ဒဏ်ရာ ပြဿနာ နဲ့ ပတ်သက်ပြီး သတင်းဆိုး ၁ခု နဲ့ သတင်းကောင်း ၁ခု ထုတ်ပြောလာတဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကြပ် တပွဲ အဖြစ် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို အဝေးကွင်း မှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ လောလောဆယ် အဆင့် ၃ နေရာ မှာ ရပ်တည်နေပေမယ့် ၊ အဆင့် ၅ နေရာ က မန်ချက်စတာ ယူနိုက်တက် နဲ့ ၂မှတ်သာ ကွာဟတဲ့ အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ကန်ဖို့ လိုနေပါတယ် ။

ဒီပွဲ မတိုင်မီ တိုက်စစ် နဲ့ ခံစစ်ပိုင်း မှာ ချယ်လ်ဆီး အသင်း အတွင်း ဒဏ်ရာ ပြဿနာ တွေ မရှိနေပေမယ့် ၊ ကွင်းလယ် ခံစစ် ( အထိုင် ) နေရာ အတွက် ဒဏ်ရာ ပြဿနာ တချို့ နဲ့ ရင်ဆိုင်နေရပါတယ် ။ အဓိက ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တဲ့ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ဝက်ဖို့ဒ် နဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့လို့ အခုအချိန် အထိ ပြန်မကောင်းလာသေးပါဘူး ။

myan789

ဒါ့အပြင် ခရစ်စတယ် ပဲလေ့စ် နဲ့ ပွဲမှာလည်း အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ဒူးဒဏ်ရာ ရခဲ့ပြီး ၊ မနေ့က ဆေးစစ်ချက် တွေ အရ အနည်းဆုံး ၃လ ကနေ ၄လ အထိ အနားယူရမှာ ဖြစ်ကြောင်း ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ အတည်ပြု ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ မနက် ကပဲ ဘီလီ ဂီလ်မာ ဟာ သူ့ရဲ့ ဒူးဒဏ်ရာ အတွက် ခွဲစိတ်မှု ခံယူခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ သူဟာ ခန့်မှန်းခြေ နောက်ထပ် ၃လ ကနေ ၄လ အထိ အနားယူရမှာပါ ။ ကျွန်တော် အပါအဝင် တသင်းလုံး ဒီ ဒဏ်ရာ အတွက် စိတ်ပျက်နေကြသလို ၊ သူ့ကိုယ်သူ လည်း သေချာပေါက် အားမလို အားမရ ဖြစ်မိမှာပါ ။ ”

” မနေ့ကပဲ ဒီ ဒဏ်ရာ နဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ဆီ သွားပြီး အားပေးစကား တွေ ပြောခဲ့ပါသေးတယ် ။ သူဟာ စိတ်ဓာတ် ကြံ့ခိုင်တဲ့ ကောင်လေး တယောက်ပါ ။ ဒါပေမယ့် ဒီ ဒဏ်ရာ က သူ့ကို အကြီးအကျယ် ထိခိုက်စေမှာ သေချာပါတယ် ။ အထူးသဖြင့် လူငယ် ကစားသမား တယောက် အနေနဲ့ လတ်တလော မှာမှ စီနီယာ အသင်း ကို ထိုးဖောက် လာနိုင်တဲ့ ကာလ ဖြစ်နေတာကြောင့်ပါ ။ ”

ဒါပေမယ့် ဒါဟာ ဘောလုံး လောက ရဲ့ အစိတ်အပိုင်း တခုပါပဲ ။ ကျွန်တော် ဒီ အကြောင်း ကို သေသေချာချာ ရှင်းပြခဲ့ပြီး ၊ သူကိုယ်တိုင်လည်း ဒီနှစ် ဘောလုံး ရာသီ အတွင်း အသင်း အတွက် သူ စွမ်းဆောင် ပေးခဲ့တဲ့ အရာတွေ အပေါ် ကျေနပ်နေသင့်ပါတယ် ။ ကျွန်တော်တို့ ကစားသမား တွေ အတွက် က ဒဏ်ရာ ပြဿနာ တွေ အပေါ် သဘာဝ ကျကျ လက်ခံယူဖို့က အလုပ်တခုလိုပါပဲ ။ ”

” ဒီ သင်ခန်းစာ ကို သူ လျင်လျင်မြန်မြန် သင်ယူပါလိမ့်မယ် ။ သူ့ရဲ့ ခံယူချက် က ဒဏ်ရာ ကနေ အမြန် ပြန်လာဖို့ ခွန်အားတွေ ဖြစ်စေပါမယ် ။ ဒါပါပဲ ။ အထူးသဖြင့် သူ့ရဲ့ အသက်အရွယ်လေး နဲ့ ဒီလို စိတ်ထားမျိုး ၊ ကြိုးစားမှုမျိုး ရှိနေတာ က ကျွန်တော့ အတွက်တော့ အံ့သြစရာပါပဲ ။ ဒဏ်ရာ ပြဿနာ ကို ရင်ဆိုင်ရမှာလည်း ဒီလို သဘောထားမျိုး သူ ဆက်ထားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ဒါ့အပြင် သူဟာ ဒီ ဒဏ်ရာ ကာလ ကို ကျော်ဖြတ်ရမယ့် အတောအတွင်း မှာ အရာရာ ကု အကောင်းဆုံး ရင်ဆိုင်ပြမှာ ဖြစ်သလို ၊ အဆိုးတွေကို အားလုံး တွန်းလှန် ကျော်ဖြတ်ပြနိုင်မယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ နောက်ပြီး သူဟာ အမြဲ အားပေးမှုရှိတဲ့ နွေးထွေးတဲ့ မိသားစု အသိုင်းအဝိုင်း ကို ပိုင်ဆိုင်ထားပါတယ် ။ ”

” ကျွန်တော် တို့ကလည်း သူ့ရဲ့ မိသားစုဝင်တွေလိုပါပဲ ။ သူ ဘာပဲဖြစ်ဖြစ် ကျွန်တော် တို့ဟာ သူ့အတွက် အမြဲ ရှိနေမှာပါ ။ ဒဏ်ရာ ရသွားတဲ့ အနေအထား မှာ အကောင်း ဖက်က ကြည့်ရင်တော့ လာမယ့် ရာသီသစ် အစပိုင်း ၊ ဒါမှမဟုတ် ၊ ရာသီကြို ပြင်ဆင်မှု တွေမှာ ပြန်ပါလာဖို့ မျှော်လင့်လို့ ရတဲ့ အချက် ဖြစ်ပါတယ် ။ ဒါကြောင့်မို့ နောက်ထပ် ပွဲတွေ အများကြီး မလွဲဖို့ ကျွန်တော် ကတော့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကန်တေ ၊ ဘီလီ ဂီလ်မာ တို့ ဒဏ်ရာ အသီးသီး ရနေပေမယ့် ၊ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဒဏ်ရာ အသေးစား တခု ရခဲ့တဲ့ မတ်တီယို ကိုဗာဆစ် ကတော့ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လာမှာ ဖြစ်ကြောင်း လမ်းပတ် က ဆိုခဲ့ပါတယ် ။ သို့ပေမယ့် အခြား လူငယ် ခံစစ်မှူး တဦး ဖြစ်တဲ့ ဖီကာယို တိုမိုရီ ကတော့ ကြံ့ခိုင်မှု မပြည့်သေးလို့ ယနေ့ည ပွဲကို လွဲချော်ဦးမှာ ဖြစ်တယ် လို့လည်း သိရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular