ဒရော့ဘာ၊ အဂွဲရိုးတို့ တင်ရှိထားသည့် ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ လိုက်မီရန် နီးစပ်နေ

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်သည့် ဒရော့ဘာနှင့် အဂွဲရိုးတို့၏ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို လိုက်မီရန် နီးစပ်နေကြောင်း သိရသည်။

ဆာလာသည် လက်ရှိတွင် လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃၃ ဂိုး အထိ သွင်းယူထားပြီး အင်္ဂလိပ်ကလပ်အသင်း တစ်သင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးအဖြစ် ဒရော့ဘာက ချယ်လ်ဆီးနှင့် အဂွဲရိုးက မန်စီးတီးအသင်းအတွက် ၃၆ ဂိုးစီ သွင်းယူပေးထားခဲ့ခြင်းဖြစ်သည်။

myan789

ဆာလာအနေ ဖြင့် ယနေ့တွင် ဗီလာရီးယဲလ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဟက်ထရစ် သို့မဟုတ် ဆီမီးဖိုင်နယ်နှစ်ကျော့တွင် သုံးဂိုး သွင်းယူနိုင်လျှင် ယင်းစံချိန်ကို လိုက်မီနိုင်မည်လည်းဖြစ်သည်။ ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ရှစ်ဂိုးအထိ သွင်းယူထားသော်လည်း နောက်ဆုံး သုံးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးထားသဖြင့် ဂိုးပေါက်ပြန်တွေ့ရန် ရုန်းကန်ရမည့်အနေအထားရှိနေသည်။

၎င်းသည် ဖေဖော်ဝါရီလ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အင်တာမီလန် နှင့် ၁၆ သင်းအဆင့် ပထမအကျော့တွင် လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးကို နောက်ဆုံးသွင်းယူထားခြင်းဖြစ်သည်။ ဆာလာသည် ၂၀၁၇ နွေရာသီတွင် ရိုးမားအသင်းမှ ပြောင်းရွှေ့လာကတည်းက အသင်း၏အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အသင်းနှင့် ပွဲဦးထွက်ရာသီတွင် ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုးနှင့် ဂိုးဖန်တီးမှု ငါးကြိမ်အထိ ပြုလုပ်ခဲ့ကာ သူ၏ကစားသမားဘဝတွင် ချန်ပီယံလိဂ်၌ အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ရာသီ ဖြစ်ခဲ့သည်။

ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးမည့်အခြေအနေကိုFour Four Two မဂ္ဂဇင်းက မေးမြန်းရာတွင် ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။ “ကျွန်တော်လည်း ဒီလို ယူဆထားပါတယ်။ ဒါပေမဲ့ သူတို့ အသင်းက ထွက်ခွာစေလိုရင်တော့ ကွဲပြားခြားနားတာတွေ ဖြစ်လာနိုင်ပါတယ်။ စာချုပ်က တစ်နှစ်ကျန်ပါသေးတယ်။ တိတိကျကျတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော် ဘယ်လိုဆန္ဒရှိတယ်ဆိုတာ ပရိသတ်တွေ သိပါတယ်”ဟု ဆာလာက ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular