ဒီဂီယာ ခဏနားပြီး ဟန်ဒါဆင် ကို အခွင့်အရေးပေးသင့်ပြီလို့ ပြောဆိုလာတဲ့ ရွိုင်ကင်း

မန်ချက် စတာ ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကင်း က သူ ဟာ လက်ရှိ ယူနိုက်တက် နံပါတ် ၁ ဂိုးသမား ဒေးဗစ် ဒီဂီယာ အပေါ် အလွန် အမင်း နှစ်သက်မှု မရှိဘူးလို့ ပြောဆို ခဲ့သလို ဂိုးတွေ ဆက်တိုက် ပေးနေရ ချိန်မှာ ခဏ အနားယူပြီး လူငယ် ဂိုးသမားလေး ဟန်ဒါဆင် ကို နေရာပေး သင့်ပြီ လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒီဂီယာ ဟာ စနေနေ့ က ပွဲမှာ ဒူးဒဏ်ရာ ရရှိပြီး ဟန်ဒါဆင် နဲ့ လူစားလဲခဲ့ရ ပါတယ် ။

ဆောက်သမ်တန် ကို ၃ – ၂ နဲ့ အနိုင် ကစား ခဲ့တဲ့ ပွဲရဲ့ ပထမပိုင်း မှာ ဒီဂီယာ ဟာ တည်ကန် ဘော ၂ ကြိမ် ကနေ ၂ ဂိုး ခွင့်ပြု ခဲ့ရ ပါတယ် ။ ဂျိမ်းဝက် ပရောက် ရဲ့ ဖရီးကစ် ကန်ချက်ဟာ ကောင်းမွန် ခဲ့ပေမယ့် ရွိုင်ကိန်း ကတော့ ဒိဂီယာ အနေနဲ့ ဒီလို အလုံးမျိုး ကို ခွင့်ပြု နေရတာ များပြီ ဖြစ်ကြောင်း အပြစ်တင် ခဲ့ ပါတယ် ။

myan789

ဒီဂီယာ ဟာ အဆိုပါ ဖရီးကစ် ကို ကာကွယ်ရင်း ဂိုးတိုင် နဲ့ တိုက်မိ ခဲ့တဲ့ ဒဏ်ရာ ကြောင့် ဒူးနာ သွားခဲ့ပြီး ဒုတိယပိုင်း အစ မှာ ဟန်ဒါဆင် နဲ့ လူစားလဲ ခဲ့ ပါတယ် ။ ကြားသိရ တဲ့ သတင်းအရ ဒီဂီယာ ရဲ့ ဒူးဒဏ်ရာ ဟာ မြန်မြန် ပျောက်ကင်းဖို့ မသေချာဘဲ ဗုဒ္ဓဟူးနေ့ ညမှာ ကစားမယ့် PSG နဲ့ ပွဲကိုလည်း ဟန်ဒါဆင် သာ ဆက်လက် တာဝန်ယူ ရဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ရွိုင်ကင်း ကတော့ ဒီဂီယာ ဟာ ဒီဘက်နှစ်တွေ မှာ ယူနိုက်တက် ကို အမှတ်တွေ အများကြီး ဆုံးရှုံး စေမယ့် အမှားတွေ ကို ပြုလုပ် မိခဲ့ကြောင်း နဲ့ အခုလို ဒဏ်ရာ ရသွားချိန် မှာ အနားယူပြီး ဟန်ဒါဆင် ကို အခွင့်အရေး ပေးထား သင့်တယ်လို့ စနေနေ့ ညက ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ကတော့ ဒီဂီယာ ရဲ့ အမာခံ ပရိသတ် မဟုတ်တာ သေချာ ပါတယ် ။ သူက ကျွန်တော် ကြိုက် ရ လောက်အောင် လုံလောက်တဲ့ သူ မဟုတ်ပါဘူး ။ သူက ယူနိုက်တက် ရဲ့ လစာ အများဆုံးပါ ၊ အလေးပေးမှု လည်း အများဆုံး ရထား ပါတယ် ။ ဒါပေမယ့် သူ ပြန်ပေးဆပ် နေပုံကတော့ လုံလောက်မှု မရှိပါဘူး”

“ဒီဘက်နှစ် တွေမှာ သူ့ရဲ့ အမှားတွေက မန်ချက်စတာ ယူနိုက်တက် ကို အမှတ်တွေ အများကြီး နစ်နာ စေခဲ့ ပါတယ် ။ အရည် အသွေး မကောင်းတဲ့ နောက်တန်းကြောင့် လို့ တစ်ခါ တရံ ကာကွယ်ပေးလို့ ရပေမယ့် သူကိုယ်တိုင် လည်း မှားတဲ့ အခါတွေ ရှိခဲ့ တာပါ”

“ယူနိုက်တက် မှာ သူ ရနေတဲ့ လစာ ၊ သူ ရနေတဲ့ ခံစားခွင့် တွေနဲ့ ထိုက်တန်အောင် တော့ သူ လုပ်ပြ ဖို့ လိုပါတယ် ။ လူတွေ က သူ ဟာ ကန်ချက်တွေ ကာကွယ်တဲ့ နေရာမှာ ကောင်းတယ်လို့ ပြောကြပါတယ် ၊ ဂိုးသမား တစ်ယောက် အတွက် ဒါက ဘာဆန်းလို့လဲ ၊ ဒါက သူ့တာဝန်လေ ။ ဒါကိုပဲ သူ လက်စွမ်း မှန်မှန် နဲ့ လုပ်ပြ နေဖို့ လိုတာပါ” လို့ ရွိုင်ကင်း က ပြောဆိုခဲ့ ပါတယ် ။

ဆက်လက်ပြီး “အမှား လုပ်မိ ရင်တော့ လူတိုင်း ဝေဖန် ခံရမှာ ပါပဲ ။ ဒီဂီယာ ရဲ့ အမှား တစ်ချို့ က လက်ခံ နိုင်လောက်တဲ့ အဆင့်မှာ မရှိနေ ပါဘူး ။ သူ့ကြည့် ရတာ အရမ်း စိတ်လော တတ်တဲ့ ပုံမျိုးပါ ။ ကျွန်တော့ ကြည့်ဖူးတဲ့ ပွဲတွေ ထဲမှာ သူ အမှားလုပ် မိတာ တွေ မနည်းမနော ပါပဲ”

“အခု သူ ဒဏ်ရာ ရသွား ပါပြီ ၊ သူ့ကို အသင်းက စစ်ဆေး မှာပါ ။ ဆိုးရှား ကတော့ အမြန်ဆုံး ပြန်ကောင်း လာဖို့ မျှော်လင့်တဲ့ အကြောင်းပဲ ပြောမှာ သေချာပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ ဟန်ဒါဆင် ကို မြင်ချင် ပါတယ် ။ PSG နဲ့ ပွဲမှာ သူ ကောင်းကောင်း လုပ်ပြ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ကိန်းက ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဗုဒ္ဓဟူးနေ့ ည မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ အဖြစ် PSG အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး အနိမ့်ဆုံး သရေ ကျရုံ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားနိုင် တော့မှာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ ဝက်စ်ဟမ်း အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား သွားရ မှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular