တိုက်စစ်ကစားသမားတွေ အသက်ရှူကျပ်ခဲ့တဲ့ပွဲ

ချယ်လ်ဆီး ၀-၀ စပါး

အပြိုင်အဆိုင်တိုက်စစ်ဆင်ကြတဲ့ ပွဲမျိုးမဟုတ်ပေမယ့် နှစ်သင်းစလုံးက Tactically ပိုင်းကိုသေသေချာချာပြင်ဆင်ထားနိုင်ခဲ့တာကို တွေ့ရတယ်။ ကိန်းနဲ့ ဆွန်ကို Space အများကြီးမရအောင် ကွန်တေနဲ့ ချယ်လ်ဆီးခံစစ်က ထိန်းချုပ်နိုင်ခဲ့သလို၊ ဟူဘယက်ဦးဆောင်တဲ့ စပါးကွင်းလယ်ခံစစ်နဲ့ ခံစစ်ကစားသမားတွေကလည်း ချယ်လ်ဆီးကို နေရာလွတ်တွေမရအောင် ကစားသွားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ စပါးကစားတာ ပိုကောင်းပြီး နောက်ပိုင်းမှာတော့ အိမ်ရှင်အသင်းက ပိုကောင်းတယ်။ ဒါပေမဲ့ အပိုင်လို့ ပြောနိုင်တဲ့အခွင့်အရေးတွေကတော့ နှစ်သင်းစလုံးအတွက် ရှားပါးခဲ့တယ်။ မော်ရင်ဟို က ဆွန်ကို သက်ကြီးကစားသမား သီယာဂိုဆေးလ်ဗားနဲ့ တိုက်စစ်ကို လိုက်ရတဲ့ ဘင်ချီဝဲလ်တို့ကြားမှာ နေရာယူခိုင်းပြီး ကစားခဲ့တယ်။ မန်စီးတီးနဲ့တုန်းက အလုပ်ဖြစ်ခဲ့တဲ့နေရာမှာပဲ ဆွန်က နေရာယူပြီး ကစားခဲ့ခြင်းဖြစ်တယ်။

myan789

ဒါပေမဲ့ ဟာရီကိန်း ဘောလုံးရသွားတဲ့အချိန်၊ စပါးကစားသမားတွေ တိုက်စစ်လမ်းကြောင်းကို ထိုးတက်လာရင် ဆွန်က အမြဲတမ်း အကျပ်ထဲကို ရောက်နေပြီး ကိန်းရဲ့ရွေးချယ်မှုဟာ ဂိုးသွင်းစွမ်းရည်နိမ့်တဲ့ သူတွေဆီကိုပဲ ဖြစ်နေတတ်တာကိုလည်းတွေ့ရတယ်။ နောက်တစ်ချက်က စပါးအသင်းတောင်ပံတွေကို ဘောလုံးထုတ်တိုင်းမှာ ချယ်လ်ဆီးကွင်းလယ်လူတွေနဲ့ ခံစစ်ကစားသမားတွေရဲ့ Positioning က အရမ်းကောင်းပြီး၊ စပါးတိုက်စစ်က နောက်ကို ပြန်လန်ကျတာ မျိုးကိုလည်း မကြာခဏ တွေ့ရတယ်။ စပါးကတော့ ဇီယာ့ရှ်၊ ဗာနာ၊ အေဘရာဟမ်ရယ်လို့ မဟုတ်ဘဲ Zonal Defence ပဲ ကစားတယ်။မော်ရင်ဟိုရဲ့အသင်းက ထိုးဖောက်တိုက်စစ်ဆင်ရတာ ခက်ခဲပြီး နေရာလွတ်ရဖို့တောင် ချယ်လ်ဆီးကစားသမားတွေ ရုန်းကန်ရတာမျိုးလည်း တွေ့ရတယ်။ ဒါပေမဲ့ စပါးခံစစ်မှာ ဒီပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးစထွက်တဲ့ ရိုဒွန်က အားနည်းချက်တွေရှိခဲ့ပါတယ်။ အော်ရီယေး၊ ဒိုင်ယာတို့က သူ့ ကို ကူညီကစားပေးသွားပြီး ဟူဘယက်ကလည်း ဘောလုံးလမ်းကြောင်းတွေကို ပိတ်ဆို့နေရာယူထားပုံကောင်းလို့ ရိုဒွန်ရဲ့အားနည်းချက်က သိပ်မပေါ်ခဲ့ဘူး။

ရယ်ဂီလွန်ကစားတာ အားရစရာ ကောင်းသလို၊ တစ်ဖက်မှာ ရီးစ်ဂျိမ်းစ်ရဲ့ဖြတ်တင်ဘောတချို့ကို အေဘရာဟမ် ခေါင်းချော်တိုက်နေတာ ဆိုးတယ်။ သူ့ရခဲ့တဲ့၊ ခေါင်းနဲ့ မီလျက်နဲ့ လွတ်လွတ်သွားတဲ့ ဘောလုံးတွေက ဂျရူးဆိုရင် စပါးအတွက် ပိုကြောက်စရာကောင်းခဲ့မှာ သေချာတယ်။ တစ်ပွဲလုံးမှာ အကောင်းဆုံးအခွင့်အရေးတွေက ပထမပိုင်းမှာ အော်ရီယေးရဲ့ကန်ချက်ကို မန်ဒီ ကာကွယ်ခဲ့တာနဲ့ ဒုတိယပိုင်းမှာ မေဆန် မောင့်ရဲ့ကန်ချက်ကို လိုရစ် ကာကွယ်နိုင်ခဲ့တာတွေလောက်သာ ရှိတယ်။ နာကျင်အချိန်ပိုမှာ ရို ဒွန်ရဲ့အမှားကနေ ဂျရူး အပိုင်အခွင့်အရေးရပေမဲ့ ဘောလုံးထိချက်လွဲလို့ ဟူဂိုလိုရစ်လက်ထဲ ရောက်သွားခဲ့တယ်။ လိုရစ်ကတော့ ထိပ်တန်းအဆင့်ဂိုးသမားဆိုပေမဲ့ အရင်ရာသီတွေတုန်းက ကာကွယ်နိုင်သင့်တာကို မကာကွယ်နိုင်တာ၊ မထင်မှတ်တဲ့အမှားတွေ ကျူးလွန်တတ်တာမျိုး ရှိပေမဲ့ ဒီရာသီမှာတော့ ကိန်းနဲ့ ဆွန်ပြီးရင် အ ကောင်းဆုံးကစားသမားလို့ပဲ ချီးကျူးရမှာဖြစ်ပြီး အန်ဒွန်ဘီလီလည်း ပိုကောင်းလာပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular