ဆောက်သမ်တန် ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အာဆင်နယ် နည်း​ပြ အာတီတာ ရဲ့လူထုတ်ပုံ အပေါ် ပေါက်ကွဲလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ပေါလ်မာဆင် က ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အားနည်းတဲ့ ကစားသမားတွေကို ပွဲထွက် ကစားစေခဲ့တဲ့ နည်းပြ အာတီတာ ရဲ့ လူထုတ်ပုံကို ပြစ်တင် ဝေဖန် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် နဲ့ ပွဲမှာ နောက်ခံလူ ဂါဘရီယဲလ် ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမူကို ပြန်မချေပနိုင်ခဲ့ဘဲ တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ် နဲ့ ပဲ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် နဲပွဲမှာ အဓိက ကစားသမား အများစု ကို အနား ပေးထားခဲ့ပြီး အရန်လူတွေ ၊ ပွဲထွက် ကစားခွင့် သိင်္ပရတဲ့ သူတွေနဲ့ ပွဲထွက် လာခဲ့ကာ ဒုတိယပိုင်းကျမှ ဆာကာ ၊ လာ​ကာဇက် နဲ့ ပါတေး တို့ကို ထည့်သွင်း ကစားခဲ့ပါတယ် ။

ပေါလ်မာဆင် ကတော့ အာတီတာ ရဲ့ လူထုတ်ပုံကို သဘောမကျကြောင်း Sky Sports မှာ ပြောကြား သွားခဲ့ပါတယ် ။ ” အာတီတာ ဘာတွေ လုပ်နေမှန်း ကျွန်တော် ကိုယ်တိုင်လည်း မသိတော့ပါဘူးဗျာ ၊အာဆင်နယ် က လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ရလဒ်တွေ ဆက်တိုက် ရယူနိုင်မှသာ လိဂ်ချန်ပီယံ ဖြစ်မယ့်အသင်း ၊ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်မယ့် အသင်းပါ ။ ”

” ဒီပြိုင်ပွဲမှာ မနှစ်​က အာတီတာ က အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ဆီမီးဖိုင်နယ် နဲ့ ဖိုင်နယ် ကို ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ရိုးရိုးသားသား ပြောရရင် ကျွန်တော် ယုံတောင် မယုံနိုင်ပါဘူး ၊ ဒီပွဲက ကြားရက်မှာ ကစားရတဲ့ အမှတ်ပေးပွဲထက်တောင် ပိုအရေးပါပါသေးတယ် ။ ”

” သူတို့က တန်းလည်း မဆင်းရနိုင်သလို ထိပ်ဆုံးလေးသင်းထဲလည်း မဝင်နိုင်ပါဘူး ။ အဆင့်ခြောက် အတွင်းမှာပဲ ရာသီသိမ်းပီး ကြာသပတေးနေ့မှာပဲ ယူရိုပါလိဂ် ကစားရမှာပါ ၊
ကျွန်တော့်အတွက်ကတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ကတော့​ ဆောက်သမ်တန် နဲ့ ပွဲမှာ တောင့်တင်းတဲ့ လူစာရင်း နဲ့ ပွဲမထွက်ခဲ့တဲ့ အပေါ် နောင်တရမိသလား ဆိုတဲ့ မေးခွန်းကို ” မထင်ပါဘူး ။ ကျွန်တော်တို့ ဒီလူစာရင်းကလည်း အရမ်း တောင့်တင်းပါတယ် ။ကျွန်တော့် ကစားသမားတွေ အပေါ် ယုံကြည်မှု ရှိပြီး သူတို့ကလည်း ပွဲထွက်ခွင့် နဲ့ ထိုက်တန်ပါတယ် ။ ”

” သူတို့ကလည်း ပွဲတွေအများကြီးမှာ ၊ထိပ်တန်း အသင်းနဲ့ ပွဲတွေမှာ ကစားခဲ့ဖူးသူတွေပါပဲ ၊ ဒါက ဆင်ခြေပေးရမယ့် အရာတော့ မဟုတ်ပါဘူး ။ ပွဲကစားချိန် အတွင်း ကျွန်တော်တို့ တဖြည်းဖြည်းပိုကောင်းလာခဲ့ပြီး အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် ကစားခွင့်ရတဲ့သူတွေက ထိုက်ထိုက်တန်တန် ကစားခွင့်ရတာ ဖြစ်ပြီး အသင်းအတွက် အပြင်းအထန် ကြိုးစား ကစားခဲ့ကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular