထက် မက်ဆီ က ပိုပြီးတော့ ကောင်းတယ်လို့လဲ အခိုင်မာ ပြောဆိုသွားခဲ့ပါတယ်။

အထူးသဖြင့် ဘောလုံး လောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမားကြီးတွေ လို့ တင်စားထားတဲ့ မာရာဒိုနာ နဲ့ ပီလီ တို့ထက်တောင် ပိုကောင်းတယ်လို့ သူက ဆိုလိုက်ပြီး ၊ မက်ဆီသာ အကောင်းဆုံးလို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

myan789

မက်ဆီ ဟာ လက်ရှိမှာတော့ ဘလွန်းဒီအော်ဆု ကြီးကိုတောင် 6 ကြိမ် အထိ ဆွတ်ခူးထားခဲ့ပြီး ၊ ရွှေရောပ ရွှေဖိနပ်ဆု ကိုလဲ စံချိန်တင် 6 ကြိမ် အထိ ရယူထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါ အကောင်းဆုံး ကစားသမား ဆု ကို 6 ကြိမ် ၊ လာလီဂါ ရွှေဖိနပ်ဆုကိုလဲ 7 ကြိမ် အထိ စံချိန်တင် မှတ်တမ်းတွေ နဲ့ ရယူထားသူ ဖြစ်ပါတယ်။

ဘိုချာ မက်စ်ခီယို ကတော့ “ ကျနော် က ဒီစတီဖာနို ၊ ပီလီ ၊ မာရာဒိုနာ ၊ ဂျိုဟန် ခရိုတ်ဖ် တို့ရဲ့ ကစားပုံတွေကို မြင်ဖူးပါတယ် ဒါပေမယ့် မက်ဆီ က အကောင်းဆုံးပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ ကစားသမားကြီးတွေထဲက တစ်ချို့ကို ဆိုရင် ၊ ကျနော် ကိုယ်တိုင်တောင် ရင်ဆိုင် ကစားခဲ့ဖူးတာပါ။ ဒါကြောင့်မို့ ထပ်ပြီး ပြောပါမယ် ၊ မက်ဆီ သာလျှင် ထာဝရ အကောင်းဆုံး ကစားသမားပါ။

သူတို့လဲ သူတို့ရဲ့ အကောင်းဆုံး အချိန်တွေတုန်း ကတော့ သျှမ်းသျှမ်းတောက်တွေပါ။ ဒါပေမယ့် ဒီဘက်ခေတ် ဘောလုံးလောကရဲ့ တိုးတက်မှုတွေက အများကြီးကို ကွာခြားသွားခဲ့ပါပြီ။ မက်ဆီ သွင်းယူးထားတဲ့ ဂိုးအရေ အတွက်ကိုပဲ ကြည့်လိုက်လေဗျာ ။

မက်ဆီ က ကွင်းထဲမှာ အများကြီး ပြေးလွှားနေတဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံး က သူခြေထဲ ရောက်လာပြီ ဆိုရင်တော့ သူ့ အလုပ်ကို ပီပီပြင်ပြင် လုပ်ပြသွားတော့တာပါပဲ။ သူ့လို တည်တည်ငြိမ်ငြိမ်လေး နဲ့ ကစားတတ်တဲ့ ဘောလုံးသမားမျိုးကို ကျနော်ဖြင့် လုံး၀ ကို မမြင်ဖူးဘူးဗျာ။

တစ်ခြား ဘောလုံးသမားတွေကို ဘောလုံး ကိုယ့်ခြေထဲ ရှိပြီ ဆိုတာ နဲ့ နည်းနည်းလေးတော့ အရှိန်သပ်ပြီး ကစားကြပါတယ် ။ မက်ဆီ ကတော့ ပြောင်းပြန်ပါ။ ဂိုးတွေ သွင်းပြဖို့ သူ့မှာ ပြာယာ ခတ်နေစရာ မလိုပါဘူး” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ဘိုချာ မက်စ်ခီယို ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ 1957 ခုနှစ် မှာ ကိုပါ အမေရိကား ဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကလပ် ကစားသမား ဘ၀ အအောင်မြင်ဆုံး ဖြစ်ခဲ့တာတော့ ရေးဆင်း ကလပ် နဲ့လို့ ပြောရမှာပါ။

သူဟာ ရေးဆင်း ကလပ်ကို ကိုပါလီဘာတေးဒိုးစ် ဖလား ၊ အင်တာ ကွန်တီနန်တယ် ဖလား နဲ့ အာဂျင်တီးနား ပြည့်တွင်း ဖလားတွေ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular