တူညီတဲ့ ရည်ရွယ်ချက်အတွက် ဂွာဒီယိုလာ ၊ ကလော့ နဲ့ ဆိုးရှား တို့ လက်တွဲကြပြီ

လီဗာပူး အသင်း နည်းပြကြီး ယာဂင် ကလော့ နဲ့ မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ တို့ဟာ မန်ချက် စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား အကြံပြု တဲ့ လူ ၅ ဦး လူစားလဲခွင့် အဆိုကို ထောက်ခံ သွားခဲ့ ကြပါတယ် ။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရပ်နား ထားရတဲ့ ဘောလုံး ပွဲတွေ ပြန်စချိန် မှာ လူ ၅ ဦး အထိ လူစားလဲခွင့် ကို ခွင့်ပြု ခဲ့ပေမယ့် ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် မှာ ယခင် စနစ်ဟောင်း ( ၃ ဦး ) ကို ပြန်လည် အသုံးပြုခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ အသင်းကြီး အချို့ ဟာ လူ ၅ ဦး လူစားလဲခွင့် ကို ဆက်လက် အသုံးပြုဖို့ ထောက်ခံ ခဲ့ပေမယ့် ကန့်ကွက်မဲ များခဲ့တာ ကြောင့် ယခင် စနစ် ဟောင်း ကိုသာ ပြန်လည် အသုံးပြုခဲ့ရ ပါတယ် ။ ဒါပေမယ့် စပိန် ၊ အီတလီ ၊ ဂျာမဏီ ၊ ပြင်သစ် နဲ့ အခြားသော ဥရောပ လိဂ်တွေ မှာတော့ လူ ၅ ဦး စနစ် ကို ဆက်လက် အသုံးပြု နေသလို ချန်ပီယံလိဂ် နဲ့ ယူရိုပါ လိဂ် တို့မှာလည်း ဆက်လက် အသုံးပြု ခဲ့ကြ ပါတယ် ။

myan789

ဆိုးရှား ကတော့ လူ ၅ ဦး အထိ လဲခွင့်ပြုမှု ကို ဖျက်သိမ်း လိုက်တာ ဟာ ကစား သမားတွေ အတွက် အကျိုးမရှိ နိုင်ကြောင်း နဲ့ အဆိုပါ စည်းမျဉ်း ကို ပြန်လည် အသက်သွင်းပေး ဖို့ကို အာဆင်နယ် အသင်းနဲ့ ကစားမယ့် ပွဲအတွက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“လူ ၅ ဦး လဲတာကို ကျွန်တော် အပြည့်အ၀ ထောက်ခံ ပါတယ် ။ ဘာလို့ ဒီစည်းမျဉ်း ကို ဆန့်ကျင် မဲပေး ခဲ့ကြ သလဲ ဆိုတာ ကျွန်တော် နားမလည် ပါဘူး ။ ဒီရာသီ ဟာ ပြီးပြီး ခဲ့သမျှ တွေထဲ မှာ အခက်ခဲဆုံး ရာသီပါ ။ ကစား သမားတွေ ရဲ့ ကျန်းမာ ကြံ့ခိုင်မှု ကို ကျွန်တော်တို့ အလေးထား ရပါမယ်”

“ဒီစည်းမျဉ်း ကို ဆန့်ကျင် မဲပေးခဲ့တဲ့ အသင်းတွေ ရဲ့ စိတ်ကူး ကို ကျွန်တော် သဘောပေါက် ပါတယ် ။ ဒါပေမယ့် ပြန်တွေး ကြည့်မယ် ဆိုရင် ဘောလုံး သမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင်ရာ အားဖြည့်ဖို့ အတွက် လုံလုံ လောက်လောက် နားရဖို့ လိုပါတယ် ။ ဒါကြောင့် များများ လဲနိုင်လေ များများ နားရလေ ပါပဲ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ကလည်း ဝက်စ်ဟမ်း နဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ လူ ၅ ဦး လူစားလဲမှု ကို သဘောတူ ထောက်ခံ ကြောင်း နဲ့ ဖြစ်နိုင်မယ် ဆိုရင် ပြန်လည် ပြင်ဆင် ပေးစေလိုကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“အခု အချိန်က ကျွန်တော်တို့ အရင် တုန်းက ကြုံတွေ့ ခဲ့ဖူးတာတွေ နဲ့ လုံး၀ ခြားနား နေပါတယ် ။ ဒါကို ဘယ်သူမှ ရာသီ မစခင် တုန်းက ကြိုမြင် ခဲ့ကြမှာ မဟုတ်ပါဘူး ။ ဒီလို ကြိုမြင် ခဲ့ရင်လည်း လူ ၅ ဦး လဲတာကို ကန့်ကွက် ကြမယ် မထင်ပါဘူး”

“အခြာ လိဂ်တွေ ၊ အထူး သဖြင့် ဥရောပ မှာ လူ ၅ ဦး လဲခွင့်ကို ဆက်သုံး နေတုန်း ပါပဲ ။ ဒါက အများကြီး အားသာချက် ရှိစေ ပါတယ် ။ ဂျာမန် လိဂ် ကိုပဲ ကြည့်ပါ ၊ သူတို့ က ကျွန်တော်တို့ ထက် ပွဲလည်း နည်းတယ် ၊ လူလည်း ၅ ယောက် လဲလို့ ရ ပါတယ် ။ ဒါတောင် ကစားသမားတွေ ရဲ့ ကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး သူတို့မှာ အခက်တွေ့ နေကြပါတယ်”

“ဒီလို ၅ ယောက် လဲကစား ရတာက အသင်းကြီးတွေ ကို အားသာချက် ရစေတယ်လို့ မထင်စေ ချင် ပါဘူး ။ အခု ပြောနေတာ က ကစား သမားတွေ ရဲ့ လုံခြုံ စိတ်ချရမှု အတွက်ပါ” လို့ ကလော့ က ဆိုသွားခဲ့ ပါတယ် ။ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကလည်း ကလော့ ၊ ဆိုးရှား တို့နဲ့ အမြင်တူ ခဲ့ကြောင်း သတင်းစာ ရှင်းလင်း ပွဲမှာပဲ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီစည်းမျဉ်း ကို ပြန်ပြောင်း သင့်ပါတယ် ။ ကျွန်တော် ကတော့ ၁၀၀% ပါပဲ ။ ဒါက ကလပ် အသင်း တစ်ခုတည်း အတွက် မဟုတ်ပါဘူး ။ ဒီရာသီ အစမှာပဲ ဒဏ်ရာ ရတဲ့ ကစား သမား အများကြီးကို မြင်ခဲ့ရ ပါပြီ ။ အသင်း တစ်သင်း ရဲ့ နည်းပြ ( မန်နေဂျာ ) အနေနဲ့ သူတို့ ကို လုံလုံ လောက်လောက် နားစေချင် ပါတယ် ။ ဒါပေမယ့် ပွဲတွေ က နားခွင့် မပေး ပါဘူး ။ ဒါကြောင့် လူ ၅ ယောက် လဲခွင့်ကို ပြန်သုံးသင့် ပါတယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular