ဆီဗီလာ ကို တစ်ယောက်ထဲ 4 ဂိုးသွင်းပြီးနောက် ၊ ဂျရူး ရယူသွားတဲ့ စံချိန် မှတ်တမ်းများ

ငွေကြေးတွေ ဘယ်လောက်အထိ သုံးစွဲပြီး ကမ္ဘာကျော် ဘောလုံးသမားတွေ ဝယ်ယူထားပါစေ ၊ အချိန်တန်ရင်တော့ ဂျရူး ကို ပစ်ပယ်လို့ မရသေးဘူး ဆိုတာ မနေ့ညက ဆီဗီလာ နဲ့ ပွဲက နောက်တစ်ကြိမ် သက်သေ ခံသွားခဲ့ပြန်ပါပြီ။

ပြင်သစ်တိုက်စစ်မှုးကြီးဟာ တစ်ဦးတည်း 4 ဂိုး အထိ သွင်းယူကာ ၊ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် အသက်အကြီးဆုံး ဟတ်ထရစ် သွင်းယူတဲ့ ကစားသမား အဖြစ် မှတ်တမ်း ရေးထိုးသွားခဲ့ပါတယ်။ အသက် အငယ်ဆုံး ဟတ်ထရစ် ကိုတော့ ရီးရဲ တိုက်စစ်မှုးဟောင်း ရာအူးလ် က 1995 ခုနှစ်မှာ ကစားခဲ့တဲ့ ဖီရင်ဘာရော့ နဲ့ ပွဲမှာ သွင်းယူခဲ့တာပါ။ အဲဒီ အချိန်က သူ့ရဲ့ အသက်ဟာ 18 နှစ် နဲ့ 114 ရက်သာ ရှိသေးတာ ဖြစ်ပါတယ်။

myan789

ဂျရူး ကတော့ ဆီဗီလာ အသင်းဘက်ကို ဟတ်ထရစ် သွင်းယူလိုက်တဲ့ အချိန်မှာ 34 နှစ် နဲ့ 63 ရက် ရှိနေပြီ ဖြစ်ပြီး ၊ အသက်အကြီးဆုံး ချန်ပီယံလိဂ် ဟတ်ထရစ်ရှင် ဖြစ်သွားခဲ့ပါတယ်။

အဖွင့်ဂိုး ကိုတော့ ကိုင် ဟားဗက်ဇ် နဲ့ အချိတ်အဆက် လုပ်ရင်းကနေ ပွဲချိန် 8 မီးနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ဂိုးကတော့ ကိုဗာဆစ် နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ တွဲလုံးကနေ တဆင့် ရရှိလာတဲ့ အခွင့်အရေးကို ဂိုးသမားကို ကျော်ကာ သွင်းယူပြသွားခဲ့တာပါ။

75 မီးနစ် အရောက်မှာတော့ ကန်တီ မ တင်ပေးလိုက်တဲ့ ဘောလုံးကို လှလှပပ ခေါင်းတိုက်ကာ ဟတ်ထရစ်ဂိုး သွင်းယူခဲ့ပါတယ်။ ပ84 မီးနစ် မှာ သူ့ကြောင့်ရတဲ့ ပင်နယ်တီ ကို သူကိုယ်တိုင် ကန်သွင်းကာ စတုတ္ထမြောက်သွင်းဂိုး ရယူသွားခဲ့ပါတယ်။

ဆီဗီလာ ဟာ ခံစစ် ကစားပုံကို အားပြုပြီး အသင်းမျိုး ဖြစ်လို ၊ သွင်းဂိုး 4 ဂိုး အထိ ရယုူနိုင်ခဲ့တဲ့ ဂျရူးအတွက် တကယ်ကို ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ပွဲထဲ ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမားတွေ အဖြစ် လီယို မက်ဆီ နဲ့ လူးဝစ် အက်ဒီယာနို (ရှက်တာ) တို့က ရပ်တည်နေတာ ဖြစ်ပြီး ၊ 5 ဂိုး အထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ တစ်ပွဲတည်း 4 ဂိုး သွင်းယူတဲ့ သူတွေ အဖြစ်တော့ မာကို ဗန်ဘက်စတန် ၊ အင်ဇာဂီ ၊ ဒါဒို ပါဆို ၊ နစ္စတဲလ်ရွိုင်း ၊ ရှက်ဖ်ချန်ကို ၊ မက်ဆီ ၊ ဂိုးမစ် ၊ လီဝန်ဒေါ့စကီး ၊ မိုဗစ် ၊ ရိုနာဒို ၊ ဂနာဘီ ၊ အီလီဆစ် နဲ့ ဂျရူး တို့က ပါဝင်လျှက် ရှိနေပါတယ်။

ဒါ့အပြင် ဂျရူး ဟာ ချန်ပီယံလိဂ် သမိုင်းမှာ ဘန်ဇီးမား ပြီးရင် ၊ ဟတ်ထရစ် သွင်းယူနိုင်တဲ့ ဒုတိယ မြောက် ပြင်သစ် ကစားသမားအဖြစ်လဲ မှတ်တမ်း ရေးထိုးသွားခဲ့ပါသေးတယ်။ ချဲဆီး ကစားသမားတွေထဲမှာတော့ လက်ရှိ နည်းပြ လမ်းပတ်နောက်ပိုင်း တစ်ပွဲထဲ 4 ဂိုး အထိ သွင်းပြနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

လမ်းပတ်ဟာ 2010 မှာ ကစားခဲ့တဲ့ အက်စ်တွန် ဗီလာ နဲ့ ပွဲမှာ တစ်ဦးတည်း 4 ဂိုး အထိ သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။

ဂျရူးဟာ ဒီရာသီမှာ အဗရာဟမ် ၊ ဗာနာ တို့နောက် တတိယ ဦးစားပေး အဖြစ်သာ ပါဝင် ကစားခွင့်ရနေပြီး ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ဆိုရင် တစ်ပွဲမှာ ပွဲထွက် ကစားသမား စာရင်းကနေ ကစားခွင့် မရသေးပဲ ၊ 5 ကြိမ်သာ လူစားလဲ ဝင်ရောက် ကစားခွင့် ရသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ် ကစားမယ့် လိဒ် ယူနိုက်တက် နဲ့ ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိလားလို့ မေးမြန်း ရာမှာတော့ လမ်းပတ်က “မသေချာသေးဘူး” လို့သာ တုန့်ပြန် ဖြေကြားသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular