ဒဏ်ရာသတင်းများ ၊ ပွဲကြိုပြင်ဆင်မှု နဲ့ အပြောင်းအရွှေ့များ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမာခံ ကွင်းလယ်လူ ကက်စမဲရိုး ဟာ လီဗာပူး ကို ၇ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိသွားတာကြောင့် ကြားရက်မှာ ယှဉ်ပြိုင် ကစားမယ့် ရီးရဲဘက်တစ် နဲ့ ယူရိုပါလိဂ် ပွဲစဉ် ကို လွဲချော်ဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် ဟာ ရိုးမား အသင်းမှာ ကစားနေတဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တမ်မီ အေဘရာဟမ် ကို စောင့်ကြည့် ကင်းထောက် နေတယ်လို့ သိရှိရ ပါတယ် ။

myan789

ဒါ့အပြင် စပါး အသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပါက ဟယ်ရီကိန်း ကို ခေါ်ယူဖို့လည်း စိတ်ကူးထားကြောင်း သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

စပါး အသင်းမှာ ကစားခဲ့ဖူးတဲ့ ခံစစ်မှူးဟောင်း တိုဘီ အယ်ဒါဝီရယ် ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ကနေ အနားယူပြီ ဖြစ်ကြောင်း အသိပေး ကြေညာသွားခဲ့ ပါတယ် ။

ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ ခြေကျင်းဝတ် ဒဏ်ရာကို ခွဲစိတ်ကုသ ရမှာ ဖြစ်တာကြောင့် ၃-၄ လ လောက် အနားယူရမှာ ဖြစ်ပြီး ရာသီ လက်ကျန် ပွဲစဉ် အားလုံးကို လွဲချော်မယ်လို့ PSG အသင်းဘက်က အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဂျက် ဂရီလစ်ရှ် ဟာ နာမည်ကျော် အားကစား အမှတ်တံဆိပ် PUMA နဲ့ တရာသီ ပေါင် ၁၀ သန်းတန် စပွန်ဆာ စာချုပ်ကို ၅ နှစ် ချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ် ။ ဒါဟာ ဂရီလစ်ရှ် ကို စပွန်ဆာကြေး အမြင့်ဆုံးရ ဗြိတိန် ဘောလုံးသမား ဖြစ်လာစေခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် နည်းပြ နာဂယ်စမန်း ဟာ နောက်တန်း ၃ ယောက် ကစားပုံကို PSG နဲ့ ပွဲမှာ ခင်းကျင်းဖို့ ပြင်ဆင် နေပြီး မန်စီးတီး ကနေ အငှားနဲ့ ပြောင်းရွှေ့ လာတဲ့ ကန်ဆယ်လို ကို ချန်လှပ်သွားဖွယ် ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ကနေဒါ အမျိုးသမီး ဘောလုံးအသင်းဟာ အမျိုးသား ဘောလုံးအသင်းနဲ့ တန်းတူ အခွင့်အရေး ရရှိဖို့ ( လုပ်ခ လစာ ၊ ခံစားခွင့် အစရှိသည် ) တောင်းဆိုမှု အောင်မြင်သွားခဲ့ပြီလို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီမှာ ဟယ်ရီ မက်ဂွဲယား ၊ အန်တိုနီ မာစီရယ် ၊ စကော့ မက်တော်မီနေး ၊ ဟန်ဒါဆင် ၊ အဲလက်စ် ၊ အဲရစ် ဘိုင်ယီ တို့ကို ရောင်းထုတ်သွားဖို့ စီစဉ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

ဘရိုက်တန် နဲ့ အေစီမီလန် တို့ဟာ ဖီနာဘာချီ အသင်းမှာ ကစားနေတဲ့ နောက်ခံလူ ဖာဒီ ကာဒီယိုဂလူး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပြီး စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘရန့်ဖိုဒ့် အသင်းဟာ ဖူလ်ဟမ် အသင်းကို ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ဘရန့်ဖိုဒ့် တို့ ဥရောပ ဝင်ခွင့်အနားကို ရောက်ရှိလာခဲ့ပြီး ဖူလ်ဟမ် ကတော့ အဆင့် ၆ က နယူးကာဆယ် ကို ကျော်တက် နိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular