ဆိုးလ်ရှားရဲ့ ဖိအားတွေကို လျှော့ချနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း၊ ပရိသတ်တွေရဲ့ ပြသနာတွေကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် ဘောလုံး ရာသီ အစပိုင်းမှာ ရလဒ်ကောင်း တွေကို ပိုင်ဆိုင် နိုင်ဖို့ အတွက် အတော်လေး ရုန်းကန် နေခဲ့ရပေမယ့် နောက်ပိုင်း အမှတ်ပေး ဖလား ပွဲစဉ် တွေမှာ 10 ပွဲဆက် ရှုံးပွဲ မရှိ ကစား နိုင်ခဲ့ပြီး အမှတ်ပေး ဇယားကို ဦးဆောင်တဲ့ လီဗာပူး နဲ့ အမှတ်တူတဲ့ အထိ လုပ်ပြ နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်း အတွက် မှန်ကန်တဲ့ နည်းပြ တစ်ဦး ဖြစ်ကြောင်း ထောက်ခံအားပေးသူတွေ များပြား လာခဲ့ကြ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရသလို ကာရာဘောင်း ဖလား ပြိုင်ပွဲ မှာလည်း မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို ရှုံးနိမ့် ခဲ့ကြပါတယ် ။

myan789

ဒါဟာ ဆိုးလ်ရှား အတွက်တော့ ယူနိုက်တက် နည်းပြ ဘဝမှာ ဆီမီး ဖိုင်နယ် အဆင့်ကို လေးကြိမ် ဆက်တိုက် တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ရလဒ်က လေးကြိမ်လုံး ရှုံးနိမ့် ထွက်ခွာခြင်းသာ ဖြစ်ခဲ့ ရတဲ့ အတွက် နော်ဝေသား နည်းပြဟာ ဖိအားတွေအောက် တစ်ဖန်ပြန်လည် ကျရောက် လာခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ်က အသင်းဖော်ဟောင်း ဖြစ်သူ ဆိုးလ်ရှား အနေနဲ့ ဖလား လက်မဲ့ ဖြစ်နေမှုကို ရပ်တန့် သွားဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ၊ ဒါဟာ ဖိအား တွေကို ကိုင်တွယ် ဖြေရှင်း နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” မန်စီးတီး နဲ့ ပွဲစဉ် မတိုင်ခင် ကတည်းက ပရိသတ် တွေဟာ ဒီပွဲ အပေါ် အတော်လေး မျှော်လင့်ချက် ထားရှိ နေကြတယ် ဆိုတဲ့ အကြောင်း ကျွန်တော် ပြောခဲ့ပါ သေးတယ် ။ လာမယ့် တစ်ပါတ်မှာ ကျွန်တော်တို့ လီဗာပူး အသင်း နဲ့လည်း ကစားကြ ရပါဦးမယ် ။ ယူနိုက်တက် အသင်းဟာ ဒီရာသီ အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြ ပါဘူး ”

” ဒါပေမယ့် အားလုံး ကတော့ ဆုဖလား တစ်စုံတစ်ခု ရမှ ဖြစ်မယ် ဆိုတဲ့ ခံစားချက်တွေ ရှိခဲ့ကြတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ လက်ရှိ ဘောလုံး ရာသီ ကုန်ဆုံး သွားမယ် ဆိုရင် အိုလီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင် ကိုင်တွယ်တာ နှစ်နှစ်ခွဲ ပြည့်မြောက်ပါ လိမ့်မယ်

” အကယ်လို့ အချိန် 2 နှစ်ခွဲ အတွင်းမှာ အသင်းက ဖလား လက်မဲ့ ဖြစ်နေခဲ့ဦးမယ် ဆိုရင်တော့ သူဟာ ဖိအား တွေကို စတင် ခံစား ရတော့မှာ ပါပဲ ။ ဆု ဖလား ဆွတ်ခူး နိုင်ခြင်း ကသာ ခင်ဗျားကို နောက်ထပ် ရှေ့ဆက်နိုင်ဖို့ အတွက် လမ်းကြောင်း တစ်ခုကို ပေးဆောင် နိုင်ပါ လိမ့်မယ် ”

” ယာဂင် ကလော့ပ်လည်း ဆုဖလား တစ်ခု လိုအပ် နေခဲ့ချိန်မှာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ပက် ဂွာဒီယိုလာ ကလည်း လိဂ် ဖလား ယူနိုင်ခဲ့ ပါတယ် ။ ဟိုဆေး မော်ရင်ဟို ဟာလည်း ကိုင်တွယ် ခဲ့တဲ့ အသင်း တိုင်းမှာ ဆုဖလား တစ်ခု မဟုတ် တစ်ခု ယူဆောင် ပေးနိုင်ခဲ့ ပါတယ် ”

” အခုတော့ ဆိုးလ်ရှား ဟာလည်း ရှေ့ဆက်ရေး အတွက် ဆုဖလား ဆွတ်ခူးဖို့ လိုအပ် နေပါပြီ ။ ဒါက ( မန်စီးတီးနဲ့ ပွဲစဉ် ) ဖိုင်နယ် ရောက်ရှိဖို့ နီးစပ် စေခဲ့ ပါတယ် ။ သူတို့ ပုံစံကောင်း ပြနိုင်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခုလို ပြိုင်ပွဲက ထွက်ခွာ နေရခြင်း တွေဟာ ပြသနာ တွေကို ဖြစ်ပေါ် စေနိုင်ပါ လိမ့်မယ် ”

” ကျွန်တော်ကတော့ ‘ ဒီမှာ လာထိုင် ၊ ယူနိုက်တက် ပရိသတ် ဖြစ်ရတာ ဘယ်လောက် စိတ်ဒုက္ခတွေ များလိုက်သလဲ ‘ လို့ ကျွန်တော် ပြောသွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်ကတော့ အနေအထား တိုင်းမှာ မန်နေဂျာရဲ့ ရှုထောင့်တွေ ကနေ လေ့လာ သုံးသပ် သွားမှာပါ ။ ဒီနေရာမှာ ဖိအားတွေ အမြဲလို ကျရောက် နေမှာပါပဲ ”

” အကယ်လို့ ခင်ဗျားဟာ အန်ဖီးလ် ကို သွားရောက်ပြီး အရှုံး ရလဒ် ထွက်ပေါ် ခဲ့မယ် ဆိုရင် လူတွေက ‘ ခွက်ထဲ ရေ တစ်ဝက်ပဲ ပါတယ် ‘ လို့ ပြောဆိုကြပါ လိမ့်မယ် ။ ပွဲစဉ် တစ်ပွဲကြောင့် အပြောင်းအလဲ တွေက ဒီလိုမျိုး ချက်ချင်း ဖြစ်သွားနိုင် ပါတယ် ။ ဒါ့ကြောင့်လည်း အိုလီ က သူ့ရဲ့ အဓိက ကစားသမား တွေကို အနား မပေးရဲတာပါ ”

” သူဟာ ပြီးခဲ့တဲ့ လေး ၊ ငါး ၊ ခြောက်ပတ် လောက် ကတည်းက ဖိအားတွေ အောက်မှာ နေခဲ့ ရပြီး ရာသီကုန် အထိတောင် ရာထူး မြဲပါ့ မလားလို့ မေးခွန်း ထုတ်ခံ ခဲ့ရသူပါ ။ အခုလို အသင်းက တစ်ပွဲလျော့ ကစားထားပြီး လီဗာပူး နဲ့ အမှတ် တူနေမယ် ၊ ဆီမီး ဖိုင်နယ် အဆင့်ကိုလည်း တက်ရောက် ထားတယ် ဆိုရင် ပရိသတ် တွေက ကောင်းတယ် ၊ မိုက်တယ် ပြောကြမှာ ပါပဲ ”

” ဒီလို အနေအထား တွေမှာ ကျွန်တော်တို့ နောက်ထပ် အဆင့်တွေ တက်ပြီး ဆုဖလား ယူပြတာကမှ ဖိအား တွေကို ကိုင်တွယ် ဖြေရှင်း နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ဆိုးလ်ရှား အတွက် အကြံပေး တိုက်တွန်းမှု ပြုလုပိ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular