ဆီမီးဖိုင်နယ် ကံကြမ္မာဆိုးကို အဆုံးမသတ်နိုင်သေးတဲ့ ဆိုးလ်ရှား

မန်ယူ ၀-၂ မန်စီးတီး

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ရာနှုန်းပြည့် အရေးနိမ့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ ဆိုးလ်ရှားလက်ထက်မှာ လိဂ်ဖလား(၂ ကြိမ်)၊ FAဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ မှာ နောက်ဆုံး(၄)သင်းစာရင်း ပေါက်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ဆိုးလ်ရှားက အခုပွဲမှာ ဒဏ်ရာကပြန်သက်သာလာတဲ့ လင်ဒီလော့ဖ်ကို နောက်တန်းမှာ ပြန်သုံးပြီး ဂိုးသ မားနေရာမှာ ဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပေးခဲ့တာ လောက်ပဲ အပြောင်းအလဲရှိခဲ့တယ်။ ဒါက Strategy ကို ထိခိုက်စေတဲ့အရာတော့ မဟုတ်ပါဘူး။

myan789

ပွဲအစပိုင်းလောက်ပဲ မန်ယူအသင်းက မန်စီးတီးနဲ့ အပြန်အလှန်ယှဉ်ကစားနိုင်ခဲ့တယ်လို့ ပြောရမယ်။ မန်စီးတီးကတော့ ဒီဘရိုင်းနားကို False Nine ပုံစံမျိုး ပွဲထုတ်လာပေမဲ့ တကယ်တမ်းမှာတော့ ဒီဘရိုင်းနားက အသင်းရဲ့ Flank တွေထဲ ဘောလုံးလမ်းကြောင်း ရှာပေးနိုင်ဖို့ အဓိကကစားခဲ့တာ တွေ့ရတယ်။ ဒီဘရိုင်းနားကို Space ကျယ်ကျယ်ပေးကစားခဲ့တာ မန်ယူအသင်းရဲ့အဓိကအမှားဖြစ်ပြီး တွမ်မီနေး၊ ဖရက်ဒ်တို့ကလည်း ဒီလမ်းကြောင်းတွေကို မဖြတ်တောက်နိုင်ခဲ့ပါဘူး။

မန်စီးတီးအသင်း တိုက်စစ်ကစားသမားတွေထဲမှာ ခြေစွမ်းအပြနိုင်ဆုံးက ဖိုဒန်ပဲ ဖြစ်ပြီး ပထမပိုင်းမှာ ဘယ်တောင်ပံကနေ ဖိအားပေးခဲ့ကာ ဝမ်ဘစ်ဆာကာကို အာရုံများစေခဲ့ပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာက မန်စီးတီးနောက်တန်းကစား သမားတွေရဲ့စွမ်းဆောင်ရည်ပါပဲ။ နောက်ခံအစွန်လူတွေဖြစ်တဲ့ ကန်ဆယ်လို၊ ဇင်ချန်ကိုတို့က တာဝန်ကျေကစားနိုင်ခဲ့ပြီး ကန်ဆယ်လိုကတော့ တိုက်စစ်ကို ပံ့ပိုးပေးနိုင်မှုပါ ပိုကောင်းခဲ့ပါတယ်။

စတုန်းစ်- ဒီယက်စ် ခံစစ်အတွဲက ဒီပွဲမှာ အကောင်းဆုံးလို့တောင် ပြောရမယ်။ Clearance၊ Block နဲ့ Duel စတဲ့ နောက်ခံလူတွေရှိသင့်တဲ့ ဂုဏ်သတ္တိတွေမှာ ဂုဏ်ထူးမှတ်ထက်သာလွန်တဲ့ စွမ်းဆောင်မှုကို ပြ သနိုင်ခဲ့တာပါ။ မန်စီးတီးရဲ့အဖွင့်ဂိုးက (၅၀)မိနစ် မှာ ပြစ်ဒဏ်ဘောကနေ စတုန်းစ်က အလိုက်သင့် ပိတ်သွင်းယူခဲ့ကာ (၁၁၆၂)ရက်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

(၈၃) မိနစ်မှာ ဖာနန်ဒင်ဟိုက အဝေးကန်ချက်နဲ့ ဒုတိယဂိုးထပ်သွင်းပြီး ဟန်ဒါဆန်အဖို့ လှုပ်ရှားခွင့်တောင် မရခဲ့ပါဘူး။ မန်ယူအသင်းမှာ ဘရူနိုဖာနန်ဒက်စ် ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့တာကလည်း အသင်းအပေါ် သက်ရောက်မှုကြီးမားခဲ့ပြီး သူ့ရဲ့ Passing Accuracy ကလည်း အခုပွဲမှာ (၅၉.၄%)ပဲ ရှိခဲ့ပါ တယ်။ ပွဲအပြီးမှာတော့ မန်ယူအသင်း တစ်လအတွင်း ဒုတိယမြောက ဖလားပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular