ဆွာရက် ရဲ့ အပြောင်းအရွှေ့ ကိစ္စ ကြန့်ကြာနေလို့ ဂျရူး ဘက်ကိုပါ မြှားဦးလှည့်လာတဲ့ ဂျူဗီ

ဂျူဗီ နဲ့ ဆွာရက် တို့ အပြောင်းအရွှေ့ သတင်းဟာ အပြီးသတ်တော့မလိုလို ဖြစ်ခါနီးမှ အလှည့်အပြောင်းတွေ ဖြစ်လာပါတယ်။

အထူးသဖြင့် ဘာစီလိုနာ ဘက်က ရာကီတစ် ကို ရောင်းချခဲ့တဲ့ ပုံစံအတိုင်း ကနဦး ပြောင်းရွှေ့ကြေး ပမာဏ နည်းနည်း နဲ့ စွမ်းဆောင်မှုပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု ကိုပါ ထည့်သွင်းဖို့ ကြိုးစားလာချိန်မှာ ၊ ဂျူဗီ ကလဲ ကစားသမားကို အလွတ်ကြေး သဘောမျိုးနဲ့သာ ခေါ်ယူချင်တယ်လို့ အခိုင်အမာ ဆိုလာတာကြောင့် ၊ အပြောင်းအရွှေ့ ကိစ္စဟာ တန့်သွားပါတယ်။

myan789

ဒီအချိန်မှာ သတင်းတွေက အမျိုးမျိုး ပေါ်ထွက်လာပါတယ်။

ဆွာရက် ကိုယ်တိုင်ကလဲ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားခဲ့တာကြောင့် ၊ စိတ်ပြောင်းပြီး ဘာစီလိုနာမှာ မက်ဆီ နဲ့ အတူ ဆက်ရှိတော့မှာလား လို့ ယူဆနေသူတွေလဲ ရှိပါတယ်။ မက်ဒရစ် အခြေစိုက် သတင်းတွေ ကတော့ ဂျူဗီ ဟာ အေတီကို တိုက်စစ်မှုး မိုရာတာ ကို ယူရို သန်း 50 နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုထားပြီး ၊ အေတီကို က အဲဒီ ကွက်လပ်အတွက် ဆွာရက်ကို ပြန်ပြီး ဖြည့်တင်းသွားမယ်လို့ ရေးသားခဲ့ကြပါတယ်။

ဒါက စပိန်က သတင်းတွေက ရေးတာပါ။

ဂျူဗီ ဟာ မူလ ကတည်းက ဈေးနှုန်း အသက်သာဆုံး ဖြစ်မယ့် တိုက်စစ်မှုးမျိုးကို ရှာနေတာကြောင့် ၊ မိုရာတာက ကစားသမားဟောင်း ဖြစ်သည့်တိုင်အောင် ယူရို သန်း 50 အထိ သုံးစွဲမယ် မထင်ပါဘူး။ ဒါကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ချေ နည်းတဲ့ သတင်းတွေလို့ပဲ ယူဆပါရစေ။

သေချာတာ တစ်ခုက ဆွာရက် ရဲ့ ပတ်စ်ပို့ ကိစ္စကလဲ အဆင်မပြေသေးပါဘူး။ ဂျူဗီ ရဲ့ ကစားသမားစာရင်းမှာ Non-European (ဥရောပ ပြင်ပ) ကစားသမား ထပ်မံ ဖြည့်တင်းလို့ မရတော့သာကြောင့် ၊ ဆွာရက် နဲ့ စာချုပ် ဆိုင်ရာ အချက်အလက် သဘောတူညီမှု ရယူထားသည့်တိုင်အောင် အဓိက ပြသနာကြီး နှစ်ခု က ရှိနေပါတယ်။ ပထမ တစ်ခုက အီတလီ ပတ်စပို့ ကိစ္စ ဖြစ်ပြီး ၊ နောက်တစ်က ဘာစီလိုနာ နဲ့ အကြားက ပြောင်းရွှေ့ကြေး ပမာဏ ကိစ္စပါ။

အဲဒီ အကြောင်းအရင်း နှစ်ခုကြောင့်ပဲ ဂျူဗီ ဟာ အခြား အရံ ပစ်မှတ် တစ်ခုကို မဖြစ်မနေ ရှာဖွေရဖို့ တွန်းပို့ ခံရသလို ဖြစ်နေပါတယ်။

ဆွာရက် ရဲ့ အီတာလျှံ ဘာသာစကား စာမေးပွဲဟာ ဒီကနေ့မှာ ဖြေမယ်လို့ ပြောနေတဲ့ အသံလဲ ကြားရသလို ၊ ရှေ့တစ်ပတ်ထဲမှ ဖြေမယ်လို့လဲ ရေးနေတဲ့ သတင်းတွေ တွေ့ရပါတယ်။

သို့သော် ဂျူဗီ ရဲ့ ဘက်ကတော့ တစ်စုံတစ်ခုများ လွဲချော်သွားခဲ့ရင် ဆိုတဲ့ ပုံစံမျိုး နဲ့ ချဲဆီး တိုက်စစ်မှုး ဂျရူးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အီတလီ သတင်းထောက်တွေ ကတော့ တစ်နှစ်လုပ်ခ ယူရို 4.5 သန်း နဲ့ 2 နှစ် စာချုပ် ချုပ်ကြဖို့ အကြမ်းဖျင်း သဘောတူညီမှုတောင် ရယူထားပြီးပြီ ဆိုလို့ ဆိုပါတယ်။

ချဲဆီး ကတော့ တိုက်စစ်မှုး တီမို ဗာနာ ကို ခေါ်ယူအားဖြည့်ထားသလို ၊ အခြား လူငယ် တိုက်စစ်မှုး ဖြစ်တဲ့ အဗရာဟမ်လဲ ရှိနေတာကြောင့် ၊ ဂျရူး ကို ဆက်ထိန်ထားမလား ၊ရောင်းချမလား ဆိုတာ သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရမှာပါ။ ဂျူဗီ ဘက်ကတော့ ပြင်သစ် တိုက်စစ်မှုး အတွက် ပြောင်းရွှေ့ကြေး ယူရို 5 သန်း ပေးဖို့ အထိ လျာထား ထားတယ်လို့ သိရပါတယ်။

သို့သော် သူတို့ရဲ့ အဓိက ပစ်မှတ်က လူးဝစ် ဆွာရက် ပဲ ဖြစ်နေဆဲ ဖြစ်ပြီး ၊ တစ်စုံ တစ်ခု ချွတ်ချော်သွားမှသာ ဂျရူး ဘက်ကို မြှားဦးလှည့်မှာပါ။

ဟီဂွာအင် ကတော့ လက်ကျန် စာချုပ်သက်တမ်းကို နှစ်ဖက် သဘောတူညီမှု ရယူကာ ဖျက်သိမ်းပြီး ၊ မနေ့ညကပဲ အမေရိကား ကို ထွက်သွားပြီ ဖြစ်ကာ အင်တာ မီယာမီ နဲ့ စာချုပ်ဆိုချိုမှာ ဖြစ်ပါတယ်။

သူဟာ တစ်နှစ် လုပ်ခ ယူရို 7.5 သန်း အထိ ရရှိမှာ ဖြစ်ပြီး ၊ 2022 ခုနှစ် အထိ ဘက်ခမ်းရဲ့ အသင်းမှာ ဆက်ရှိသွားမယ်လို့ သိရသလို ၊ ကစားဖော်ဟောင်း မာတွီဒီ နဲ့လဲ ပြန်လည် လက်တွဲခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular