ဆဗင်ဂိုရန်အဲရစ်ဆင်ကို ဖိတ်ခေါ်မှု လုပ်သွားခဲ့တဲ့ လီဗာပူး မန်နေဂျာ ယာဂန်ကလော့

အင်္ဂလန် နည်းပြဟောင်း ဖြစ်သူ ဆဗင်ဂိုရန်အဲရစ်ဆင်က သူဟာ တစ်နှစ်လောက်သာ ခံတော့မယ့် ကင်ဆာရောဂါဝေဒနာကို ခံစားနေရကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော်သွားခဲ့ပြီး သူ့အနေနဲ့ ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ လီဗာပူးကို တစ်ခါမှ မကိုင်တွယ်ဖူးခဲ့တဲ့ အတွက် နောင်တရမိတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

မန်စီးတီး နည်းပြဟောင်းလည်း ဖြစ်သူ အဲရစ်ဆင်ဟာ နည်းပြဘ၀ကို နှစ်ပေါင်း ၃၀ ကျော်ကြာ ဖြတ်သန်းခဲ့ပြီး ဘင်ဖီကာ ရိုးမား လာဇီယို ဂိုတီဘော့ တိုနဲ့အတူ ဆုဖလားတွေ ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရောဂါကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဲရစ်ဆင်က သူဟာ အန်ဖီးမှာ လီဗာပူးကို ကိုင်တွယ်ချင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဒ့ါကြောင့်လည်း လီဗာပူး ပရိတ်သတ်တွေဟာ မတ်လ International break မှာ ပြုလုပ်သွားမယ့် လီဗာပူး ဂန္တ၀င် vs အိုင်ယက် ဂန္တ၀င် တို့ရဲ့ LFC Foundation ရံပုံငွေ ပွဲစဉ်မှာ အဲရစ်ဆင်ကို ကိုင်တွယ်ခွင့်ပေးရန် တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

myan789

ကလော့က ဒီဆုံးဖြတ်ချက်ဟာ သူ့အပေါ် မူတည်ခြင်း မရှိဘူးလို့ ဆိုလိုက်ပေမယ့် အဲရစ်ဆင်ကို ကလပ်ရဲ့ ကာဘီလေ့ကျင့်ရေးကွင်းထံ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှု လုပ်သွားခဲ့ပါတယ်။

ကလော့က “ကျနော် သူ့ကို ကံမကောင်းစွာနဲ့ မသိရှိခဲ့ပါဘူး။ သူ့အကြောင်းတွေတော့ ကျနော် သိနေတာပေါ့ဗျာ။ ကျနော် သိရသလောက်ကတော့ ကျနော်တို့ တစ်ကြိမ်မှတော့ မဆုံခဲ့ဖူးပါဘူး။ ဟုတ်ပါတယ်။ သူ့ရဲ့ သတင်းကို ကြားလိုက်ရတဲ့ အချိန်မှာ တကယ့်ကို ခံစားရပါတယ်။ လီဗာပူး နဲ့ ပက်သက်ပြီး သူ့ရဲ့ ချစ်ခင်နှစ်သက်မှုကိုလည်း ကျနော် ပထမဦးဆုံး ကြားသိခဲ့ရပါတယ်။ သူဟာ တစ်ဘ၀လုံး လီဗာပူးဖန် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် အခု ဂန္တ၀င်ပွဲနဲ့ ပက်သက်ပြီး သတင်းတွေကြားနေပါတယ်။

ကျနော်ဟာ ဒီပွဲကို စီစဉ်သူ မဟုတ်ပါဘူး။ ဒ့ါကြောင့် ဒါနဲ့ပက်သက်ပြီး ကျနော် ဘာမှ မပြောနိုင်ပါဘူး။ ကျနော် ပြောနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ သူ့ကို ဒီနေရာကနေ တကယ့်ကို ကြိုဆိုနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုံးခန်းထဲက ကျနော့်ခုံမှာ ထိုင်ပြီး သူ အလိုရှိမယ်ဆိုရင် တစ်ရက်လောက် ကျနော့်ရဲ့ အလုပ်တွေ လုပ်လို့ ရပါတယ်။

ဒါကတော့ ပြသနာ မရှိပါဘူး။ ကွင်းဘေးစည်းကနေ ပွဲကို ကြီးကြပ်တာကတော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ သူ့ကို ဒီလေ့ကျင့်ရေးကွင်းကို ဖိတ်ခေါ်ပြီး ကလပ်ဟာ ဒီနှစ်ပိုင်းအတွင်း ဘယ်လောက် တိုးတက်လာခဲ့သလဲဆိုတာ ပြသသွားချင်ပါတယ်။ ဒါကတော့ ကျနော်တို့ သူ့ကို သေချာပေါက် ပြောသွားမယ့် အရာ ဖြစ်ပါတယ်။

သူ ဒီကို လာခဲ့မယ်ဆိုရင် တကယ့်ကို ကောင်းမွန်လှတဲ့ အခိုက်အတန့်တစ်ချို့ကို ရလိမ့်မယ် ဆိုတာကတော့ သေချာပါတယ်။”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular