ဒိုင်နမိုကိဗ် နဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် အတွက် မက်ဆီ နဲ့ ဒီဂျောင် တို့ကို ချန်လှပ်လိုက်ရတဲ့ အကြောင်းအရင်း ကို ရှင်းပြလိုက်တဲ့ ရော်နယ် ကိုးမန်း

ဘာစီလိုနာ အသင်းရဲ့ နည်းပြကြီး ရော်နယ် ကိုးမန်း ကတော့ ဒီတစ်ပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် ၊ ဒိုင်နမိုကိဗ် နဲ့ ပွဲမှာ ဒဏ်ရာပြသနာတွေ နှိပ်စက်လွန်နေမှုကြောင့် ကစားသမား စာရင်းကိုတောင် အရေအတွက်ပြည့် ခေါ်ဆောင်သွားခြင်း မရှိပဲ ၊ 19 ဦးသာ ခေါ်ယူသွားခဲ့ပါတယ်။

ဒါ့အပြင် အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ ၊ ဒီဂျောင် တို့ကိုပါ အနားပေးခဲ့ပြီး ၊ လူငယ် အသင်းက ကစားသမားလေးတွေ အများစုကို အစားထိုး သွားခဲ့ပါတယ်။

myan789

ပီကေး ၊ အမ်တီတီ ၊ အာရူဂျို ၊ ရော်ဘတ်တို ၊ ဘက်စ်ကွက် ၊ ဖာတီ တို့ကတော့ ဒဏ်ရာ ပြသနာ ကိုယ်စီကြောင့် လွဲချော်ခဲ့ရပြီး ၊ ပုခုံး ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေတဲ့ ဒမ်ဘီလီ ကတော့ ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

တရားဝင် ထုတ်ပြန်ထားတဲ့ ကစားသမား စာရင်းမှာ ဆိုရင် Barca B အသင်းက ကစားသမားတွေ ဖြစ်တဲ့ အီနာကီ ပီနာ ၊ အော်စကာ မင်ဂွီဇာ ၊ ဒီလာ ဖူအန်တီ ၊ မက်တီးရပ် ဖာနန်ဒက် တို့ဟာ အသင်းကြီးနဲ့ အတူ ယူကရိန်း ကို လိုက်ပါခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရော်နယ် ကိုးမန်း ဟာ လာလီဂါ မှာ အခြေအနေ သိပ်ပြီ မကောင်းသော်လဲ ၊ ချန်ပီယံလိဂ် မှာတော့ 3 ပွဲ စလုံး အနိုင်ရရှိထားတာကြောင့် ၊ နောက်တစ်ဆင့် ကို တက်ရောက် နိုင်ဖို့ အတွက် ဖိအားကင်းလျှက် ရှိပါတယ်။

ဘာစီလိုနာ ရဲ့ 19 ဦး ကစားသမား စာရင်း
  1. တာစတီ ဂျန်
  2. ဆာဂျီနို ဒက်စ်
  3. အလီနာ
  4. ဂရစ်ဇ်မန်း
  5. ယာနစ်
  6. ဘရိတ်ဝိတ်
  7. ဒမ်ဘီလီ
  8. ရီကွီ ပူအီ
  9. နက်တို
  10. ကော်တင်ဟို
  11. လန်ဂလက်
  12. ပီဒရီ
  13. ထရင် ကာအို
  14. ဂျော်ဒီ အယ်လ်ဘာ
  15. မာသီးယပ် ဖာနန်ဒက်
  16. ဖစ်ပို
  17. အီနာကီ ပီနာ
  18. အော်စကာ မင်ဂွီဇာ
  19. ကွန်နက်

နည်းပြ ရော်နယ် ကိုးမန်း ကတော့ မက်ဆီ နဲ့ ဖရန်ကီ ဒီဂျောင် တို့ဟာ ဒီရာသီမှာ ပွဲစဉ်တိုင်း နီးပါး ပါဝင် ကစားပေးနေရတဲ့ အတွက် အနားပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ အကြောင်းကို အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ ကျနော်တို့ အတွေးမှာက လက်ရှိ အခိုက်အတန့်ဟာ မက်ဆီ နဲ့ ဒီဂျောင် တို့ကို နားရက်ပေးဖို့ အကောင်းဆုံး အချိန်တစ်ခုလို့ ယူဆခဲ့လို့ အခုလို လုပ်ဆောင်ခဲ့တာပါ။ နှစ်ယောက် စလုံးဟာ ပွဲစဉ်အားလုံးကို ပါဝင် ကစားပေးထားရတဲ့ အပြင် ၊ မီးနစ်တိုင်း နီးပါးလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။ နိုင်ငံတကာ ပွဲစဉ် ကာလတွေ ရောက်ရင်လဲ လက်ရွေးစင်အသင်းတွေ အတွက် ကစားပေးရသေး ပြန်တယ်လေ။

မက်ဆီ ဆိုရင် တောင်အမေရိကား လို နေရာမျိုး ကနေ အသွားအပြန် ခရီး လုပ်ရတာ ဖြစ်လို့ ပိုဆိုးပါတယ်။

တစ်ခါတလေမှာ ကစားသမားတွေ ကို ကာကွယ်ပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိ ရေးဆွဲထားတဲ့ ပွဲစဉ် ဇယားက အသက်ရှုချိန်တောင် ကောင်းကောင်း မရပါဘူး။ စနေနေ့ ညဉ့်နက်ပိုင်းမှာ ပွဲ ကစားရတယ် ၊ နောက်တစ်နေ့ ရောက်တာ နဲ့ ချန်ပီယံလိဂ် ခရီးထွက်ရတယ် ၊ အင်္ဂါနေ့မှာ ပြန်ကစားရတယ် ၊ ဗုဒဟူး နဲ့ အိမ်ပြန်ဖိုပ ပြင်ရတယ်။

ဒီလို အနေအထားမှာ ကစားသမားတွေ ကို ကြံ့ခိုင်မှု အပြည့်ဖြစ်နေအောင် ထိန်းဖို့ က တော်တော်လေးကို ခက်ခဲပါတယ်။ ဥပမာ ဆာဂီ ရော်ဘတ်တို ဆိုရင် ပွဲဆက်တွေ များရင်းကနေ ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ပီကေး နဲ့ အန်ဆူ ပါတီတို့ ကတော့ တခြား အကြောင်းပြချက်တွေ နဲ့ပေါ့” လို့ ရှင်းပြသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular