ဆာလား အပေါ် အီဂျစ်မီဒီယာတွေနဲ့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ ပက်လင်ဒါ

လီဗာပူး လက်ထောက်မန်နေဂျာ ပက်လင်ဒါက ဒူးကောက်ကြောဒဏ်ရာ ရသွားခဲ့တဲ့ မိုဟာမက်ဆာလားကို UK ပြန်ခေါ်ကာ ကလပ်ရဲ့ ဆေးအဖွဲ့နဲ့ ဆေးကုသမှု ခံယူရန် လုပ်ဆောင်ခဲ့တဲ့ လီဗာပူးရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်သွားခဲ့ပါတယ်။ ဆာလားဟာ ဂါနာနဲ့ သရေကျခဲ့တဲ့ အာဖရိဖလား အဖွင့်ပွဲစဉ်မှာ ဒူးကောက်ကြောဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ၃ ပတ် ဒါမှမဟုတ် ၄ ပတ်လောက် အနားယူရဖို့ ရှိနေပါတယ်။

အစောပိုင်းမှာတုန်းက ဆာလားဟာ အသေးစားဒဏ်ရာ ရခဲ့တယ်လို့ တွက်ခဲ့ပေမယ့် ဒဏ်ရာက ထင်ထားတာထက် ပြင်းထန်နေပြီး အီဂျစ်စတား အနေနဲ့ ၂၁-၂၈ ရက်ကြား နားရမှာ ဖြစ်ပါတယ်။ အီဂျစ်ဆေးအဖွဲ့ နဲ့ လီဗာပူး ဆေးအဖွဲ့ တို့ တိုင်ပင်မှု ပြုလုပ်ခဲ့ပြီးနောက် ဆာလား အမြန်ဆုံး ပြန်လည် ကြံ့ခိုင်လာစေရန် facilites ကောင်းတွေ ရှိနေတဲ့ UK မှာ ဆက်လက် Rehab လုပ်သွားရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

myan789

အီဂျစ် မီဒီယာတွေနဲ့ ကစားသမားဟောင်း တချို့ ကတော့ ဆာလား အနေနဲ့ လက်ရွေးစင် အသင်းမှာ အသင်ဖော်တွေနဲ့ အတူ ဆက်ရှိနေကာ အီဂျစ် ဆေးအဖွဲ့နဲ့ ကုသမှု ခံယူသင့်တယ်ဆိုပြီး ဝေဖန်နေကြပေမယ့် ပက်လင်ဒါ ကတော့ အီဂျစ်တို့ အကယ်လို့များ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေ တက်ရောက်ခဲ့မယ်ဆိုရင် အဆိုပါ ပွဲစဉ်တွေမှာ ဆာလား ၀င်ကစားနိုင်ရန် အမြန်ဆုံး fit ဖြစ်ဖို့အတွက် လီဗာပူး ဆေးအဖွဲ့နဲ့ ကုသတာ အကောင်းဆုံး ဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။

ဆာလားအား ဝေဖန်မှုတွေ အပေါ် ပက်က “ပေးဆပ်မှုနဲ့ ပက်သက်ပြီး ခင်ဗျားတို့ လုံး၀ သံသယ မဖြစ်သင့်တဲ့ သူတစ်ဦး ကတော့ မိုဆာလား ပါပဲ။ မိုလောက် ပရော်ဖက်ရှင်နယ်ကျတဲ့ ကစားသမား or လူသားကို ကျနော် မမြင်ခဲ့ဖူးပါဘူး။ နိုင်ငံဟာ သူ့ကို ဆုံးရှုံးခဲ့တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေမယ်ဆိုတာ ကျနော်သိပါတယ်။

သူ ဒဏ်ရာရတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ ကျနော်တို့လည်း စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ သူဟာ ပထမပွဲမှာ သွင်းဂိုး ဂိုးဖန်တီးမှု လုပ်ပြီး နိုင်ငံကို အကောင်းဆုံး ဦးဆောင်ခဲ့ပါတယ်။ သူ့ကို ဒီမှာ ပြန်ပြီး rehab လုပ်ရန် ဆုံးဖြတ်ချက်တဲ့ အကြောင်းရင်းကတော့ အကယ်လို့များ အီဂျစ်တို့ ဖိုင်နယ် တက်ခဲ့မယ်ဆိုရင် သူ ၀င်ကစားနိုင်ဖို့ အခြေအနေကောင်းမှာ ရှိနေအောင် ဖြစ်ပါတယ်။

အစောပိုင်းက သူ တစ်ပတ်လောက်ပဲ နားရမယ်လို့ မှန်းခဲ့ကြပေမယ့် အသေးစိတ် စကန်ဖတ်စစ်ဆေးပြီးတဲ့ အချိန်မှာတော့ ဒူးကောက်ကြော စုတ်ပြဲမှု ရှိခဲ့ပြီး အရာအားလုံး အဆင်ပြေပြေ ဖြစ်ခဲ့မယ်ဆိုရင် သူ ၃ ပတ်ကနေ ၄ ပတ်ကြား နားရနိုင်ပါတယ်။ ဒါပေမယ့် ကျနော် တကယ် ပျော်ရွှင်မိတာကတော့ အီဂျစ်ဆေးအဖွဲ့ နဲ့ လီဗာပူး ဆေးအဖွဲ့တို့ ပူးပေါင်းအလုပ်လုပ်ကာ ဒီလို ဆုံးဖြတ်ချက်ကို ပူးတွဲ ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံနဲ့ ကလပ်အသင်းတို့ကြား ကစားသမားကို အဓိကထားကာ ဘယ်လို ပူးပေါင်းလုပ်ဆောင်သင့်သလဲဆိုတာ ဥပမာပါပဲ။ ကျနော်တို့ဟာ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ သူ့အတွက် ဒီနေရာဟာ rehab လုပ်ဖို့ အတွက် အကောင်းဆုံး ပတ်၀န်းကျင် ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular