ဆိုးလ်ရှား နဲ့ ယူနိုက်တက် အသင်းရဲ့ အရည်အသွေးတွေကို ဝေဖန်လိုက်သူ နှစ်ဦး

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို ရှုံးနိမ့်ပြီး နောက် တစ်ပါတ် မှာပဲ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်း ကိုပါ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရှုံးနိမ့် ခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက် သွားခဲ့ရ ပါတယ် ။

ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 6 ပွဲ ကစား အပြီး 3 ပွဲ ရှုံးနိမ့် ထားခဲ့ ပါတယ် ။ ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာတော့ PSG ၊ RB လက်ပ်ဇစ် အသင်း တွေကို အနိုင် ကစားပြီး အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် အုပ်စု အဆင့်မှ အင်အား အနည်းဆုံး ကလပ် အသင်း ဖြစ်တဲ့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို တူရကီ မြေမှာ ရင်ဆိုင် ကစားခဲ့ရချိန် ယူနိုက်တက် တို့ဟာ 2 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ပြီး နောက်တစ်ဆင့် တက်ရောက် နိုင်မယ့် မျှော်လင့်ချက်ကောင်း တွေကို ရေစုန်မျောသွားစေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် အသင်းရဲ့ ကြောက်မက်ဖွယ် ခံစစ် အမှားတွေကို အသုံးချ ခဲ့ပြီး ဒမ်ဘာဘာ နဲ့ အီဒင် ဗစ်စကာ တို့က အိမ်ရှင် အသင်း အတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြ ပါတယ် ။ ယူနိုက်တက် အတွက်တော့ မာရှယ်က ပထမပိုင်း အတွင်း တစ်ဂိုး ပြန်လည် သွင်းပေးခဲ့ ပါတယ် ။

ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ယူနိုက်တက် တို့ဟာ ကစား သမား လဲလှယ်မှု 5 ကြိမ်စလုံး လုပ်ဆောင် ခဲ့ပြီး ဂိုးတွေ ထပ်မံ ရရှိ နိုင်ဖို့ ကြိုးပမ်းခဲ့ ပေမယ့် လက်တွေ့မှာတော့ ဂိုးမရပဲ လက်လျော့ လိုက်ခဲ့ရပြီး ပွဲစဉ်က ပထမပိုင်း ရလဒ် အတိုင်းသာ ပြီးဆုံး သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် တွေနဲ့ ပတ်သက်လို့ သတင်း သုံးသပ်သူ တွေက အထူး ဝေဖန်ခဲ့ကြပါ သေးတယ် ။ အခုတော့ မီကာ ရစ်ချက် နဲ့ ရီယို ဖာဒီနန်တို့ ကလည်း ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ရဲ့ အရည်အသွေးကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ကြ ပါတယ် ။

” ဒီပွဲစဉ်က လက်လျော့ အရှုံးပေးလိုက်သလို ပါပဲ ။ ကျွန်တော် ဆိုးလ်ရှားကို နှစ်ခြိုက်သူ ဖြစ်ပြီး သူ့ဖက်က အမြဲလို ကာကွယ် ပေးခဲ့ဖူး ပါတယ် ။ သူက ယူနိုက်တက် အတွက် မှန်ကန်တဲ့ နည်းပြ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့ ပါတယ် ။ ဒါပေမယ့် အစ္စတန်ဘူလ် ကို သွားပြီး ဒါက ခက်ခဲတဲ့ နေရာ တစ်ခုလို့ ပြောတာ ကတော့ သိပ်မဟုတ်သေး ပါဘူး ”

” အဲ့ဒီ ကွင်းထဲမှာ ပရိသတ် မရှိခဲ့ ကြဘူးလေ ။ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း ပြောနေကြတာပါ ။ သူတို့က ထူးကဲတဲ့ အသင်း တစ်သင်း ပါပဲ ။ ဒါပေမယ့် အစ္စတန်ဘူလ် ကိုတော့ သူတို့ ကြောက်စိတ်နဲ့ မသွားခဲ့သင့် ပါဘူး ။ ဒါက ကျွန်တော့် အတွက် ဆင်ခြေ သပ်သပ် ပါပဲ ” လို့ မီကာ ရစ်ချက် က ဖေဝန် သွားခဲ့လိုက် ပါတယ် ။

” ကစားသမား တစ်ဦး အဖြစ်နဲ့ ပြောရမယ် ဆိုရင်တော့ ဒါက ဆိုးလ်ရှား ရဲ့ ပင်ကိုယ် စရိုက်မျိုး မဟုတ်ခဲ့ရ ပါဘူး ။ ဒါက ဘယ်လိုမှ ဖြစ်နိုင်စရာ အခွင့်မရှိ ပါဘူး ။ သူဟာ အမြဲ တိတ်ဆိတ် နေခဲ့ ပါတယ် ။ ဒါပေမယ့် လိုအပ်တဲ့ အချိန်တွေ မှာတော့ ဝေဖန်သံ တွေကို စွမ်းဆောင်ရည် တွေနဲ့ သက်သေပြပြီး အမြဲ တိတ်ဆိတ် စေနိုင်ခဲ့ ပါတယ် ”

” သူဟာ အဝတ်လဲခန်း ထဲမှာ အရမ်းကို သက်ဝင်လှုပ်ရှား စေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ခဲ့ ပါတယ် ။ ဒီ ကစားသမား တွေက အရှိန်မြှင့်ပေးမယ့်သူ လိုအပ်နေတယ်လေ ။ သူတို့ လက်ရှိ ကစားပုံ ၊ တည်ငြိမ်မှု ကင်းမဲ့ နေပုံ ၊ ပြိုင်ဖက် တွေကို ဖြတ်ကျော်ခွင့် ပေးနေပုံ တွေက ပြင်အား ကင်းမဲ့ နေပါတယ် ”

” သူတို့ တည်ငြိမ်တဲ့ ကစားဟန် နဲ့ အတူ တွန်းတွန်းတိုက်တိုက် ကြိုးစား ကစားနေတာ ၊ ပြိုင်ဖက် တွေကို ဒုက္ခပေး ကစား နေတာမျိုး ကျွန်တော် မတွေ့ခဲ့ရပါဘူး ။ ကျွန်တော်တို့ တစ်ပွဲလောက်တော့ တွေ့ခဲ့သင့် ပါတယ် ။ ဒါပေမယ့် အခုတော့ နှစ်ပွဲဆက် မတွေ့မြင် ခဲ့ကြရ ပါဘူး ”

” ထိပ်တန်း ကလပ် တစ်သင်း အနေနဲ့ ဒါမျိုး လုပ်လို့ မရနိုင်ပါဘူး ။ အကယ်လို့ ခင်ဗျားက စိန်ခေါ်မှုတွေ လုပ်ဆောင်လိုတဲ့ ထိပ်တန်း အသင်း ဆိုရင် အပါတ်စဉ် အပါတ်တိုင်း အထူးကောင်း နေဖို့ လိုအပ် ပါတယ် ။ လူတွေ ဒါကိုပဲ တောင်းဆိုကြမှာပါ ။ သူတို့ အဲ့တာတွေ လုပ်ပြဖို့ လိုအပ် နေပါ သေးတယ် ” လို့ ဖာဒီနန် က ဝေဖန် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular