ဆိုးရှား နဲ့ ဂွာဒီယိုလာတို့ ဖြုံလောက်တဲ့ မော်ရင်ဟို ရဲ့ ကာရာဘောင်ဖလား မှတ်တမ်း

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် မှာ ဘရန့်ဖိုဒ့် အသင်း ကို ၂ – ၀ နဲ့ အနိုင် ကစားပြီး ဝင်ဘာလေ ကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲစဉ် ကို တက်ရောက် သွားခဲ့ပြီ ဖြစ် ပါတယ် ။ စပါး အတွက် ဆစ်ဆိုခို နဲ့ ဆွန်ဟောင်မင် တို့က ပွဲချိန် တစ်ပိုင်းမှာ ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြတာပဲ ဖြစ် ပါတယ် ။ စပါး အတွက်တော့ ဖလား ၁ လုံး နဲ့ အနီးကပ်ဆုံး နေရာ ကို နောက်တစ်ကြိမ် ထပ်ရောက် လာခဲ့ ပြန်ပါပြီ ။

ဒါဟာ တော့တင်ဟမ် ဟော့စပါး ပရိသတ်တွေ မျှော်လင့် တောင့်တ နေတဲ့ အခိုက် အတန့် ပါပဲ ။ စပါး ဟာ ၂၀၀၈ ခုနှစ် တုန်းက လိဂ်ဖလား ကို ရယူပြီး နောက်မှာ ၁၂ နှစ်ကြာ ဘာဖလား မှ မရဘဲ ခြောက်သွေ့စွာ ဖြတ်သန်း ခဲ့ရ ပါတယ် ။

myan789

မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး က အင်အား ကြီးမား လာပြီး အမှတ်ပေး ဖလားတွေ ၊ ရှုံးထွက် ဖလားတွေ နဲ့ ချန်ပီယံ လိဂ် တို့ကို ရယူ နိုင်ခဲ့ သလို အာဆင်နယ် ကလည်း FA Cup တွေကို ရယူကာ အများဆုံး အသင်း အဖြစ် စံချိန်သစ် စိုက်ထူ နိုင်ခဲ့ ပါတယ် ။ သမိုင်း အစဉ်အလာ ကောင်းတဲ့ စပါး ကတော့ ၂၀၀၈ ဟာ သူတို့ ရဲ့ နောက်ဆုံး အောင်ပွဲ ဖြစ်နေဆဲ ပါပဲ ။

ဒီအချိန် ကာလ အတွင်းမှာ စပါး တို့ အပေါင်း လက္ခဏာ ဆောင်တဲ့ တိုးတက်မှုတွေ ရှိလာခဲ့ ပါတယ် ။ ပိုချက်တီနို လက်ထက် မှာ စပါး ဟာ အလယ်အလတ် အဆင့် ကနေ ဥရောပ ဝင်ခွင့်ကို ပုံမှန် ရယူ နိုင်တဲ့ အသင်း အဆင့်ကို တိုးတက် လာခဲ့သလို ခေတ်မီ နည်းပညာတွေ ပါဝင်တဲ့ ကွင်းသစ်ကြီး ကိုလည်း တည်ဆောက် ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒါတွေ ဟာ ဖလား အောင်မြင်မှု မပါတာကြောင့် ပြီးပြည့်စုံ တဲ့ ချိုမြိန်မှု မဖြစ်ခဲ့ ပါဘူး ။ ဒါကြောင့်လည်း စပါး အကြီးအကဲတွေ ဟာ အသင်းကို ၅ နှစ်ကြာ အရောင်တင် ပေးခဲ့တဲ့ ပိုချက်တီနို နဲ့ လမ်းခွဲပြီး မော်ရင်ဟို ကို ခန့်အပ် ခဲ့တာ ပါပဲ ။

မော်ရင်ဟို ဟာ ရောက်လေရာ အသင်းတိုင်း လိုလိုမှာ ၃ နှစ်ထက် ပိုမခံ ခဲ့ပါဘူး ။ ဒါပေမယ့် သူဟာ ဖလား အာမခံ ချက် ရှိတဲ့ နည်းပြ ဖြစ်ပြီး ရောက်လေရာ အသင်းတိုင်းနဲ့ ဖလားရခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် လို အကျဘက် ကို ရောက်နေတဲ့ အသင်းကိုတောင်မှ ယူရိုပါလိဂ် ၊ လိဂ် ဖလားတွေ အရယူပေး ခဲ့ပြီး ဒုတိယမြောက် ရာသီမှာ အဆင့် ၂ အထိ တက်လှမ်းပေး နိုင်ခဲ့ တာပါ ။

ဒါကြောင့်လည်း ဖလား အောင်ပွဲကို မဖြစ်မနေ လိုအပ် နေပြီဖြစ်တဲ့ စပါး အတွက် မော်ရင်ဟို ကို ယုံကြည်ခဲ့ ကြတာ ဖြစ်နိုင်ပါတယ် ။ မော်ရင်ဟို ကလည်း ဒီလို ယုံကြည်ပေးရ လောက်အောင် ထိုက်တန်တယ် ဆိုတာကို အလုပ် နဲ့ သက်သေပြ ခဲ့ပါတယ် ။ အခု သူတို့ လိဂ် ဖလား ဖိုင်နယ် ကို ရောက်ခဲ့ ပါပြီ ။

ဖိုင်နယ် ရောက်တာထက် စပါး ပရိသတ်တွေ ကို ရင်ခုန် စိတ်လှုပ်ရှားစေ နိုင်တဲ့ အရာကတော့ မော်ရင်ဟို ရဲ့ လိဂ် ဖလား ဗိုလ်လုပွဲ မှတ်တမ်းပဲ ဖြစ်နေမှာပါ ။ ပေါ်တူဂီ နည်းပြကြီး ဟာ အင်္ဂလန် မြေပေါ်မှာ လိဂ် ဖလား ဖိုင်နယ် ကို ၄ ကြိမ် ကစားခဲ့ ဖူး ပါတယ် ။ အဲ့ဒိ ၄ ကြိမ် မှာ ၄ ကြိမ်စလုံး ဗိုလ်စွဲ ခဲ့ပါတယ် ။

မော်ရင်ဟို ဟာ ချဲလ်ဆီး အသင်း နည်းပြ အဖြစ် နဲ့ ၂၀၀၅ ၊ ၂၀၀၇ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ၃ ကြိမ် ၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် နဲ့ ၂၀၁၇ ခုနှစ် မှာ ၁ ကြိမ် လိဂ်ဖလား ဖိုင်နယ် တက်ရောက် ခဲ့ပြီး ၄ ကြိမ် စလုံးမှာ ပြိုင်ဘက်တွေကို အနိုင်ရ ဗိုလ်စွဲ ထားခဲ့ ပါတယ် ။ စပါး ပရိသတ်တွေ အတွက်တော့ တကယ့် ရင်ခုန်စရာ ပါပဲ ။

ဒါတင် မကပါဘူး ။ မော်ရင်ဟို ဟာ သူ့ရဲ့ နည်းပြ ဘ၀ မှာ ရှုံးထွက် ဖလား ဖိုင်နယ် ပေါင်း ၁၅ ကြိမ် ကစား ခဲ့ပြီး ၃ ကြိမ်သာ ရှုံးနိမ့် ခဲ့ကာ ၁၂ ကြိမ် အထိ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ ပါတယ် ။ မော်ရင်ဟို ဟာ ငွေဓါတ် နဲ့ မတည့်ဘဲ ရွှေဓါတ် နဲ့ တည့်သူလို့တောင် ဆိုရမှာပါ ။

၂၀၀၈ ကနေ အခု အတွင်းမှာ စပါးတို့ ဖလား ဖိုင်နယ်တွေ ရောက်ခဲ့ ပါတယ် ။ FA Cup ၊ လိဂ် ဖလား စတာတွေ အပြင် ဥရောပ ရဲ့ အမြင့်ဆုံး ဖလား ဖြစ်တဲ့ ချန်ပီယံ မှာပါ ဗိုလ်လုပွဲ ရောက်ခဲ့ တာပါ ။ ဒါပေမယ့် ဘာ ဖလား မှ မရခဲ့ ပါဘူး ။ အဲ့ဒိ တုန်းက သူတို့မှာ မော်ရင်ဟို မရှိခဲ့ ပါဘူး ။ အခု မော်ရင်ဟို ရှိလာ ပါပြီ ။

ဒီတစ်ကြိမ် သူတို့ ဖလား ရနိုင်ပြီလား . . . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular