ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ဆုံးဖြတ်ချက် အမှားတွေ လုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်လိုက်ပြီး မန်ယူနိုက်တက်နဲ့ နှိုင်းယှဉ်မှု လုပ်သွားခဲ့တဲ့ ကလော့

ယာဂန်ကလော့က မနေ့ညက ဆောက်သမ်တန်ကို ၁-၀ နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးကို ပင်နယ်တီ မပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အန်ဒရီမာရီနာ နဲ့ ၎င်းရဲ့ တွဲဖက်ဒိုင်တွေကို ဝေဖန် ပြစ်တင်သွား ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့က လီဗာပူး အသင်းရဲ့ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို ဒီ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ အကြောင်းပြချက် ပေးလို့ မရဘူးလို့ ဝန်ခံ သွားပါတယ်။

လီဗာပူးဟာ ကစားသမားဟောင်း ဖြစ်သူ ဒန်နီအင့်ရဲ့ ပွဲအစ ၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကို ပြန်လည် မချေပ နိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာ ကစားပုံ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး ဆောက်သမ်တန် နောက်တန်း နဲ့ ဂိုးသမားကို လုံလောက်တဲ့ ဖိအားပေးမှုတွေ မလုပ် နိုင်ခဲ့ပါဘူး။

myan789

ဒုတိယပိုင်းမှာတော့ လီဗာပူးဟာ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ပြိုင်ဘက်ကို ကောင်းကောင်း ဖိအားပေးကာ ချေပဂိုး ရှာဖွေ ခဲ့ပေမယ့်လည်း ဆောက်သမ်တန် ရဲ့ ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ဘဲ ရှုံးနိမ့် သွားခဲ့ပါတယ်။ ဒါ့ကြောင့် ကလော့ရဲ့ အသင်းဟာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့ကာ title race မှာ ပြိုင်ဘက်တွေရဲ့ ကျော်တက်ခြင်းကို ခံရဖို့ နီးစပ်နေတဲ့ အပြင် တိုက်စစ် ကစားသမားတွေ ထက်မြက်မှု ပျောက်ဆုံး နေတာကလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဝိုင်နယ်ဒန် ရဲ့ ကန်ချက်ဟာ ဂျက်စတီဗင် ရဲ့ လက်နဲ့ ထိခဲ့ပေမယ့်လည်း လီဗာပူးတို့ ပင်နယ်တီ ရခဲ့ခြင်း မရှိခဲ့တဲ့ အပြင် ကလော့ကို ပိုပြီး စိတ်ပျက်စေတာ ကတော့ မာနေးကို ဆောက်သမ်တန် နောက်ခံလူ ဝေါ်ကာပီတာ ပင်နယ်တီ ဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့မှု အပေါ် ဒိုင်တွေက ပင်နယ်တီ အဖြစ် မသတ်မှတ်ခဲ့မှုပဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ် အပြီးမှာ ကလော့က “ကျွန်တော်တို့ဟာ ဒီအဖြစ်အပျက်မှာ တကယ် ကောင်းမွန်တဲ့ မြင်ကွင်းမှာ ရှိနေ ခဲ့ပါတယ်။ ကျွန်တော် စတုတ္ထဒိုင်ဆီ ကို ချက်ချင်းသွားပြီး ဒီအဖြစ်အပျက်ကို check လုပ်ခဲ့သလား ဆိုပြီး မေးမြန်းခဲ့ပါတယ်။ သူက ‘ငါတို့ ဒါကို check လုပ်ပြီးပြီ။ ပင်နယ်တီ မဟုတ်ဘူး’ ဆိုပြီး ပြောခဲ့ပါတယ်။ ဒါဟာ ၁၀၀% အမှန်တရားပါ။ သူတို့ ဒီအဖြစ်အပျက်ကို ရှုထောင့် အမျိုးမျိုးကနေ ဘယ်လောက်မြန်မြန် ကြည့်ခဲ့သလဲ ဆိုတာ မသိပေမယ့် သူတို့ ဒါကို ၁၀၀% check လုပ်ခဲ့ပြီး ပင်နယ်တီလို့ မယူဆ ခဲ့ပါဘူး။

ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက လက်စတာ နဲ့ ပွဲစဉ်မှာ ဒီလိုမျိုး ပုံစံနဲ့ ပင်နယ်တီ ရခဲ့တုန်းက လူတစ်ချို့က ဆာဒီယိုမာနေးဟာ လွယ်လွယ်ကူကူ လှဲချတယ် ဆိုပြီး ပြောခဲ့ပါတယ်။ အကယ်၍ ဒီကောင်လေးသာ အလွယ်တကူ လှဲချတဲ့ လူမျိုး ဖြစ်နေမယ် ဆိုရင် နယူးကာဆယ် နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ ပင်နယ်တီ သေချာပေါက် ရခဲ့မှာပါ။ ဒီညမှာ မာနေး အပေါ် အန်ဒရီမာရီနာ လုပ်ခဲ့ပုံတွေဟာ ရိုးရိုးသားသား ပြောရရင် သိပ်ပြီး အဆင်မပြေပါဘူး။

ဒီကောင်လေးဟာ အစွမ်းကုန် ကြိုးစား ကစား ခဲ့ပါတယ်။ ဖရီးကစ်တွေ ရသင့်တဲ့ အခြေအနေတွေ အများကြီးလည်း ရှိခဲ့ပါသေးတယ်။ သူလဲကျခဲ့တဲ့ နောက်ဆုံး အခြေအနေမှာ ဆိုရင် ဝေါ်ကာပီတာဟာ မာနေးရဲ့ ဘယ်ခြေကို ထိမိခဲ့တာပါ။ ဒါဟာ နောက်ထပ် ပင်နယ်တီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုချိန်မှာ ဒါကို ပြောင်းလဲလို့ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။

မာနေးရဲ့ အဖြစ်အပျက်ဟာ မန်ယူနိုက်တက် တို့ အက်စတွန်ဗီလာကို ၂-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပေါလ်ပေါ့ဘာ ပင်နယ်တီ ရခဲ့တဲ့ အခြေအနေနဲ့ ခပ်ဆင်ဆင် ဖြစ်ခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့က “မန်ချက်စတာယူနိုက်တက် အသင်းဟာ အိုလီ ကိုင်တွယ်ခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်းမှာ ကျွန်တော် ဒီမှာ ရှိနေခဲ့တဲ့ ငါးနှစ်ခွဲတာ ကာလအတွင်း ရခဲ့တဲ့ ပင်နယ်တီတွေ ထက်တောင် ပိုများတယ်လို့ ကျွန်တော် အခု ကြားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အမှားလား ဆိုတာတော့ မသိပါဘူး။ ဘာကြောင့် ဒီလိုမျိုး ဖြစ်ခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။

ဒါပေမယ့် ဒီညမှာ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည် အတွက် ဘာမှ အကြောင်းပြချက် ပေးစရာ မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ ပြောင်းလဲ နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အခုချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အတွက် အစွမ်းကုန် အားထုတ် သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular