ဆိုးလ်ရှားကို ကစားသမားများ ထောက်ခံနေဆဲဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဖိအားများ ရင်ဆိုင်နေရသည့် နည်းပြ ဆိုးလ်ရှားအနေဖြင့် ကစားသမားများ ၏ ထောက်ခံမှု ရရှိနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး အဆင့် ၆ နေရာ ရောက်ရှိနေသလို ချန်ပီယံလိဂ်တွင် နိုင်ပွဲပြန်လည်ရရှိသော်လည်း အတ္တလန်တာအသင်းအား အိမ်ကွင်း၌ နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းတွင် ချေပဂိုးများနှင့် အနိုင်ဂိုးသွင်းယူနိုင်သောကြောင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

myan789

မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒိုအပါအဝင် တောင့်တင်းသည့်လူစာရင်း ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း ရလဒ်ရော ခြေစွမ်းပိုင်းပါ ရုန်းကန်နေရသဖြင့် ဆိုးလ်ရှားအပေါ် ပြင်းထန်သည့် ဝေဖန်မှုများရှိနေသည်။

သို့ဖြစ်ရာ ဘရူနိုဖာနန်ဒက်စ်က “သူက ကျွန်တော်တို့အသင်း နည်းပြပါ။ ကျွန်တော်တို့က နေ့တိုင်း သူ့နောက်ကိုပဲ လိုက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေအတိုင်း လိုက်နာနေပြီး ရှေ့ဆက်ပြီးလည်း လုပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ နည်းပြနဲ့ ဝန်ထမ်းတွေကို ယုံကြည်ပါတယ်။ နည်းပြပြောတဲ့အတိုင်း လိုက်လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြဆိုတာ ကျွန်တော်တို့ လေးစားမှု အမြင့်ဆုံးထားရတဲ့ သူမို့ပါ။ အသင်းအနေနဲ့ ဘာဆုဖလားမှမရသေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တိုးတက်မှုတွေ အများကြီးရှိလာတာတော့ မျက်မြင်ပါပဲ”ဟု ဘရာဇီးလ်အခြေစိုက် TNT Sports ရုပ်သံသို့ ပြောကြားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular