ဆီဗီးလား နဲ့ ဂိုးမရှိ သရေပွဲ မှ သီယာဂို ဆေးလ်ဗား ရဲ့ အရေးပါပုံ ကို ထုတ်ဖော် ပြောဆိုလာတဲ့

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု E ရဲ့ အဖွင့် ပွဲစဉ် တပွဲမှာ ဒီ အုပ်စု ကနေ နောက်တဆင့် တက်ဖို့ ရေပန်း အစားဆုံး အသင်း ၂သင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်း နဲ့ ဆီဗီးလား အသင်း တို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း မှာ ယှဉ်ပြိုင် ကစားကြရာ ၊ ဂိုးမရှိ သရေပွဲ အဖြစ်သာ အဆုံးသတ်ခဲ့ပါတယ် ။

ဒီပွဲ မတိုင်ခင် က ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် မှာ ဆောက်သမ်တန် အသင်း နဲ့ တဖက် ၃ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ၊ အဲ့ဒီပွဲမှာ ခံစစ် က နမော်နမဲ့နိုင်စွာ နဲ့ ပေးဂိုး ၃ဂိုး ခွင့်ပြုခဲ့ရလို့ ၊ ဝေဖန်မှုအောက် ကို ရောက်ခဲ့ရပါတယ် ။

myan789

မနေ့ညက ပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ခံစစ်ပိုင်း က ပွဲထွက် ကစားသမား ၃နေရာ ကို အပြောင်းအလဲ လုပ်ခဲ့ပြီး ၊ international break ကြောင့် ဆောက်သမ်တန် နဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် နဲ့ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား တို့ ပြန်လည် ပါဝင်လာခဲ့ပါတယ် ။

ဝေဖန်မှု အကြီးအကျယ် ခံနေရတဲ့ ဂိုးသမား ကီပါ ဟာလည်း Line-up out ခံရပြီး ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်ခဲ့တဲ့ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ပြန်လည် ပါဝင်လာခဲ့ပါတယ် ။ ဒီ ခံစစ် အတွဲအဖက်ကြောင့် ကျစ်လျစ်မှု တချို့ ကို မြင်တွေ့ခဲ့ရကာ ၊ Clean Sheet ကိုလည်း ဖန်တီး နိုင်ခဲ့ပါတယ် ။

အထူးသဖြင့် သီယာဂို ဆေးလ်ဗား ပြန်ပါလာခြင်း ဟာ ချဲလ်ဆီး ခံစစ်ကြောင်း ကို သိသိသာသာ တိုးတက် ပြောင်းလဲစေတယ် ဆိုတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဆီဗီးလား နဲ့ ဂိုးမရှိ သရေပွဲ မှ သီယာဂို ဆေးလ်ဗား ရဲ့ အရေးပါပုံ ကို အခုလိုပဲ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ် ။

လမ်းပတ် က ” သီယာဂို ဒီနေ့ ကစားပုံ ကောင်းခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒီပွဲ မတိုင်ခင် ကလည်း ကျွန်တော် ဟာ အရည်အသွေး နဲ့ အတွေ့အကြုံပိုင်း ကို ဆွေးနွေးပေးခဲ့ပြီး ၊ သီယာဂို ဟာ ကျွန်တော် တောင်းဆိုတဲ့ ဒီ အချက် ၂ချက်လုံး ကို သယ်ဆောင် လာပေးခဲ့ပါတယ် ။ ”

” သူ့ကြောင့် တခြား အသင်းဖော် ခံစစ် ကစားသမား တွေ အပေါ်မှာပါ သက်ရောက်မှုတွေ ရှိခဲ့ပါတယ် ။ ဒီနေ့ပွဲ Clean Sheet စွမ်းဆောင်နိုင်ခဲ့ခြင်း မှာ သီယာဂို ဟာ ကြီးမားတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ် ။ ဒီ တရာသီလုံး အတွက် သူ့ကို ကျွန်တော် အကောင်းဆုံး ကိုင်တွယ်ပေးသွားမှာပါ ။ ”

” နောက်ပြီး ဘာသာပြန် တယောက် နဲ့ စကားပြောနေရဆဲ ဖြစ်ပေမယ့် ၊ သီယာဂို နဲ့ ကျွန်တော့ အကြားမှာ အလွန် နီးကပ်တဲ့ ပြောဆို ဆက်ဆံရေးတွေ ရှိနေတယ် လို့ ခံစားရပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း သူ့လို ကစားသမား ဘဝ နေဝင်ခါနီး အချိန် ကာလ ကို ဖြတ်သန်း ထားဖူးတော့ ဒီ အကြောင်း ကျွန်တော် ကောင်းကောင်း စာနာ နားလည်ပေးနိုင်ပါတယ် ။ ”

” ဒီတော့ သူ့ရဲ့ နေ့စဉ် လေ့ကျင့်မှု အခြေအနေ ဘယ်လောက်ထိ တည်ငြိမ်မှု ရှိတယ် ဆိုတာကို ကျွန်တော် အမြဲ သတိထား စောင့်ကြည့်ပေးသွားမှာပါ ။ ခြေစွမ်း အမြင့်မားဆုံး နဲ့ အဖြစ်နိုင်ဆုံး အသုံးပြုလို့ ရတဲ့ ပွဲအရေအတွက် အထိ သူ့ကို နေရာပေးသွားဖို့လည်း ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ဆောက်သမ်တန် နဲ့ ပွဲမှာ ပေါ့ပျက်ပျက် ပေးဂိုး ၃ဂိုး ခွင့်ပြုပြီးနောက် ၊ Clean Sheet နဲ့ ပြန်လာနိုင်ခဲ့ခြင်း အပေါ် ” ဟုတ်ပါတယ် ။ ကျွန်တော် ကတော့ ဒါကို အပေါင်း လက္ခဏာ ဆောင်ခဲ့တဲ့ ရလဒ် လို့ပဲ ယူဆထားပါတယ် ။ မနှစ်က အုပ်စု အခြေအနေ က ဖိအားဒဏ် တွေကို ကျွန်တော်တို့ ခံစားခဲ့ဖူးပါတယ် ။ ”

” မနှစ်က အုပ်စု အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲ အထိ ဖိအား တပြုံနဲ့ ရုန်းကန်ပြီး ကျော်ဖြတ်ခဲ့ရတာ ကို ကျွန်တော် မှတ်မိနေပါသေးတယ် ။ ဒီတော့ အုပ်စု အဖွင့်ပွဲမှာ ပြိုင်ဖက်ကောင်း တသင်း နဲ့ ရင်ဆိုင်ရခြင်း ရဲ့ အရေးပါပုံ အကြောင်း ကောင်းကောင်း သတိထားမိပါတယ် ။ ”

” ဒီနေ့ပွဲမှာ Clean Sheet ရခဲ့ခြင်း ဟာ ကျွန်တော်တို့ အတွက် အရေးပါခဲ့တယ် လို့ ထင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ပြိုင်ဖက် အသင်း ဟာ ကျွန်တော် တို့ကို ကြီးကြီးမားမား ဖိအားပေးနိုင်ခဲ့လို့ပါ ။ သူတို့ဟာ တွန်းတွန်းတိုက်တိုက် ကစားဟန် ၊ high press ပုံစံ ကို အသားပေး ကစားခဲ့ပါတယ် ။ ”

” ကျွန်တော် တို့ဖက်ကလည်း သူတို့ကို အပြန်အလှန် ကစားနိုင်ခဲ့ပါတယ် ။ တသင်း နဲ့ တသင်း အကြားမှာ ကွာခြားမှု မဆိုစလောက်ပဲ ရှိမယ် လို့ ခံစားခဲ့ရပါတယ် ။ ဒီပွဲဟာ စိတ်ဝင်စားဖွယ် ကောင်းခဲ့ပြီး ၊ ပွဲကောင်း တပွဲ ကို ကိုင်တွယ်ခဲ့ရတာ ဖြစ်လို့ ၊ ဂိုးမရှိ သရေ ရလဒ် အတွက် ကျွန်တော်တော့ ပျော်ရွှင် ကျေနပ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular