ဆုဖလားတွေကို စိန်ခေါ်ဖို့ တပည့်ကျော်တွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်ယူနေတဲ့ အန်ဆယ်လော့တီ

အဲဗာတန် ဟာ အန်ဆယ်လော့တီ ရဲ့ လက်ထက်မှာ ဥရောပ ဝင်ခွင့် အပြင် ၊ ဆုဖလားတွေကိုပါ စိန်ခေါ်နိုင်ဖို့ အတွက် ပစ်မှတ်ထားလာနေပြီး ၊ အသင်းကိုလဲ အီတလီသားကြီး စိတ်တိုင်းကျ တည်ဆောက်ခွင့် ပေးလျှက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းကို ရောက်ရှိလာပြီး နောက်ပိုင်း ၊ အန်ဆယ်လော့တီ ဟာ တည်ငြိမ်တဲ့ ကစားကွက် တစ်ခုကို အထိုင်ချနိုင်ခဲ့သလို ၊ ရလာဒ်တွေကလဲ ဆက်တိုက် ကောင်းမွန်ခဲ့တာကြောင့် ၊ ဘုတ်ဖွဲ့တွေအကြားမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ထောက်ခံချက် အပြည့်ပေးထားပါတယ်။

myan789

လက်ရှိ လှုပ်ရှားမှုတွေ အရ အဲဗာတန် ဟာ ကွင်းလယ် ကစားသမား စုဖွဲ့မှုကို အဓိက ထားပြီး ပြင်ဆင်နေတာပါ။ ပထမဆုံး အနေနဲ့ နာပိုလီ အသင်းက ဘရာဇီး လက်ရွေးစင် ကစားသမားကြီး အယ်လန် ကို ပြောင်းရွှေ့ကြေး ပေါင် 22 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု ပမာဏ နဲ့ ခေါ်ယူထားပြီး 3 နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပါတယ်။

အယ်လန်ဟာ ကွင်းလယ် တစ်ကျောမှာ ကြံ့ခိုင်မှုအား ကောင်းကောင်း နဲ့ မာမာထန်ထန် ကစားတတ်သူဖြစ်လို့ ၊ ပရီးမီးယားလိဂ်လို ရုပ်ပိုင်း ဆိုင်ရာ အားပြုလွန်းတဲ့ ပြိုင်ပွဲမှာ ဘယ်လို စွမ်းဆောင်ပြမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နာပိုလီ နဲ့ အတူ လီဗာပူး ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ပရိသတ်တိုင်းရဲ့ အမြင်ကို အတော်ကြီးကို ထင်ရှားစေခဲ့သူပါ။

သူဟာ အန်ဆယ်လော့တီ ရဲ့ လက်အောက်မှာ စုစုပေါင်း 61 ပွဲထိ ကစားခဲ့ဖူးပါတယ်။ နာပိုလီ မှာ လက်တွဲခဲ့ပြီးသား ဖြစ်လို့ နည်းစနစ်ပိုင်း အရတော့ အံ့ဝင်ဖို့ အထူးကြိုးစားစရာ မလိုတော့ပါဘူး။

အယ်လန်ဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာလဲ စုစုပေါင်း 9 ပွဲ အထိ ကစားပေးထားကာ 2019 ကိုပါ အမေရိကား ဖလားကြီးကို ဆွတ်ခူးနိုင်အောင် ကူညီပေးထားပါတယ်။

မနေ့ညကတော့ အန်ဆယ်လော့တီက နောက်ထပ် တပည့်ကျော် တစ်ယောက်ကို ထပ်မံ ခေါ်ယူလိုက်ပြန်ပါတယ် ။ သူက 2014 ကမ္ဘာ့ဖလား ပြိုုင်ပွဲမှာ ကိုလံဘီယာ အသင်းအတွက် ပွဲတိုင်း ဂိုးသွင်းပြရင်း ၊ ရွှေဖိနပ်ဆုကို ဆွတ်ခူးကာ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ပေါ်ကို တက်လှမ်းလာခဲ့သူ ဟားမက် ရိုဒရီဂွက် ဖြစ်ပါတယ်။

ဟားမက်ဟာ အန်ဆယ်လော့တီ ရဲ့ စိတ်ကြိုက် ကွင်းလယ် ကစားသမား တစ်ယောက်လို့ သတ်မှတ်ထားနိုင်သူပါ။ ရီးရဲ မက်ဒရစ် ကစားသမား အဖြစ် ရှိနေခဲ့တဲ့ 6 နှစ်မှာ ၊ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေဟာ အန်ဆယ်လော့တီ ကိုင်တွယ်တဲ့ 2014-2015 ဘောလုံးရာသီမှာ ပေါ်ထွက်ခဲ့တာ ဖြစ်ပြီး ၊ စုစုပေါင်း 13 ဂိုး သွင်းကာ ၊ ဂိုးဖန်တီးမှု 13 ကြိမ် နဲ့ လာလီဂါ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အန်ဆယ်လော့တီ က ဘိုင်ယန် မြူးနစ် နည်းပြ ဖြစ်လာချိန်မှာလဲ အငှားစာချုပ် 2 နှစ် နဲ့ ခေါ်ယူခဲ့ဖူးသလို ၊ နာပိုလီ နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ချိန်မှာတောင် နောက်တစ်ကြိမ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့တာပါ။

သို့သော် အဲဗာတန် ကို ရောက်ရှိလာချိန်မှာတော့ အီတလီသားကြီး ရဲ့ ဆန္ဒတွေဟာ တတိယ အကြိမ်မြောက် ပြည့်ဝလာခဲ့ပါပြီ။ ဟားမက် ဟာ ရီးရဲ မက်ဒရစ် နဲ့ အတူ ချန်ပီယံလိဂ် ဖလား 2 ကြိမ် ၊ ပေါ်တို နဲ့ အတူ ယူရိုပါလိဂ် ဖလားတွေကို ဆွတ်ခူးထားခဲ့သူပါ။

အဲဗာတန် က သူ့ရဲ့ ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း 20 ထက် နည်းပါးတဲ့ ပမာဏမျိုး ပေးချေလိုက်ရပြီး 2 နှစ် စာချုပ် + အလိုအလျှောက် သက်တမ်း တိုးခွင့် 1 နှစ် နဲ့ ချုပ်ဆိုခဲ့ပါတယ်။ အလိုအလျှောက် သက်တမ်းတိုးခွင့် ဆိုသည်မှာ ကစားသမား ရဲ့ ပါဝင် ကစားပေးနိုင်ခဲ့တဲ့ ပွဲအရေအတွက်ကို မူတည်ကာ ၊ အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။

အဲဗာတန် အနေနဲ့တော့ အခုလို ထိပ်တန်း ကွင်းလယ် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တဲ့တာက တော်တော်ကြီးကို အင်အားတောင့်တင်းလာမှာ သေချာပါတယ်။ ဒါ့အပြင် အတွေ့အကြုံရှိပြီးသားသူတွေ ဖြစ်တဲ့အပြင် ၊ အန်ဆယ်လော့တီ လိုချင်တဲ့ ပုံစံတွေကိုပါ နားလည်ထားပြီးသား ဖြစ်တာကြောင် ပိုပြီးတော့ အကျိုးရှိမှာပါ။

ကစားသမားသစ် နှစ်ယောက် စလုံးကတော့ ဆုဖလားတွေကို စိန်ခေါ်ဖို့ အတွက် အဲဗာတန် ကို ရောက်လာကြတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲဗာတန် ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားပုံတွေက ဒီလောက်နဲ့ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။ သူတို့ဟာ ဝက်ဖို့ဒ်က ပြင်သစ် ကွင်းလယ် ကစားသမား ဒိုကိုရီ ကို ခေါ်ယူဖို့ အတွက်လဲ လက်တစ်ကမ်းအလို ရောက်ရှိနေပြီး ၊ ဆေးစစ်မှုတွေကိုတောင် အောင်မြင်ထားခဲ့ပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ စာချုပ်ဆိုင်ရာ ကိစ္စတွေကို အပြီးသတ်ဖို့ အတွက် လုံးပမ်းနေတာပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular