ဆိုးလ်ရှားကို ထုတ်ပြီး ပိုချက်တီနိုကို ခန့်အပ်လိုက်မယ်ဆိုရင် ယူနိုက်တက်မှာ ဘာတွေ ဖြစ်ပွားလာမလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ စတင် ကတည်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ နိုင်ပွဲ တွေကို ရယူ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။ သူတို့ တွေဟာ ပွဲစဉ် 6 ပွဲ ကစားပြီးချိန်မှာ ရမှတ် 7 မှတ်သာ ရယူ ထားနိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 15 နေရာမှာ ရပ်တည် နေခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ အနိုင် ရလဒ် တွေနဲ့ အတူ နောက် တစ်ဆင့်မှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။ အခြား တစ်ဖက်မှာတော့ ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပီအက်စ်ဂျီ ၊ RB လက်ပ်ဇစ် အသင်း တွေကို အနိုင် ကစားထား နိုင်ခဲ့ ပါသေးတယ် ။

myan789

ဒါပေမယ့် မနေ့ နံနက် ကတော့ ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် 3 အဖြစ် တူရကီ အခြေစိုက် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်း နဲ့ ရင်ဆိုင်ခဲ့ ရပြီး အဝေးကွင်းမှာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ကြ ပါတယ် ။ ဒါဟာ အုပ်စု ပြိုင်ဖက်တွေ အနက် ယူနိုက်တက်တို့ သေချာပေါက် အနိုင် ရရှိအောင် ကစားသင့်တဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။

ဒါ့ကြောင့် အခုလို ရှုံးပွဲမျိုး ကြုံတွေ့ နေခဲ့ချိန်မှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ဖိအားတွေအောက် ကျရောက် သွားခဲ့ပြီး မနေ့ ညနေက ထွက်ပေါ် ခဲ့တဲ့ သတင်းတွေ မှာတော့ အသင်း ဖက်က အဆိုပါ နေရာကို တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနို နဲ့ အစားထိုး လိုနေပြီ လို့ သတင်းတွေ ကျယ်လောင် လာခဲ့ပါ သေးတယ် ။

အခုတော့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂျေမီ အိုဟားရားက ပိုချက်တီနို ဟာ ဆုဖလား တွေကို မဆွတ်ခူး နိုင်ခဲ့တဲ့ နည်းပြ တစ်ဦး ဖြစ်ပေမယ့် ယူနိုက်တက် တို့ကသာ သူ့ကို ဆိုးလ်ရှား ရဲ့ နေရာမှာ အစားထိုးလိုက်မယ် ဆိုရင် ခြားနားတဲ့ ရှုထောင့် တွေကို သယ်ဆောင် ပေးလာလိမ့်မယ်လို့ အခိုင်အမာ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” တော့တင်ဟမ် ဟော့ စပါး အသင်းမှာ လုပ်ဆောင်ပြ ခဲ့တဲ့ အရာတွေ အတွက် ခင်ဗျား တို့ဟာ ပိုချက်တီနိုကို ကြီးမားတဲ့ လေးစာသမှု ပေးသင့်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ နားထောင် ၊ သူက အဲ့ဒီမှာ ဘာဆုဖလားမှ မရခဲ့ဘူး ၊ ဒါက သူ့အတွက် တစ်ကယ့် နောင်တရစရာ ကိစ္စ တစ်ခု ဖြစ်ကောင်း ဖြစ်နေပါ လိမ့်မယ် ”

” ဒါပေမယ့် သူဟာ ဘတ်ဂျက် မရ ၊ ကစားသမား တွေကို မခေါ်ရ ၊ လူငယ် တွေကို မွေးထုတ် ၊ စိတ်ဝင်စားဖွယ် ကစားဟန်တွေကို သယ်ဆောင်ရင်း တော့တင်ဟမ် ဟော့ စပါး အသင်းကို ကမ္ဘာ့ အဆင့် အသင်းမျိုး ဖြစ်အောင် လုပ်ဆောင် ထားနိုင်ခဲ့ ပါတယ် ။ သူဟာ အသင်းကို နှစ်စဉ် ထိပ်သီး လေးသင်း စာရင်း ဝင်ခွင့် ရအောင် အာမခံချက် ပေးဆောင် နိုင်ခဲ့ ပါတယ် ”

” သူက ဒီအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီညမှာတော့ သူတို့ ညံ့ခဲ့ကြ ပါတယ် ။ ဒါပေမယ့် နည်းပြ တစ်ဦး အနေနဲ့ ပိုချက်တီနိုက အံ့ဖွယ် ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော့် အတွက်တော့ သူဟာ လက်ရှိ အင်္ဂလန် ရဲ့ စတုတ္ထမြောက် အကောင်းဆုံး နည်းပြပါ ၊ ဒါပေမယ့် သူ့မှာ အလုပ် မရှိ ပါဘူး ”

” ကလော့ပ် နဲ့ ဂွာဒီယိုလာ တို့ ရှိတဲ့ အသင်းက လွဲရင် ကျန်တဲ့ အသင်းတိုင်း အတွက် ကျွန်တော်ဟာ ပိုချက်တီနိုကို ခေါ်ယူချင်မှာ ပါပဲ ။ သူဟာ အံ့ဖွယ် နည်းပြ တစ်ဦး မဟုတ်ဘူးလို့ ခင်ဗျားတို့ ဘယ်လို ပြောနိုင် မလဲ ? သူဟာ ဆောက်သမ်တန်မှာ ဘာလုပ်ပြခဲ့ သလဲ ၊ တော့တင်ဟမ်မှာ ဘာတွေ လုပ်ပြခဲ့ သလဲ ဆိုတာကို ခင်ဗျားတို့ ကြည့်လိုက် ကြပါ ”

” သူ့ကိုသာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စာရင်းထဲကို ပစ်ထည့်လိုက်မယ် ဆိုရင် သူက ဒီအသင်းကို အခြားသော ရှုထောင့် တစ်ခုဆီ သေချာပေါက် ခေါ်ဆောင် သွားနိုင်ပါ လိမ့်မယ် ” လို့ ဂျေမီ အိုဟာရား က ပိုချက်တီနို ဖက်မှ ခိုင်မာတဲ့ ထောက်ခံချက် တစ်ခုကို ပေးဆောင် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular