ဒါဘီ – လိဒ်စ် spygate ကိစ္စနဲ့ ပတ်သက်ပြီး ဘီယယ်ဆာ အပေါ် လက်ရှိ သူ့ရဲ့ သဘောထား ကို အမှန်အတိုင်း ဖွင့်ဟလာတဲ့ #လမ်းပတ်

လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ မန်နေဂျာ ဖရန့် လမ်းပတ် ဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ မှာ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်း မှာ ပထမဆုံး မန်နေဂျာ ရာထူး ကို စတင် လက်ခံခဲ့ပါတယ် ။ အဲ့ဒီ ဘောလုံး ရာသီမှာပဲ လမ်းပတ် ဟာ ဒါဘီ အသင်း ကို ပရီးမီးယားလိဂ် သို့ တန်းတက်လုနီးပါး ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ လူပြောများတဲ့ ကိစ္စ တရပ် နဲ့လည်း ကြုံခဲ့ရပါတယ် ။

ဒါကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် သို့ ပြန်လည် တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက် နဲ့ ဖြစ်ခဲ့ဖူးတဲ အရှုပ်တော်ပုံ တရပ် ဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ် အတွင်း ၊ ဒါဘီ – လိဒ်စ်ယူနိုက်တက် ထိပ်တိုက် ရင်ဆိုင်မယ့် ပွဲမတိုင်မီ မှာ လိဒ်စ်မန်နေဂျာ မာဆယ်လို ဘီယယ်ဆာ က လမ်းပတ် ရဲ့ ဒါဘီ အသင်း လေကျင့်ရေး အစီအစဉ် က ပွဲကြို ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းဖို့ သူလျှို တယောက် ကို စေလွှတ်ခဲ့ပါတယ် ။

myan789

ဒီ အကြောင်း ကို သိသိချင်းမှာ လမ်းပတ် ဟာ ဒေါသပုန်ထခဲ့ပြီး ၊ ဒီ လုပ်ရပ် အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် က ဒီ အရှုပ်တော်ပုံ မှာ လိဒ်စ်ယူနိုက်တက် ဖက်က အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့လို့ ၊ ဒဏ်ကြေး ပေါင် ၂သိန်း ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ် ။

ရာသီကုန်ခါနီးမှာလည်း ဘီယယ်ဆာ က သူဟာ ဒါဘီ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် ကို သာမက ၊ ပြိုင်ဖက် အသင်းတိုင်း ရဲ့ ပွဲကြို ပြင်ဆင်မှု တွေကို ထောက်လှမ်းဖို့ သူလျှိုတွေ အသီးသီး စေလွှတ်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပါတယ် ။ ဒီ ရန်ငြိုးတွေ ဟာ တနှစ်ခန့် ကြာခဲ့ပြီးနောက် ၊ ပရီးမီးယားလိဂ် မှာ နောက်တကြိမ် ပြန်လည် စောင့်ကြည့်ချင်စရာ ဖြစ်လာပါတယ် ။

ဒီတခါမှာတော့ လမ်းပတ် ဟာ ဒါဘီ ထက် အဆများစွာ သာလွန်တဲ့ ချဲလ်ဆီး အသင်း ကို ကိုင်တွယ်နေပြီး ၊ ၎င်းဟာ လိဒ်စ်ယူနိုက်တက် ကို ဒါဘီ အသင်း နဲ့ အတူ ပရီးမီးယားလိဂ် သို့ တန်းတက်ခွင့် လက်မှတ် တစောင် ဖြစ်တဲ့ Play-off ဆီမီးဖိုင်နယ် မှာလည်း ဖြုတ်ချခဲ့ဖူးပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လမ်းပတ် က သူဟာ ဒီ Spygate ကိစ္ဇ အကြောင်း ကို အတိတ်မှာ ထားခဲ့ပြီ ဖြစ်လို့ ၊ ဒါကို ဇာတ်လမ်း ပြန်မစချင်တော့ကြောင်း နဲ့ ဘီယယ်ဆာ အပေါ်မှာ မန်နေဂျာ တဦး နဲ့ တဦး အချင်းချင်း ထားတဲ့ အပြန်အလှန် လေးစားမှုလည်း ရှိကြောင်း ဖွင့်ဟခဲ့ပါတယ် ။

လမ်းပတ် က ” ဒါဟာ အတိတ် က အကြောင်းအရာ ဖြစ်ပါတယ် ။ ဒါကို အကြောင်းပြုပြီး ၊ မနက်ဖြန်မှာ ကစားမယ့် ပွဲအတွက် ပြန်လည် တူးဆွနေမှာ မဟုတ်ပါဘူး ။ ကျွန်တော် ဟာ အရင် ကတည်းက ဘီယယ်ဆာ အပေါ်မှာ နည်းပြ တယောက် အနေနဲ့ လေးစားမှု ပေးထားပြီးသားပါ ။ ဒါဟာ သတင်း တပုဒ် ဖြစ်ဖို့ အတွက် ကြီးကျယ်တဲ့ ဇာတ်လမ်း တခု ဖြစ်ခဲ့တာပေါ့ ။ “

” ဒီ အရှုပ်တော်ပုံ ကို အချိန် အကြာကြီး ဖြေရှင်းခဲ့ကြရပါတယ် ။ အခုတော့ ဒါလည်း မရှိတော့ပါဘူး ။ အခု ကျွန်တော် သူ့ကို ပြန်ကြည့်လိုက်ချိန်မှာ သူဟာ လိဒ်စ် ကို ပရီးမီးယားလိဂ် ကို တန်းပြန်တက်လာအောင် စွမ်းဆောင် ပေးခဲ့တယ် ၊ ဘယ်လောက် တော်လိုက်တဲ့ စွမ်းဆောင်မှုလဲ ? “

” လိဒ်စ် ဟာ ကျွန်တော် ဒါဘီ အသင်း မှာ ရှိခဲ့တုန်းက ရင်ဆိုင်ရ အခက်ခဲဆုံး နဲ့ အင်အား အတောင့်တင်းဆုံး ပြိုင်ဖက် ဖြစ်ခဲ့ပါတယ် ။ ဒီတော့ play-off ဆီမီးဖိုင်နယ် မှာ ဘီယယ်ဆာ နဲ့ လိဒ်စ် ကို ကျော်ဖြတ် အနိုင်ယူပြနိုင်ခဲ့တာ ဟာ ကျွန်တော့ အတွက် အင်မတန်မှ ဂုဏ်ယူစရာ အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ။ “

” အဲဒီ ပွဲကလည်း ဟိုးအတိတ်မှာ ကျန်ခဲ့ပါပြီ ။ အခုအချိန် မှာ လိဒ်စ် ဟာ ပုံစံကောင်း ရနေတဲ့ အသင်းကောင်း တသင်း အဖြစ် ရပ်တည်နေပါတယ် ။ ဒီတော့ သူတို့ကို ဘောလုံး အမြင် ရှုထောင့်ကပဲ ကျွန်တော် မြင်ပေးပါတယ် ။ “

” ( ဘီယယ်ဆာ က spygate ကိစ္စ ဟာ သူ့ရဲ့ နည်းပြ ဘဝ မှာ ကြီးမားတဲ့ သင်ခန်းစာ တခု ဖြစ်ခဲ့တယ် ဆိုတဲ့ မှတ်ချက် အပေါ် ) သူ သင်ခန်းစာ ရခဲ့တာ ၊ မရခဲ့တာ ကျွန်တော့ အလုပ်တော့ မဟုတ်ပါဘူး ။ အမှန်အတိုင်းပဲ ကျွန်တော် ဝန်ခံတာပါ ။ ကျွန်တော် ဒါကိုလည်း ဂရုစိုက်မနေပါဘူး ။ “

” နောက်ပြီး အဲ့ဒီ အဖြစ်အပျက် နဲ့ ပတ်သက်ပြီး ဒီတခေါက် ထိပ်တိုက် ရင်ဆိုင်မှု မှာ အငြိုး နဲ့ တုန့်ပြန်မယ် ဆိုတဲ့ စိတ်လည်း ကျွန်တော့မှာ လုံးဝ မရှိပါဘူး ။ ဒါဟာ ဟိုအဝေးကြီးက အတိတ်မှာ ကျန်ခဲ့ပါပြီ ။ ကျွန်တော် ဟာ ဘီယယ်ဆာ ကို လေးစားတယ် ၊ လိဒ်စ် ကိုလည်း လေးစားပါတယ် ။ ကျွန်တော် လောလောဆယ် အာရုံစိုက်နေတာ က မနက်ဖြန်ပွဲ အတွက် ကိုယ့်အသင်းသား တွေရဲ့ ပွဲကြို ပြင်ဆင်မှုကိုပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular