တူရကီ ကို အစိမ်းလိုက်ဝါးစားပြီး ဂိုးပြတ်နိုင်ပွဲနဲ့ ယူရိုအဖွင့်လှခဲ့တဲ့ အီတလီ အသင်း

ရော်ဘတ်တို မန်စီနီ ရဲ့ အီတလီ အသင်းကတော့ ဒီနှစ် ပြိုင်ပွဲမှာ ရေပန်း အစားဆုံး အသင်းထဲမှာ မပါဝင် ပေမယ့် ဗိုလ်စွဲ နိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေတယ် ဆိုတာကို ယမန်နေ့ ညက ထပ်မံ သက်သေ ပြသွားခဲ့ ပါတယ် ။ ခြေစစ်ပွဲ ၁၀ ပွဲကို ၁၀၀% အနိုင်ရပြီး အောင်မြင် လာခဲ့တဲ့ အီတလီ အသင်းဟာ မနေ့ညက ယူရို အုပ်စု အဖွင့်ပွဲ မှာလည်း နိုင်ပွဲ ထပ်မံ ရရှိခဲ့ ပါတယ် ။

အီတလီ ဟာ တူရကီ အသင်းကို အိမ်ကွင်း ( အိုလံပီကို ) မှာ လက်ခံ ကစား ခဲ့ပြီး ၃ ဂိုးပြတ် အနိုင် ရခဲ့ ပါတယ် ။ ဒါဟာ အီတလီ အတွက် ၂၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစား နိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ စက်တင်ဘာ နောက်ပိုင်း လုံး၀ မရှုံးနိမ့် ထားခဲ့ ပါဘူး ။

myan789

နည်းပြ မန်စီနီ ဟာ ၄-၃-၃ နဲ့ ပွဲထွက် လာခဲ့ပြီး ဝါရင့် ခံစစ်အတွဲ ဖြစ်တဲ့ ချီယာလီနီ နဲ့ ဘူနူချီ တို့က ဒွန်နာရမ်မာ စောင့်ကြပ်တဲ့ ဂိုးပေါက်ရှေ့က တံတိုင်း အဖြစ် ပါဝင်လာခဲ့ ပါတယ် ။ ကွင်းလယ် မှာ ဂျော်ဂျင်ဟို အထူး ခြေပေါ် ခဲ့ပြီး တူရကီ ကွင်းလယ်ကို စိုးမိုးထားခဲ့ ပါတယ် ။ ရှေ့တန်း မှာလည်း အင်ဆစ်ဂနီ ၊ အင်မိုဘီလီ တို့ အကောင်းဆုံး ကစားခဲ့ကြပြီး ၃ မှတ်ကို ထိုက်ထိုက် တန်တန် ရယူ သွားခဲ့ကြပါတယ် ။

ပထမပိုင်းမှာ ဂိုးမရှိ သရေ ကျနေပေမယ့် ဒုတိယပိုင်းမှာ တူရကီ နောက်ခံလူ ဒီမာရယ် ရဲ့ O.G နဲ့ အီတလီ တို့ ဂိုးစရသွားခဲ့ ပါတယ် ။ ဒါဟာ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျောက် အဖွင့်သွင်းဂိုးဟာ ပထမဆုံး အကြိမ် O.G ဖြစ် ခဲမှု အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ အင်မိုဘီလီ ၊ အင်ဆစ်ဂ်နီ တို့က အီတလီ အတွက် ဂိုးတွေ ထပ်သွင်းပြီး ၃-၀ ရလဒ် နဲ့ ပွဲကို အဆုံးသတ် နိုင်ခဲ့ ပါတယ် ။ ဒီပွဲကို BBC ကနေ တင်ဆက်ခဲ့တဲ့ စပိန် ကွင်းလယ်လူဟောင်း ဖာဘရီဂတ် ကတော့ အီတလီ ရဲ့ ခြေစွမ်းကို အလွန်နှစ်သက်ခဲ့ပြီး ဗိုလ်စွဲလောက်တဲ့ အနေအထားမှာ ရှိတယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“ဒုတိယပိုင်းမှာ သူတို့ လုပ်ပြ သွားတာတွေက တကယ် အထင်ကြီး စရာပါ ။ ပထမပိုင်းမှာ ဂိုးမရခဲ့ ပေမယ့် အီတလီ က သူတို့ လုပ်စရာ ရှိတာကို ဆက်လုပ် သွားခဲ့ ပါတယ် ။ အထဲကို နက်နက် ရှိုင်းရှိုင်း ထိုးဖောက်တယ် ၊ ဘောလုံး ရလာရင် မြန်မြန် ရွေ့လျား ခဲ့ကြပါတယ်”

“တူရကီ က ဘောလုံးကို ခြေထဲမှာ ထိန်းမထား နိုင်ခဲ့ ပါဘူး ။ အဆိုးဆုံး ကတော့ တူရကီ ရဲ့ ခံစစ် ကစားပုံမျိုး ပါပဲ ။ ခြေထဲမှာ ဘောလုံးကို ၁၀ စက္ကန့်လောက် ကြာအောင်တောင် ထိန်းမထား နိုင်ဘူး ဆိုရင်တော့ ဒီလို အဆင့်မျိုးမှာ အစိမ်းလိုက် ဝါးစားခံရမှာပါ”

“အင်မိုဘီလီ က အများကြီး မပြေးပါဘူး ၊ ဒါပေမယ့် ပြေးသလောက် အကျိုးရှိ ခဲ့ပါတယ် ။ နီကိုလို ဘာရယ်လာ နဲ့ ဂျော်ဂျင်ဟို တို့ကလည်း တကယ်ကောင်းခဲ့တာပါ ။ အထူးသဖြင့် ဒုတိယပိုင်း မှာပေါ့ ။ ဒီပွဲက အီတလီ အတွက် တကယ် ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်” လို့ ၂၀၀၈ နဲ့ ၂၀၁၂ တွေမှာ ယူရို ဖလားကို ရယူခဲ့ဖူးတဲ့ ဖာဘရီဂတ်စ် က ပြောဆို သွားခဲ့ ပါတယ် ။

ဖာဘရီဂတ်စ် နဲ့ အတူ တင်ဆက် ခဲ့တဲ့ ရီယို ဖာဒီနန် ကလည်း ယူရို ပရိသတ်တွေဟာ အခုချိန်အထိ ရော်ဘတ်တို မန်စီနီ အသင်းရဲ့ အကောင်းဆုံး ပုံစံ ကို မြင်တွေ့ရခြင်း မရှိသေးပါဘူးလို့ ဆိုခဲ့ကာ အီတလီ ဆီကနေ ပိုကောင်းတဲ့ ကစားပုံတွေ ကို မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယား ကတော့ အီတလီ ကစား သမားတွေရဲ့ ဘောလုံး ခြေထဲမှာ မရှိချိန် မှာ လုပ်ဆောင် သွားခဲ့တဲ့ ရွေ့လျားမှုတွေ ၊ နေရာယူ ပုံဖော်မှုတွေကို ကျေနပ် အားရခဲ့ပြီး ဖာဘရီဂတ်စ် ၊ ဖာဒီနန် တို့ နည်းတူ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာ ကောင်းတဲ့ အသင်း တစ်သင်း အဖြစ် လက်ခံ သုံးသပ် သွားခဲ့ ပါတယ် ။

အီတလီ ဟာ လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ဆွစ်ဇာလန် အသင်းနဲ့ ဒုတိယ မြောက် အုပ်စု ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ဇွန်လ ၂၀ ရက်နေ့မှာ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ဝေးလ် အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular