ဆန်းချက် အတွက် အိတ်စိုက်ခဲ့ရတဲ့ ယူနိုက်တက် ၊ ဘေးလ် နဲ့ ဇီဒန်း ကြားက အက်ကွဲကြောင်း ၊ ဘာစီလိုနာ ရဲ့လူသစ်ခေါ်ယူမှုနဲ့ . . .

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ကို အင်တာ မီလန် အသင်းဆီ ပြောင်းရွှေ့ စေဖို့ အတွက် ပေါင် ၉ သန်း ထပ်မံ စိုက်ထုတ် ပေးခဲ့ ရသေးတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တာဝန် ရှိသူတွေ ကတော့ ဆန်းချက် ရဲ့ လက်ကျန် စာချုပ် သက်တမ်း အတွင်းမှာ ပေးချေ ရမယ့် လုပ်ခ စုစုပေါင်း ပေါင် သန်း ၅၀ သက်သာ သွားတာကို ပျော်ရွှင် နေလိမ့်မယ်လို့ သတင်းတွေ က ရေးသားဖော်ပြ ခဲ့ပါတယ် ။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကတော့ လူငယ်လေး အဲရစ် ဂါစီယာ ဟာ အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ဖို့ ကို ငြင်းဆို ခဲ့ပြီး အသင်း ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

myan789

တော့တင်ဟမ် ဟော့စပါး အသင်း ကတော့ သူတို့ရဲ့ ဂန္ထဝင် အသင်း ခေါင်းဆောင်ဟောင်း လက်ဒလေ ကင်း ကို အသင်းရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ခန့်အပ် လိုက်ပြီလို့ တရားဝင် ကြေညာ သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် အသင်း အများစု ဟာ ဘောလုံးပွဲတွေ ပြန်စချိန် မှာ အသုံးပြု ခဲ့တဲ့ လူ ၅ ဦး လဲခွင့် ကို ဆက်လက် အသုံးမပြု လိုကြောင်း မဲထည့် ခဲ့တာ ကြောင့် လာမယ့် ၂၀၂၀ – ၂၁ ရာသီ မှာ ယခင် အတိုင်း ကစား သမား ၃ ဦး သာ လဲလှယ် ခွင့် ရတော့ မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် ပရီးမီးယားလိဂ် ဟာ လာမယ့် ရာသီက စပြီး ဖီဖာ ရဲ့ VAR အသုံးပြုမှု ပုံစံ အတိုင်း ကွင်းထဲ မှာ ရုပ်သံ တီဗွီ အသေးလေး ထားရှိကာ ကွင်းလယ်ဒိုင်တွေ က ကိုယ်တိုင် ကြည့်ရှုပြီး VAR ဒိုင်တွေ နဲ့ ဆွေးနွေးကာ ဆုံးဖြတ်မယ်လို့ လည်း သိရ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ပွဲစဉ်တွေ အပြီး မှာတော့ လေဗာကူဆင် ၊ ဆီဗီးလား ၊ ဘေဆယ် နဲ့ ဝုဗ် တို့ ကွာတား ဖိုင်နယ် ကို တက်ရောက် လာခဲ့ ကြပါတယ် ။ ကွာတား အဆင့် မှာတော့ အင်တာ နဲ့ လေဗာကူဆင် ၊ ရှက်တာ ဒိုးနက် နဲ့ ဘေဆယ် ၊ ဝုဗ် နဲ့ ဆီဗီးလား ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ကိုပင်ဟေဂင် တို့ ဆုံတွေ့ ခဲ့တယ်လို့ သိရ ပါတယ် ။

ယူရိုပါလိဂ် ရဲ့ ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကို လာမယ့် သြဂုတ်လ ၁၁ နဲ့ ၁၂ ရက်နေ့တွေ မှာ ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်ပြီး တစ်ကျော့သာ ကစားသွားမယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး နဲ့ သတင်း ထွက်နေတဲ့ နောက်ခံလူ ရီဂွီလင် ကတော့ အပြောင်း အရွှေ့ နဲ့ ပတ်သက်တဲ့ မေးခွန်း တွေ ကို ငြင်းဆန်ခြင်း မရှိခဲ့ဘူးလို့ သိရ ပါတယ် ။

ယူနိုက်တက် နဲ့ သတင်းကြီး နေတဲ့ ဂျေဒန် ဆန်ချို ကတော့ ယမန်နေ့ က ဒေါ့မွန် နဲ့ လေ့ကျင့်မှု ဆက်လက် ပြုလုပ် ခဲ့ပြီး ပေါင် ၁၀၈ သန်းတန် အပြောင်း အရွှေ့ ဟာ ကလပ် ၂ သင်း အကြား ညှိနှိုင်းမှု ကြောင့် ကြန့်ကြာ နေဆဲ ဖြစ်ပါတယ် ။

အဲဗာတန် အသင်း နည်းပြ ကားလိုစ့် အန်ဆယ်လော့တီ ဟာ နာပိုလီ မှာ ကိုင်တွယ် ခဲ့ဖူးတဲ့ကွင်းလယ်လူ အလန် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ဘရာဇီးသား အတွက် ပေါင် ၂၂.၅ သန်းအသုံးပြုရဖွယ်ရှိတယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် အန်ဆယ်လော့တီဟာညာနောက်ခံလူနေရာအတွက်မန်ချက်စတာယူနိုက်တက် ကစား သမားလေး ဒီယေဂို ဒါးလော့ ကိုလည်း မျက်စိကျ နေတယ်လို့ သိရ ပါတယ် ။

အဲဗာတန် နဲ့ ဝုဗ် အသင်းတို့ ဟာ ဘာစီလိုနာ ကွင်းလယ်လူ ရာဖင်ဟာ အယ်ကန်ထရာ ကို စိတ်ဝင်စား နေကြတယ် လို့လည်း သိရ ပါတယ် ။ ဆယ်တာဗီဂို မှာ အငှားထွက် ကစား နေတဲ့ရာဖင်ဟာဟာအတွက် ဘာစီလိုနာ က ပေါင် ၁၅ သန်း ခန့် တောင်းဆို နိုင်တယ်လို့ လည်း သိရ ပါတယ် ။

ရီးရဲ နည်းပြကြီး ဇီဒန်း ကတော့ တောင်ပံ ကစား သမား ဂါရတ်ဘေးလ် ဟာ မန်စီးတီး နဲ့ ပွဲ ကို လိုက်ပါ မကစား လိုကြောင်း သူ့ကို လာရောက် ပြောကြားခဲ့တာ ဖြစ်တဲ့ အတွက် အခုလို လူစာရင်းကနေချန်လှပ် ခဲ့တာ ဖြစ်ပါတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ တိုက်စစ်မှုးကြီး အော်ဘားမီးယန်း ကို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းခွဲ အထိ ပေးချေကာ စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အလွန် နီးစပ် နေပြီလို့ ယမန်နေ့ ညနေ ပိုင်းက သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ဘရာဇီး ကလပ် ဆာအို ပေါ်လို အသင်းရဲ့ လူငယ် ကစား သမားလေး ဂူစတာဗို မာမီယာ ကို ပေါင် ၄ သန်း တည်းနဲ့ ခေါ်ယူ ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုကာ ပေါင် သန်း 270 တန် စာချုပ် ဖျက်သိမ်း ကြေး ကိုလည်း ထည့်သွင်း သွားခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။

အက်စတွန်ဗီလာ လက်ထောက် နည်းပြ ဂျွန်တယ်ရီ ဟာ အက်ဒီဟိုဝီ ထွက်ခွာသွားတာကြောင့်လစ်လပ် နေတဲ့ ဘုန်းမောက် အသင်း နည်းပြ ရာထူး အတွက် ရေပန်းစား နေတယ် လို့ လည်း ကြားသိရ ပါတယ် ။

လီဗာပူး အသင်းဟာ နောဝှစ်ချ် စီးတီး ဘယ် နောက်ခံလူ ဂျာမဲလူးဝစ်ကိုပေါင်၁၀သန်းနဲ့စတင်ကမ်းလှမ်း ခဲ့ပြီး နောဝှစ်ချ် ဘက်က ပယ်ချ ခဲ့ကာ ပေါင် သန်း ၂၀ အထိ အလို ရှိနေခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် လီဗာပူး ကတော့ သန်း ၂၀ အထိ ပေးဖို့ စိတ်ကူး မရှိဘဲ လူငယ် ကစားသမားတစ်ဦးကိုထပ်မံအလိုက်ပေး ထည့်သွင်းကာ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ ကြားသိရ ပါတယ် ။

လာဇီယို အသင်း ကတော့ မန်စီးတီး နဲ့ စာချုပ် ပြည့်သွားတဲ့ ဝါရင့် ကွင်းလယ် ကစား သမားကြီး ဒေးဗစ် ဆေးလ်ဗား ကို တစ်ပတ် လုပ်ခ ပေါင်၅၂၀၀၀၊အသင်းပိုင်ဂျက်လေယာဉ်၊နေအိမ်အသုံးပြုခွင့်တို့ပါဝင်တဲ့ ၂ နှစ် စာချုပ် ကို ကမ်းလှမ်း ထားတယ် လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ဆောက်သမ်တန် ကစား သမား ပီယာ အီမလီ ဟော့ဂျ်ဘာ့ ကို ပေါင် သန်း ၂၀ + အပိုဆုကြေး တွေ နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် စိန့် အသင်း က ပယ်ချ ခဲ့တယ်လို့ သိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular