ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်အပေါ် မှတ်ချက်ပေးရင်း အသင်းသား တစ်ဦးကို ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ကာရာဘောင် ဖလား ၊ ကွာတား ဖိုင်နယ် ပွဲစဉ်အဖြစ် ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲ ပရီးမီးယားလိဂ် ပြိုင်ဖက် ဖြစ်တဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ ရပြီး နောက်ကျ မိနစ် သွင်းဂိုး တွေနဲ့ အတူ 0 – 2 ဆိုတဲ့ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ပွဲစဉ် စတင်ကတည်းက အဲဗာတန် အသင်းကို ဖိအားပေး တိုက်စစ်ဆင် ကစားရင်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးမရ နိုင်ခဲ့ကြ ပါဘူး ။ ပွဲချိန် 16 မိနစ်မှာ ကာဗာနီ က မြေမကျဘော ကန်ခဲ့ပေမယ့် အိုလ်ဆန် က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။

myan789

ဒါ့အပြင် ပွဲချိန် 34 မိနစ်မှာ လီဝင်ရဲ့ ခေါင်းတိုက်ဘောကို ဟန်ဒါဆန် ဖမ်းယူ နိုင်ခဲ့ သလို နှစ်မိနစ် အကြာမှာ ပေးခဲ့ ရတဲ့ ဆီဂတ်ဆန် ရဲ့ အလန်းစား ဖရီးကစ် ကန်ချက်ကို အင်္ဂလန် လက်ရွေးစင်က အံ့ဖွယ် ပုတ်ထုတ် ကာကွယ် သွားနိုင် ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ဂိုးမပေးခဲ့ ရတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 67 မိနစ်မှာ ဆိုးလ်ရှားက မာရှယ် ၊ ရပ်ရှ်ဖို့ တို့ကို ထည့်သွင်း ခဲ့ပြီး တိုက်စစ်မြှင့်တင် ကစားသွားခဲ့ ပါတယ် ။ ပွဲချိန် 88 မိနစ် မှာတော့ မက်ဂွားယားက မာရှယ်ဆီကို တိုက်ရိုက် ဘောလုံး ပေးပို့ခဲ့ပြီး မာရှယ်က ကာဗာနီဆီ ထပ်ဆင့် ပေးခဲ့ရာ ဥရုဂွေး လက်ရွေးစင်က ဂိုးဧရိယာထိပ်မှ ဘယ်ခြေနဲ့ အပြင်းကန်ခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 96 မိနစ်မှာ ရပ်ရှ်ဖို့က မာရှယ်ဆီ ဘောလုံး ထိုးပေးခဲ့ရာ ပြင်သစ် လက်ရွေးစင်က ဘောလုံး လက်ခံယူပြီး အသင်း အတွက် အနိုင် သေချာစေမယ့် ဒုတိယမြောက် ဂိုးကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင် ခဲ့ကြ ပါပြီ ။

ဒါဟာ ယူနိုက်တက် အသင်း အတွက်တော့ ကာရာဘောင်း ဖလား ပြိုင်ပွဲမှာ လေးရာသီဆက် ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက်ခြင်း ဖြစ်ခဲ့ရပါတယ် ။ ဒီအဆင့် မှာတော့ ယူနိုက်တက် တို့ဟာ မြို့ခံ ပြိုင်ဖက် အသင်း ဖြစ်တဲ့ မန်စီးတီး အသင်းကို ရင်ဆိုင် ကစားရပါတော့မယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုးလ်ရှား ရဲ့ ဦးဆောင်မှု နဲ့ ယူရို ပါလိဂ် ၊ ကာရာဘောင်း နဲ့ FA ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ပေမယ့် ရှုံးနိမ့် ထွက်ခွာခဲ့ရ ပါတယ် ။ ကာရာဘောင်း ပြိုင်ပွဲ မှာတော့ ယူနိုက်တက်တို့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က မန်စီးတီး အသင်းကို ပြီးခဲ့တဲ့ ဘောလုံး ရာသီက ဒီအဆင့်မှာ ရှုံးနိမ့်ခဲ့ကြောင်း ဖွင့်ဟရင်း ဒီနှစ် သူတို့တွေ ဘယ်လို ရင်ဆိုင် ကြမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ကျွန်တော်တို့ဟာ ပြိုင်ပွဲ 3 ခုမှာ ဆီမီး ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ကြ ပါတယ် ။ အခုလည်း ဆုဖလားနဲ့ သိပ်မဝေးတော့တဲ့ အဆင့် တစ်ခုကို ရောက်ရှိ နေကြ ပါပြီ ။ မနှစ်ကလိုပဲ ဒီနှစ်လည်း သူတို့နဲ့ ဆီမီး ဖိုင်နယ်မှာ ရင်ဆိုင်ရပါ တော့မယ် ။ ကျွန်တော်တို့ ဘယ်လောက် အထိ တိုးတက် လာကြသလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်းအတွက် ပုံစံကောင်း တွေကို ပြသရင်း အဖွင့်ဂိုး သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီကို ချီးကျူး စကား ဆိုလိုက်ရင်း သူဟာ ကောင်းမွန်တဲ့ အလေ့အထိ တွေနဲ့ အတူ အသင်းအပေါ် လွှမ်းမိုး နိုင်စွမ်း ရှိခဲ့ကြောင်း ဆိုးလ်ရှားက ပြောခဲ့လိုက် ပါတယ် ။

” အီဒီ ( ကာဗာနီ ) ရဲ့ ယူနိုက်တက် ကစားသမား ဘဝဟာ စတင်ပုံ နှေးကွေး ခဲ့တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ။ ဒီမှာက အချိန်မရွေး ဒဏ်ရာရသွားနိုင်ပါတယ် ။ ကျွန်တော် ကတော့ သူ့ရဲ့ ကောင်းမွန်တဲ့ အလေ့အထ ၊ စိတ်ဓါတ် ခံယူချက်တွေနဲ့ အသင်း အပေါ် လွှမ်းမိုး နိုင်စွမ်း ရှိမုှ တွေကို ကြည့်ပြီး ကျေနပ်မိ ပါတယ် ”

” သူ့ကိုယ်သူ ဘယ်လောက် အထိ ဂရုတစိုက် ရှိသလဲ ဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ သူဟာ အရေးကြီးတဲ့ ဂိုးအချို့ ကိုလည်း သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ သူဟာ ပွဲကစားခွင့် တွေနဲ့ အတူ ရှေ့ဆက် ကောင်းသလက် ကောင်းမွန်လာဦးမှာပါ ” လို့ ဆိုးလ်ရှား က ကစားခွင့် ဆက်လက် ပေးသွားဖို့ ရှိနေကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular