‘ ဒါဟာ တသက်မှ တခါ ရတဲ့ အခွင့်အရေးပါပဲ ‘ – ရီးရဲလ်မက်ဒရစ်နဲ့ မရင်ဆိုင်မီ မန်စီးတီး အသင်းသားတွေထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂွာဒီယိုလာ

ယနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ ပထမပွဲ အဖြစ် အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ အကြိတ်အနယ် ထိပ်တိုက် ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ် ။ ဒီ ၂သင်းဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်နဲ့ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြဖူးပါတယ် ။

၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ၂ကျော့ပေါင်း ရလဒ် ၁ – ၀ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ကာ ၊ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီမှာတော့ မန်စီးတီး က ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ရလဒ် ၄ – ၂ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

myan789

ဒီရာသီ ကွာတားဖိုင်နယ် အဆင့်မှာတော့ မန်စီးတီး ဟာ အက်သလက်တီကို ကို ၂ကျော့ပေါင်း ရလဒ် ၁ – ၀ နဲ့ အနိုင်ရပြီး ၊ ဆီမီးဖိုင်နယ် တက်လာခဲ့ကာ ၊ ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ ချန်ပီယံ ချဲလ်ဆီးကို ၂ကျော့ပေါင်း ရလဒ် ၅ – ၄ နဲ့ အနိုင်ရပြီး ၊ ဒီအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ် ။

မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားခွင့် ရဖို့ ဆိုတာ ရတောင့်ရခဲ အခွင့်အရေး ဖြစ်တာကြောင့် ရတုန်း အခိုက်အတန့်ကို သေသေချာချာ ခံစားဖို့ မန်စီးတီး အသင်းသားတွေထံ မက်ဆေ့ခ်ျ ပေးသွားခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” နားထောင် ၊ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲရဲ့ ဒီအဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂ကျော့တကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ၊ အဲဒီ ၂ပွဲလုံးဟာ အကြိတ်အနယ် ရှိခဲ့ပြီး ၊ အနိုင်အရှုံး ဝေခွဲရခက်ခဲ့ပါတယ် ။ အရှေ့နှစ်တွေမှာလည်း ကျွန်တော်တို့ဟာ ကွာတားကနေ လက်ပြနှုတ်ဆက်ခဲ့ရတာတွေ ရှိပြီး ၊ ဒါတွေဟာလည်း ကပ်ပြီး ပြုတ်ကျခဲ့တာတွေ ဖြစ်ပါတယ် ။ ”

” အမှန်တရား တရပ်က ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုလုံး ဒီလို အဆင့်မျိုး ရောက်ခဲ့ဖူးပါတယ် ။ အုပ်စုအဆင့် ကျော်ဖြတ်မယ် ၊ ဆီမီးဖိုင်နယ်လောက် အထိ တက်မယ် စသဖြင့်ပေါ့ ။ ဒီဖြစ်စဉ်မှာ ပါဝင်ရတာ ကောင်းပါတယ် ။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်မှာတုန်းကလို ဆီမီးဖိုင်နယ်ကို အနည်းဆုံး ရောက်မယ်လို့ ကျွန်တော် ခံစားခဲ့ရပြီး ၊ တကယ်လည်း မျှော်မှန်းတဲ့ အတိုင်း ဖြစ်လာပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်တဲ့အခါတိုင်း ခံစားရတာက ပြိုင်ဖက်တွေဟာ ကမ္ဘာ့အကောင်းဆုံး ကလပ် တသင်း ဖြစ်ခြင်းပါပဲ ။ ကျွန်တော်တို့ အနေနဲ့ ဖိုင်နယ်တက်ချင်ရင် ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ လိုပါတယ် ။ ”

” ဒီ ၂ကျော့လုံးမှာ လုံးဝ ပြီးပြည့်စုံတဲ့ ကစားပုံနဲ့ ပြိုင်ဆိုင်မှုမျိုး ပြသပြီး ၊ ဖိုင်နယ်တက်အောင် ကြိုးစားရပါမယ် ။ တက်မယ်လို့လည်း မျှော်လင့်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အပေါ် ကျွန်တော်တို့ ဘယ်လောက်ထိ လေးစားမှု ထားတယ် ၊ သူတို့ ဘယ်လောက်ထိ အရည်အချင်း ရှိတဲ့ အသင်း ဖြစ်သလဲ ဆိုတာ ပြောနေစရာတောင် မလိုပါဘူး ။ ”

” ကျွန်တော်တို့ဟာလည်း ရီးရဲလ်မက်ဒရစ် ၊ လီဗာပူး ၊ ဗီလာရီးရဲလ်တို့ နည်းတူ ဗိုလ်လုပွဲကို တက်ချင်ကြပါတယ် ။ တချိန်တည်းမှာ ကျွန်တော်ဟာ ပြိုင်ဖက်ကို လုံးဝ လျှော့တွက်မှာ မဟုတ်သလို ၊ ဒါမျိုး ကျွန်တော်တို့ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ။

” ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို အနိုင်ရဖို့ဆိုရင် တခါတလေမှာ ကစားပုံ ဆိုးရွားတဲ့အခါ တသင်းလုံး တစုတစည်းတည်း ဖိအားဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်းပြီး ၊ မိနစ် အနည်းငယ်လောက် ဆက်လက် တောင့်ခံထားဖို့ လိုပါမယ် ။ ”

” ကျွန်တော့ ကစားသမားတွေကိုလည်း ရထားတဲ့ အခိုက်အတန့်မှာ အပြည့်အဝ ခံစားပါ ၊ ဒါဟာ တသက်မှ တခါ ရတဲ့ အခွင့်အရေး ဖြစ်နိုင်ပါတယ် ။ ခင်ဗျား ဘယ်တော့မှ မသိနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular