တေ့ာတင်ဟမ် နဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲ အတွက် ဘယ်လို ကြိုတင် ပြင်ဆင်ထားသလဲ ဆိုတာ ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က တော့တင်ဟမ် နဲ့ ကစားရမယ့် လန်ဒန်ဒါဘီ ပွဲဟာ ခက်ခဲ နိုင်ကြောင်း ဝန်ခံလိုက်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသ နိုင်မှသာ အနိုင်ရလိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းဟာ အမှတ်ပေး ဇယား မှာ အထက်အောက် ရပ်တည် နေကြတဲ့ အသင်းတွေ ဖြစ်ပြီး ရမှတ် ကွာခြားချက်ကလည်း ၁ မှတ်သာ ရှိနေပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ငါးပွဲဆက်တိုက် ရှုံးပွဲလုံးဝ မရှိထားဘဲ တော့တင်ဟမိ အသင်းကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပါတယ် ။

myan789

အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အ သင်းတွေလည်း ဖြစ်ပါတယ် ။

ဒီတစ်ပတ် ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဥရောပ ဝင်ခွင့် အတွက် နှစ်သင်းစလုံးဟာ အနိုင် ရလဒ် ရယူ နိုင်ဖို့ အရေးကြီး နေကြပြီး ပထမအကျော့ အမ်းမရိတ်မှာ ကစားခဲ့တဲ့ ပွဲတုန်းကတော့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျထားပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ တော့တင်ဟမ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လန်ဒန် ဒါဘီ အတွက် ဘယ်လို ကြိုတင် ပြင်ဆင်ထားသလဲ ဆိုတာ အခုလို ပြောကြား သွားခဲ့ပါတယ် ။

“ပြီးခဲ့တဲ့ပွဲ အပြီးမှာ ကျနော်တို့ လေ့ကျင့်ခန်း ဆင်းခဲ့ပြီးနောက် တစ်ရက်တာ အနားယူ ခဲ့ပါတယ် ၊ ကျွန်တော်တို့ အသင်း အနေနဲ့ နားရက် မရတာ အတော်ကြာ နေခဲ့ပါပြီ ၊ ဒီတစ်ပတ်တော့ ပြင်ဆင်ဖို့ အတွက် နှစ်ရက် အချိန် ရပါတယ် ။ ကစားသမားတွေ အနေနဲ့ လာမယ့် ပွဲကြီးအတွက်အဆင်သင့် ဖြစ်နေပြီး အာရုံစူးစိုက်မှု အပြည့် ရှိနေဖို့ မျှော်လင့်ပါတယ် ။ ”

” ဒါဘီပွဲတွေမှာ လက်ရှိ ကစားနေတဲ့ ခြေစွမ်းနဲ့ ခြားနားတဲ့ အနေအထားမျိုးကိုလည်း တွေ့ရတတ်ပါတယ် ။ ကျွန်တော်ကတော့ မော် ကို လေးစားမှု အပြည့် ရှိပါတယ် ၊ သူတို့ကို အနိုင်ရဖို့ဆို အဘက်ဘက် က ကောင်းမွန်နေဖို့ လိုအပ်ပါတယ် ၊ တကယ့်ကို ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ ။ ”

” ဒါဘီ ပွဲမှာ ဘာတွေ ဖြစ်ပျက် သွားနိုင်သလဲ ဆိုတာ ကျွန်တော်တို့ မသိ နိုင်ပါဘူး ။ ပွဲအစကတည်းက အသင်း ချစ်စိတ် ၊ ခံယူချက် ပြင်းထန်တတ်ပြီး ဘာမဆို ဖြစ်သွား နိုင်ပါတယ် ၊ ပွဲကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကနေ လုံးဝ ပြောင်းလဲ သွားတာလည်း ဖြစ်တတ်ပါတယ် ။ ဒီလို အခြေအနေမျိုးကို ကျနော်လည်း ကြုံတွေ့ဖူးပါတယ် ၊ အံ့သားသင့်စရာတွေက အမြဲ ဖြစ်နေကြပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular