စီးရီးအေ ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

ပါးမား – အတ္တလန်တာ (မြန်မာစံတော်ချိန် ဇူလိုင် ၂၉ ရက် ဝဝးဝ၀ နာရီ)

အတ္တလန်တာက ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေသေးပေမယ့် တိုက်စစ်မုန်တိုင်း ရပ်တန့်သွားပါပြီ။ ပါးမားက အာရုံပြန်စိုက်ကစားနေပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ နာပိုလီကို အနိုင်ရထားပါတယ်။ ဒီပွဲမှာလည်း တိုက်စစ်ပုံစံပျက်နေတဲ့ အတ္တလန်တာဆီကနေ အမှတ်လုယူပါလိမ့်မယ်။ နှစ်သင်းပေါင်း သွင်းဂိုးများမယ်။

myan789

အင်တာမီလန် – နာပိုလီ (မြန်မာစံတော်ချိန် ဇူလိုင် ၂၉ ရက် နံနက် ၂း၁၅ နာရီ)

Restart ကာလမှာ အင်တာမီလန်က ရှုံးပွဲတစ်ပွဲသာရှိပြီး ဂိုးပြတ်အောင်ပွဲတချို့ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးယုံကြည်လို့မရဘူး။ တိုက်စစ်စွမ်းဆောင်ရည် အတက်အကျများပြီး လော်တာရိုမာတီနက်ဇ်က ဂိုးလိုအပ်ချိန်မျိုးဆိုရင် ဗွေဖောက်တက်တယ်။ နာပိုလီက နည်းပြ ဂတ်တူဆိုလက်ထက်မှာ အရင်လိုတိုက်စစ်စိတ်သန်အသင်းမျိုး မဟုတ်တော့ဘူး။ ခံစစ်ဗဟိုပြုကစားဟန်နဲ့ နိုင်ပွဲသေချာအောင် ပုံဖော်လာလေ့ရှိတယ်။ (၄-၃-၃)ပုံံစံကို အသုံးပြုနေဆဲဖြစ်ပေမယ့် ဂတ်တူဆိုရဲ့ အလှည့်ကျလူထုတ်ပုံ လိုအပ်တာထက်ပိုများလို့ ကစားပုံမတည်ငြိမ်ဘူး။ နောက်ပိုင်းပွဲတွေမှာ မာတင်စ်ကို အသုံးပြုမှုလျော့ကျလာလို့ အင်ဆစ်ဂ်နီ၊ ကယ်လီဟွန်တို့လည်း ဟန်ချက်ပျက်နေရတယ်။ ပိုလီတာနို၊ လိုဇာနိုတို့က တစ်ဦးချင်းထက်မြက်ပေမယ့် အသင်းလိုက်နားလည်မှု လိုအပ်နေပါသေးတယ်။ နှစ်သင်းစလုံးမှာ တိုက်စစ်ကစားသမားကောင်းတွေ ရှိနေလို့ ဂိုးများမယ့်သရေပွဲဖြစ်နိုင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular