ဆီမီး ဖိုင်နယ် ဆိုက်ကိုကြောင့် လေးကြိမ်ဆက် ရှုံးပွဲ ကြုံတွေ့ခဲ့ ရတာလား ၊ ဘာကြောင့် ရှုံးတာလဲ ဆိုတဲ့ မေးခွန်းကို တုန့်ပြန် ဖြေကြားလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ အခြေစိုက် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး အသင်း တို့ဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ် ကစားခဲ့ကြပြီး ဧည့်သည် အသင်းက 0 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ နှစ်ဖက် အသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို ကိုယ်စီ လုပ်ဆောင်ခဲ့ကြပေမယ့် လူကျွံမှု ၊ ဂိုးတိုင် ထိမှန်မှု ၊ မန်စီးတီး ဂိုးသမား ရဲ့ လက်စွမ်း ပြမှုတွေကြောင့် ပထမပိုင်းဟာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ဂျွန်စတုန်း ၊ ဖာနန်ဒင်ဟို တို့ကြောင့် မန်စီးတီးတို့ ဂိုးတွေ ရရှိခဲ့ကြ ပါတယ် ။

myan789

အခုတော့ မန်စီးတီး တို့ဟာ ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစားရပါတော့မယ် ။ အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ ဆိုးလ်ရှား လက်အောက် ဆီမီး ဖိုင်နယ် အဆင့် အထိ လေးကြိမ် တက်ရောက် ခဲ့ရာမှာ လေးကြိမ်လုံး ရှုံးနိမ့်ခဲ့ ရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင် သွားခဲ့ရ ပါတယ် ။

ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက FA ဖလား ၊ ကာရာဘောင်း ဖလား ၊ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေရဲ့ ဆီမီး ဖိုင်နယ် အဆင့်တွေမှာ ချဲလ်ဆီး ၊ မန်စီးတီး ၊ ဆီဗီးလား အသင်း တွေနဲ့ ရင်ဆိုင်ပြီး ရှုံးနိမ့် ခဲ့ပါ သေးတယ် ။ အခုတော့ မန်စီးတီးကို နောက်တစ်ကြိမ် ရှုံးနိမ့်မှု နဲ့ အတူ 4 ကြိမ်ဆက် ရှုံးနိမ့် သွားခဲ့ကြ ပါပြီ ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် တို့ဟာ ဆီမီး ဖိုင်နယ် ဆိုတဲ့ အဆင့်ကို ကျော်ဖြတ်ဖို့ အတွက် စိတ်ပိုင်း ဆိုင်ရာ အခက်အခဲ ( ဆိုက်ကို ) တွေကို ရင်ဆိုင် နေကြရတာမျိုး ဖြစ်နေပြီလားလို့ အမေးခံလိုက် ရချိန် မှာတော့ ဆိုးလ်ရှား က ဒီအဆင့်မှာ ပြိုင်ဖက်ကောင်း တွေကို ရင်ဆိုင်ရတယ်လို့ ဖြေရင်း ငြင်းဆန် စကားတွေ ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဒါက စိတ်ပိုင်း ဆိုင်ရာ ဆိုက်ကို မဟုတ်ရ ပါဘူး ။ ကျွန်တော်တို့ ဆီမီးမှာ အသင်းကောင်း တွေနဲ့ ရင်ဆိုင် ခဲ့ကြရပြီး လုံလောက်စွာ မကောင်းမွန် ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ဟာ အခု အချိန် အင်္ဂလန် ရဲ့ အကောင်းဆုံး အသင်း နဲ့ ရင်ဆိုင်ခဲ့ ကြရတာပါ ။ ဒီလို ပွဲမှာ ကျွန်တော်တို့ လုံလောက်စွာ မကောင်းမွန် နိုင်ခဲ့ကြ ပါဘူး ” လို့ ဆိုးလ်ရှား က တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆိုးလ်ရှား ကိုင်တွယ်ခွင့် ရရှိတာ အခုဆို အချိန် နှစ်နှစ် ရှိနေခဲ့ ပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူဟာ ယူနိုက်တက် အတွက် ဆုဖလား ဆွတ်ခူး ပေးထားခြင်း မရှိခဲ့ ပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ အတူ ရမှတ်တူ နေခဲ့တဲ့ အတွက် လမ်းကြောင်း အမှန်ပေါ် ရောက်နေပြီလို့ ထင်ကြေး ပေးခံ ခဲ့ရ ပါတယ် ။

ဒါပေမယ့် သတင်း သုံးသပ်သူတွေ ကတော့ ဆိုးလ်ရှား အနေနဲ့ ဆီမီး ဖိုင်နယ် အရှုံး ရလဒ် တွေကို ကျော်ဖြတ် ပြနိုင်ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ၊ ဆုဖလား ဆွတ်ခူး သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်း ခဲ့ကြပါ သေးတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ အရှုံး ရလဒ် ထွက်ပေါ်ခဲ့ ရတဲ့ အပေါ် …

” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ ခြေစွမ်း ကောင်းမွန်တဲ့ ပြိုင်ဖက် အသင်း နဲ့ ရင်ဆိုင် ခဲ့ကြရ ပါတယ် ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ မန်ချက်စတာ စီးတီး အသင်း ကို ရင်ဆိုင်ခဲ့ ရတာပါ ။ သူတို့ရဲ့ ကစားပုံက အတော်လေး ကောင်းမွန်ခဲ့ ပါတယ် ။ သူတို့ ကစားပုံ ကောင်းမွန် နေမယ် ဆိုရင်တော့ ခင်ဗျား တို့လည်း နိုင်ပွဲ ရယူဖို့ အတွက် ပိုကောင်းဖို့ လိုအပ် နေမှာ ပါပဲ ”

” ကျွန်တော်တို့ လုံလောက်စွာ မကောင်းခဲ့ကြ ပါဘူး ။ ဒါဟာ အမှန်တရား ပါပဲ ။ သူတို့ အကောင်းဆုံး ပုံစံ ပြသပြီး ကစားတဲ့ အချိန် ကျွန်တော် တို့ဟာ အကောင်းဆုံး ပုံစံ ပြသ နိုင်စွမ်း ကင်းမဲ့ နေခဲ့ကြ ပါတယ် ။ ခင်ဗျားဟာ ဆီမီး ဖိုင်နယ်မှာ ရှုံးတယ် ၊ ပွဲစဉ် တစ်ပွဲမှာ ရှုံးတယ် ဆိုတာက ရှုံးပွဲ နဲ့ ထိုက်တန်လို့ ရှုံးတာလို့ပဲ ကျွန်တော် ထင်မိ ပါတယ် ”

” ကျွန်တော်တို့ နီးစပ်မှု တစ်ခုတော့ ပိုင်ဆိုင်ထားကြ ပါပြီ ။ ဒါဟာ လွန်ခဲ့တဲ့ တစ်နှစ်ကထက် ပိုကောင်းတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ version တစ်ခုကို ပြသခြင်း ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ စွမ်းဆောင်ရည် တစ်ခုပါ ။ ဒါပေမယ့် လုံလောက်စွာတော့ မကောင်းသေး ပါဘူး ” လို့ ဆိုးလ်ရှား က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular