တိုက်စစ်မှူး ဘာပေကို နှစ်သက်သော်လည်း ခေါ်ယူရန်ကြိုးပမ်းနေသည့် အသင်းများထဲတွင် မပါဝင်ဟု ကလော့ပ် အတည်ပြု

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က PSG အသင်းနှင့် ယခုရာသီကုန် တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကြယ်ပွင့် တိုက်စစ်မှူး ဘာပေကို ကြိုက်နှစ်သက်သော်လည်း ခေါ်ယူရန်ကြိုးပမ်းနေသည့်အသင်းများထဲတွင် အစိတ်အပိုင်းတစ်ခုအဖြစ် မပါဝင်ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိသေးသူ ဘာပေက ပြီးခဲ့သည့်ရက်ပိုင်းတွင် သူ၏အနာဂတ် အတွက် ဆုံးဖြတ်ချက်ကို ကြေညာရန် နီးစပ်နေပြီဟု ဝန်ခံခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း သို့ သေချာပေါက်ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများက အတိအလင်းဖော်ပြလျက်ရှိသည်။ လီဗာပူးလ်အနေဖြင့် ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် အခွင့်အရေးရှိသော်လည်း လစာငွေမြင့်မား မှုအပါအဝင် အခြားပေးချေရမည့်ငွေပမာဏ မြင့်မားသောကြောင့် လက်လွှတ်ခဲ့ဖွယ်ရှိသည်။

myan789

“တကယ်တော့ကိုင်လီယန်ဘာပေကို ကျွန်တော်တို့ စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ဟာ မျက်စိကန်းနေသူတွေ မဟုတ်ပါဘူး။ ကိုင်လီယန်နဲ့ လီဗာပူးလ်အသင်းအကြားမှာ ဘာဆွေးနွေးမှုလည်း မရှိပါဘူး။ ကျွန်တော်တို့ သူ့ကို ကြိုက်နှစ်သက်ပါတယ်။ သူလိုကစားသမားကို မကြိုက်ဘူးဆိုရင်တော့ ခင်ဗျား ကိုယ်ခင်ဗျား ပြန်မေးခွန်းထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့ကို လက်မှတ်ထိုး နိုင်ဖို့ မလုပ်ဆောင်ခဲ့ပါဘူး။ ဒီတိုက်ပွဲတွေ ကြားမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့လည်း မပါဝင်ခဲ့တာအမှန်ပါ။ တခြားကလပ်အသင်းတွေ ပါဝင်နေပြီး ဒါက ကောင်းပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ် ယောက်ပါ}} ဟု ယာဂန်ကလော့ပ်က သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို တုံ့ပြန်ပြောကြားခဲ့သည်။

မေလ ၁၇ ရက်နံနက်ပိုင်း စပိန်သတင်း များအရ ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအား ခေါ်ယူနိုင်မှုကို မေလ ၂၈ ရက်$ ကစားမည့် လီဗာပူးလ်အသင်းနှင့် ချန်ပီယံ လိဂ်ဗိုလ်လုပွဲပြီးမှသာ အတည်ပြုကြေညာ ဖွယ်ရှိနေကြောင်း သိရသည်။ဘာပေအနေ ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းတွင် တစ်နှစ် လစာအဖြစ် ပေါင် ၂၅ သန်းဝန်းကျင် ရရှိသွား မည်ဟု ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့သည်။  အသင်းသည် ဘာပေ အား ဆက်လက်ထိန်းထားရန်အတွက် ယူရို သန်း ၁၅၀ တန်ကြေးရှိ နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင်ဖြစ်သူ မှာ လာလီဂါသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဘာပေအ နေဖြင့် PSG အသင်းမှ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည့်သတင်းကို လာမည့်ရက်သတ္တပတ် နှစ်ပတ်အတွင်း ကြေညာသွားဖွယ်ရှိသည် ဟု စပိန်ဘောလုံးကျွမ်းကျင်သူ Gulliem Balague က အတိအလင်းဖော်ပြခဲ့သည်။ အပြောင်းအရွှေ့အတွက် ပုံရိပ်အသုံးပြုခအပြင် စာချုပ်နှင့်ဆက်စပ်သည့် အခြားအချက် အချို့သာ အပြီးသတ်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular