တပည့်ဖြစ်သူ ဂျရတ် နဲ့ ရင်ဆိုင်ဖို့ စကော့တလန်ကို ဘင်နီတက် လာပြီ . . .

ရာဖာ ဘင်နီတက် နဲ့ စတီဗင် ဂျရတ် တို့ရဲ့ အကြားမှာ လုံး၀ မေ့ပျောက်လို့ မရတဲ့ အမှတ် တရ ကောင်းတွေ ရှိခဲ့ ကြပါတယ် ။ အဲ့ဒါ ကတော့ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ပါ ။ ဘောလုံး အကျော် အမော်တွေ ပြည့်နှက် နေတဲ့ အီတလီ စီးရီးအေ က ထိပ်သီး ကလပ် အေစီမီလန် ကို ပထမပိုင်း မှာ ၃ ဂိုးပြတ် ရှုံးနိမ့် နေရာကနေ ဒုတိယပိုင်း မှာ ၃ ဂိုး ပြန်လိုက် သွင်းပြီး အံ့ဖွယ် comeback နဲ့ အောင်ပွဲ ခံခဲ့တာကို ဘင်နီတက် ရော ၊ ဂျရတ် ရော ၊ လီဗာပူး ပရိသတ်တွေ ပါ မေ့နိုင်ဦးမှာ မဟုတ်ပါဘူး ။

အခု အချိန် မှာတော့ ဆရာ တပည့် ၂ ယောက်ဟာ ပြိုင်ဘက်တွေ အဖြစ် ပြန်လည် ဆုံတွေ့ ကြပါ တော့မယ် ။ ဘောလုံး သမား ဘ၀ ကနေ နည်းပြ ဘ၀ ကို ကူးပြောင်း လာခဲ့တဲ့ စတီဗင် ဂျရတ် ဟာ စကော့တလန် မှာ ရိန်းဂျားစ် အသင်းကို ကိုင်တွယ်ပြီး အောင်မြင်မှု များစွာ ရယူ နေခဲ့ ပါတယ် ။

myan789

ပြီးခဲ့တဲ့ ပွဲစဉ် မှာ ဂျရတ် ဟာ ရိန်းဂျားစ် နည်းပြ ဘ၀ ပွဲ ၁၅၀ ပြည့်မြောက် သွားခဲ့ပြီး ၉၈ ပွဲနိုင် ၊ ၃၂ ပွဲ သရေ ၊ ပွဲ ၂၀ ရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ ဂျရတ် ရဲ့ ရိန်းဂျားစ် အသင်း ဟာ တစ်ပွဲကို ပျမ်းမျှ သွင်းဂိုး ၂ ဂိုး နဲ့အထက် ရှိပြီး ပေးဂိုးက ၁၀၀ အောက်မှာ ရှိခဲ့ ပါတယ် ။

ဂျရတ် ဟာ ဒီရာသီ မှာ ရိန်းဂျားစ် ကို အဆင့် ၁ မှာ မြဲနေ စေခဲ့ပြီး ဒုတိယ နေရာက အသင်းကို ၂၃ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ ပါတယ် ။ တစ်ချိန်က ထည်ဝါ ခဲ့တဲ့ ရိန်းဂျားစ် ရဲ့ အရောင်အဝါတွေ ဟာ စတီဗင် ဂျရတ် ရဲ့ လက်ထဲ မှာ ပြန်လည် ထွန်းတောက်လာခဲ့ ပါပြီ ။

ဒီလို အချိန် မှာ ရိန်းဂျားစ် ရဲ့ မဟာ ပြိုင်ဘက် ဆဲလ်တစ် ကတော့ အကျဘက် ကို ရောက်လာ ခဲ့ ပါတယ် ။ နောက်ဆုံး မှာတော့ သူတို့ ဟာ ဥရောပ နဲ့ ပြည်တွင်း ပြိုင်ပွဲ တွေမှာ အတွေ့ အကြုံရင့် တဲ့ ၊ ဆုဖလား များစွာ ကို ရယူ ခဲ့ဖူးတဲ့ ဝါရင့် နည်းပြကြီး တစ်ယောက် ကို ခန့်အပ် ခဲ့ပါပြီ ။ သူကတော့ ရာဖာ ဘင်နီတက် ပါပဲ ။

ဘင်နီတက် ဟာ တရုတ် စူပါလိဂ် ကလပ် ဒါလီယန် ပရို အသင်း ရဲ့ နည်းပြ အဖြစ် ကနေ နှုတ်ထွက် လာခဲ့ပြီး နာရီပိုင်း အတွင်းမှာပင် ဆဲလ်တစ် ရဲ့ နည်းပြ အဖြစ် လက်ခံ လိုက်တာ ဖြစ်တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဆဲလ်တစ် ဘုတ်အဖွဲ့ ဟာ လက်ရှိ နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ နီးလ် လန်နွန် ကို ဘင်နီတက်ရဲ့ လက်ထောက် အဖြစ် ဆက်လက် ခန့်အပ် သွားမယ် လို့လည်း သိရ ပါတယ် ။

ဘင်နီတက် ဟာ ဗလင်စီယာ ၊ လီဗာပူး ၊ အင်တာ မီလန် ၊ ချဲလ်ဆီး ၊ ရီးရဲ မက်ဒရစ် ၊ နာပိုလီ တို့လို ဥရောပ ရဲ့ ထိပ်တန်း ကလပ်တွေကို ကိုင်တွယ် ခဲ့ပြီး အမှတ်ပေး ဖလား ၊ ရှုံးထွက် ဖလား ၊ ချန်ပီယံ လိဂ် ၊ ယူရိုပါလိဂ် နဲ့ ကလပ် ကမ္ဘာ့ ဖလား စတဲ့ ဖလား အားလုံးကို ရယူ ခဲ့ဖူးသူ ဖြစ် ပါတယ် ။

ဘင်နီတက် ဟာ ၂၀၁၉ နွေရာသီ မှာ နယူးကာဆယ် အသင်း နည်းပြ အဖြစ် ကနေ ထွက်ခွာပြီး ဒါလီယန် အသင်း မှာ တစ်နှစ် လုပ်ခ ပေါင် ၁၂ သန်း နဲ့ သွားရောက် နည်းပြ ခဲ့တာ ဖြစ် ပါတယ် ။ အဆိုပါ နေရာ ကနေ ယမန်နေ့ က ထွက်ခွာ လာခဲ့ပြီး ဆဲလ်တစ် နည်းပြ ရာထူး ကို လက်ခံ တော့မှာပါ ။

ဆရာ တပည့် ၂ ယောက်ရဲ့ အားပြိုင်မှု ကို စကော့လိဂ် မှာ မြင်တွေ့ ရပါတော့မယ် ။ ရိန်းဂျားစ် နဲ့ အားကောင်း နေတဲ့ ဂျရတ် ကို ဘင်နီတက် ကျော်လွှား နိုင်မလား ဆိုတာ ကတော့ . . . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular