ဆော်ဒီလိဂ်မှာ ဆုရတဲ့ ရိုနယ်ဒို ၊ FA Cup နောက်တဆင့် တက်တဲ့ စီးတီး ၊ ပြန်ကစားပြီဖြစ်တဲ့ ပေါ့ဘာ တို့နဲ့ . . .

ယမန်နေ့ ညက ကစားသွားခဲ့တဲ့ FA Cup ပဉ္စမအဆင့် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ ဘရစ်စတိုး စီးတီး အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ ပါတယ် ။

စီးတီး အတွက် ဖီးလ် ဖိုဒန် က ၂ ဂိုး သွင်းပေးခဲ့ပြီး ကယ်ဗင်ဒီဘရိုင်းနား က တဂိုး သွင်းပေးခဲ့ ပါတယ် ။

myan789

အခြားပွဲစဉ်တွေမှာတော့ ဘရိုက်တန် က စတုတ် စီးတီး ကို ၁-၀ ၊ ဖူလ်ဟမ် က လိဒ် ကို ၂-၀ တို့နဲ့ အနိုင် ရရှိပြီး ဘလက်ဘန်း ကတော့ ပရီးမီးယားလိဂ် ကလပ် လက်စတာ စီးတီး ကို ၂-၁ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ တိုရီနို အသင်းကို ၄-၂ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ အဆိုပါ ပွဲမှာ ဒဏ်ရာကြောင့် အကြာကြီး နားနေရတဲ့ ယူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာ ဟာ အခု ရာသီရဲ့ ပထမဆုံး ပွဲကို ပါဝင် ကစားသွားခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းမှာတော့ အက်သလက်တီကို မက်ဒရစ် ဟာ ဝုဗ် မှာ ကစားနေတဲ့ ဘာစီလိုနာ အကယ်ဒမီထွက် တောင်ပံ ကစားသမား အာဒမာ ထရာအိုရေး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယံစကီး ဟာ နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားခဲ့တဲ့ ပွဲက မျက်ခုံးအရိုး ကွဲအက် တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် ချီကာ အနားယူရနိုင်တယ်လို့ ကြားသိရ ပါတယ် ။

ဒဏ်ရာကြောင့် အကြာကြီး နားနေရတဲ့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆု ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ် နေပြီ ဖြစ်ပါတယ် ။

ဂျေဆု ဟာ ဆိုရှယ်မီဒီယာမှာ “တဆင့်ပြီး တဆင့်” ဆိုတဲ့ ခေါင်းစဉ် နဲ့ သူ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ပုံကို တင်ခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ကလည်း ဂျေဆု ဟာ ကွင်းထဲမှာ လေ့ကျင့်ခန်းတွေ ပိုမို ပြုလုပ် လာနိုင်ပြီလို့ ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ပဲလေ့စ် အသင်းတို့ဟာ အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ ပွဲစဉ် က ခိုက်ရန် ဖြစ်ပွားမှု အတွက် FA ရဲ့ ပေါင် ၅၅၀၀၀ စီ ဒဏ်ငွေတပ်မှု ကို ခံခဲ့ရ ပါတယ် ။

ပဲလေ့စ် ကတော့ ဒီ ဒဏ်ငွေချမှု ကို လက်မခံဘဲ အယူခံဝင်မယ်လို့ သိရပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း မဲလ်ခီယော့ ကတော့ လက်ရှိ အသင်း နည်းပြ ဂရဟမ် ပေါ်တာ ကို ချက်ချင်း ထုတ်ပယ်ပေးဖို့ တောင်းဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ကမ္ဘာကျော် ပြိုင်ကားမောင်း အဖွဲ့အစည်း ဖြစ်တဲ့ ဖော်မြူလာဝမ်း နဲ့ ၁၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆို သွားခဲ့ ပါတယ် ။

ဒီစာချုပ် အရ စပါး ကွင်းရဲ့ တောင်ဘက် ပွဲကြည့်စင် ထဲကို ဖော်မြူလာဝမ်း ပြိုင်ကားပြေးလမ်း ထည့်သွင်း ဖောက်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၃ ဆောင်းဦးပေါက် အချိန်မှာ ပြီးမြောက်မယ်လို့ သတင်း ကြားသိရ ပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ သူ ကစားနေတဲ့ ဆော်ဒီ လိဂ် အတွက် ဖေဖော်ဝါရီလ အတွက် တလတာအကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူး သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဖေဖော်ဝါရီ ထဲမှာ အယ်လ်နက်ဆာ အတွက် အမှတ်ပေး ၅ ပွဲ ပါဝ် ကစားပြီး ၈ ဂိုးအထိ သွင်းယူပေးထား ခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular