ဆန်ပေါ်လိုကွင်းကို မာရာဒိုနာအမည်ပေး၍ ဂုဏ်ပြုရန် နာပိုလီအသင်းအား နေပယ်မြို့တော်ဝန် တိုက်တွန်း

နေပယ်မြို့တော်ဝန် ဒီမာဂီစထရစ်က နာပိုလီအသင်းသည် မာရာဒိုနာအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏အိမ်ကွင်း ဆန်ပေါ်လိုကို မာရာဒိုနာ၏အမည်သို့ ပြောင်းလဲသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

နာပိုလီမြို့တော်ဝန် လူအစ်ဂီဒီမာဂီစထရစ်က နာပိုလီအသင်းအား ၎င်းတို့၏ အိမ်ကွင်းဖြစ်သော ဆန်ပေါ်လိုကွင်းကို မာရာဒိုနာ အမည်ပေး၍ ဂုဏ်ပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

myan789

အာဂျင်တီးနားဘောလုံးဂန္ထဝင်ကြီး မာရာဒိုနာသည် နိုဝင်ဘာ(၂၅)ရက်နေ့က ၎င်း၏ နေအိမ်တွင် နှလုံးဖောက်၍ ရုတ်တရတ် ကွယ်လွန်ခဲ့သည်။

အသက်(၆၀)အရွယ်ရှိ မာရာဒိုနာသည် ယခုလအစောပိုင်းက ဦးနှောက်သွေးခဲမှုကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် အခြေအနေများ ပြန်လည်သက်သာကာ ဆေးရုံမှ ဆင်းခဲ့ရပြီး ၎င်း၏ဘဝတွင် အသက်ဘေးနှင့် နီးကပ်သည့် ကျန်းမာရေးပြဿနာများကို (၃)ကြိမ်တိုင် ဆေးရုံတက်၍ ဖြေရှင်းခဲ့ရသူဖြစ်သည်။

မာရာဒိုနာ၏ ကွယ်လွန်ခြင်းအတွက် ကမ္ဘာတစ်ဝန်းလုံးရှိ ပရိသတ်များက ဝမ်းနည်းစကားဆိုနေကြပြီး ၎င်းအား နတ်ဘုရားတစ်ပါးသဖွယ် မြတ်နိုးကြသည့် အာဂျင်တီးနားနိုင်ငံနှင့် နာပိုလီအသင်းတည်ရှိရာ နေပယ်မြို့တွင် အထူးပူဆွေးသောကရောက်လျက် ရှိသည်။

နေပယ်မြို့တော်ဝန် ဒီမာဂီစထရစ်က နာပိုလီအသင်းသည် မာရာဒိုနာအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏အိမ်ကွင်း ဆန်ပေါ်လိုကို မာရာဒိုနာ၏အမည်သို့ ပြောင်းလဲသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

ဒီမာဂီစထရစ်က “ဒီယေဂိုမာရာဒိုနာ၊ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားဟာ ကွယ်လွန်ခဲ့ပါပြီ။ ဒီယေဂိုက နေပယ်မြို့ကလူတွေကို အိပ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် ကူညီခဲ့တယ်။ နေပယ်မြို့ကို သူ့ရဲ့ ပါရမီတွေနဲ့ အဖက်ဆယ်ပေးခဲ့တယ်။ ဒီယေဂို . . . ခင်ဗျားဟာ အာဂျင်တိုင်းသားလည်းဖြစ်၊ နေပယ်မြို့သားလည်း ဖြစ်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့ကို ပျော်ရွှင်မှုတွေ ပေးခဲ့ပါတယ်။ နေပယ်မြို့ကလည်း ခင်ဗျားကို ချစ်ပါတယ်။ ဆန်ပေါ်လိုကွင်းနာမည်ကို ဒီယေဂိုအာမန်ဒိုမာရာဒိုနာ ဆိုပြီး ပြောင်းပေးကြပါစို့”ဟူ၍ ၎င်း၏ Twitter အကောင့်တွင် ရေးတင်ခဲ့သည်။

မာရာဒိုနာသည် နာပိုလီအသင်းတွင် ၁၉၈၄ မှ ၁၉၉၁ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းအတွက် စကူဒတ်တိုချန်ပီယံဆုဖလား(၂)ကြိမ် ရယူပေးခဲ့သည့် ဂန္ထဝင်ကစားသမားဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular