တစ်ပွဲကို 12 ကီလိုမီတာလောက် ပြေးလွှား ကစားပြ နေခဲ့တဲ့ တိုက်စစ်မှူးကို အခြားသူတွေ အတွက် ဥပမာယူစရာ ကစားသမားလို့ ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက ကွင်းထဲမှာ အရှေ့ ၊ အလယ် ၊ အနောက် နေရာ မရွေးပဲ ပြေးလွှား ကစား နေခဲ့ပြီး ကာယပိုင်း ကြံ့ခိုင်မှု ကောင်းမွန်ကြောင်း ပြသ နေခဲ့တဲ့ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ချီးကျူး စကား ဆိုခဲ့လိုက် ပါတယ် ။

အီဒင်ဆန် ကာဗာနီ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လီဂူးဝမ်း ထိပ်သီး PSG အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့ပြီး အသင်း လက်မဲ့ ဖြစ်နေ ခဲ့ချိန် အထောင် တိုက်စစ်မှူး လိုချင် နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိ ခဲ့သူပဲ ဖြစ်ပါတယ် ။

myan789

အဆိုပါ အချိန်တုန်းက ဒဏ်ရာ ပြသနာ တွေကို ရင်ဆိုင် နေခဲ့ ရတဲ့ ကာဗာနီဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင်ပြေ နိုင်ပါ့ မလား ၊ အသက် 33 နှစ် အရွယ် တိုက်စစ်မှူးဟာ ယူနိုက်တက် အတွက် အကျိုးပြု နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်းသံတွေ ထွက်ပေါ် ခဲ့ပါ သေးတယ် ။

ဒါ့အပြင် ယူနိုက်တက် ဖက်မှ တစ်ပါတ် ပေါင် 2 သိန်း အထိ ပေးချေမှု က ထိုက်တန်မှု မရှိကြောင်း ၊ ဒါက ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု မဖြစ် နိုင်ကြောင်း ဝေဖန်သူ တွေလည်း အတော်လေး များခဲ့ ကြပါ သေးတယ် ။ ဒါပေမယ့် အခုတော့ ကာဗာနီ က ဝေဖန်သံ တွေကို တိတ်ဆိတ် စေနိုင်ခဲ့ ပါပြီ ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင် ရောက်ရှိ ခဲ့စဉ် ကတည်းက ကောင်းမွန်တဲ့ ခြေစွမ်း ၊ နေရာလွတ် ရှာဖွေမှု ၊ ဂိုးသွင်း စွမ်းရည် ၊ နေရာယူ ကစားပုံ တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ကွင်းထဲ မခိုမကပ် ကစားပုံ တွေက ယူနိုက်တက် ပရိသတ် တွေရဲ့ ချစ်ခင်မှုကို ရရှိ သွားစေခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ကွင်းထဲ ဆာလောင်မှု အပြည့် ၊ ခေါင်းဆောင်လိုစိတ် အပြည့် နဲ့ ကစားပြ နေခဲ့ သလို အသင်းဖော် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဂရင်းဝုဒ် တို့ အတွက်လည်း လေကျင့်ရေး ကွင်းထဲ စံပြ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ ပါတယ် ။

အခုဆိုရင် ယူနိုက်တက် ပရိသတ် တွေဟာ ကာဗာနီကို ပွဲတိုင်း ကွင်းထဲ မြင်တွေ့ လိုနေကြ ပါပြီ ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဒီလို အသက်အရွယ်မျိုးမှာ တစ်ပွဲကို ပျမ်းမျှ 12 ကီလိုမီတာလောက် ပြေးလွှား ကစားပြ နေခဲ့တဲ့ တိုက်စစ်မှူး ဖြစ်သူရဲ့ ကြံ့ခိုင်မှုကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ ဒီလောက် အသက်အရွယ် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး တစ်ဦးက ကွင်းထဲမှာ တစ်ပွဲကို ပျမ်းမျှ 12 ကီလိုမီတာလောက် အထိ ပြေးလွှား ကစားပြ နေပြီ ဆိုရင် သူဟာ အခြားသူတွေ အတွက် ဥပမာကောင်း ဖြစ်လာ နိုင်ပါတယ် ။ သူဟာ အခြား တစ်ဖက်က ဂိုးသမား ၊ ခံစစ်မှူး ၊ ကွင်းလယ်လူ တွေကို ဖိအားပေး ကစား နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ”

” သူက အချိန်တိုင်း ပြေးလွှား လှုပ်ရှားရင်း ဖိအားပေး နေတတ် ပါတယ် ။ သူဟာ ပွဲတိုင်းကို ဆာလောင်မှု အပြည့်နဲ့ ကစား နေသူ ဖြစ်ပြီး နေ့စဉ် အကောင်းဆုံး ကြိုးစားပြ နေခဲ့ ပါတယ် ။ သူရဲ့ စိတ်နေ သဘောထား ၊ ခံယူချက် တွေက အရမ်းကို ကောင်းမွန် သလို သူဟာ အတွေ့အကြုံ ကြွယ်ဝသူ တစ်ဦးလည်း ဖြစ်ပါတယ် ” လို့ ဆိုးလ်ရှား ချီးမွမ်းလိုက် ပါတယ် ။

လက်ရှိ အချိန် အထိတော့ ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 18 ကြိမ် ကစားပေး ခဲ့ပြီး 5 ဂိုး ထိ သွင်းယူ ပေးထား နိုင်ခဲ့ပါတယ် ။ အခြား တစ်ဖက် မှာတော့ အန်သိုနီ မာရှယ်ဟာ ပုံစံကောင်း ပြသဖို့ ရုန်းကန် နေရတဲ့ အတွက် ကာဗာနီဟာ ရှေ့ဆက် ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် နိုင်ခြေ ရှိနေ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular