စီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ခရိုတိုနီ – အတ္တလန်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၈:၃၀ နာရီ)
အတ္တလန်တာက ဂိုးတွေသွင်းနေဆဲဖြစ်ပေမဲ့ ခံစစ်က ဂိုးတွေပေးနေရတာ စိတ်ပျက်စရာပါပဲ။ ခရိုတိုနီက ဂျူဗင်တပ်စ်ကို သရေခံကစားနိုင်ခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ ကာဂလီယာရီကို ဂိုးပြတ်အရေးနိမ့်ထားပါတယ်။ ခရိုတိုနီရဲ့လက်ရှိခံစစ်ကစားပုံအရ အတ္တလန်တာတိုက်စစ်သာ ပုံမှန်အတိုင်းထက်မြက်နေရင် ထိန်းချုပ်နိုင်မယ်မထင်ဘူး။ စီးရီးအေ (၂)ပွဲဆက်ဂိုးပြတ်ရှုံးထားတဲ့ အတ္တလန်တာ (၂)ဂိုးပြတ်နိုင်ပွဲ ပြန်ယူပါလိမ့်မယ်။

အင်တာမီလန် – ပါးမား (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၁၁:၃၀ နာရီ)
ကွန်တီရဲ့အင်တာမီလန်က တိုက်စစ်ကစားပုံကောင်းမွန်ပေမဲ့ ဂိုးသွင်းမသေချာတဲ့ပြဿနာ စွဲကပ်နေတယ်။ လော်တာရိုမာတီနက်ဇ်က အဆုံးသတ်မသေချာလို့ လူကာကူတစ်ဦးတည်းကို အားကိုးနေရတယ်။ ပါးမားက ဒီရာသီမှာ အခြေအနေတွေ ယိမ်းယိုင်နေတယ်။ ဂျာဗင်ဟိုပြန်ပါလာလို့ ဂိုးတွေရလာပေမဲ့ ခံစစ်က ဂိုးတွေခပ်လွယ်လွယ်ပေးနေရတယ်။ အင်တာမီလန် အနိုင်သေချာပြီး (၂)ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

myan789

ဘိုလော့ဂ်နာ – ကာဂလီယာရီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက်၊ နံနက် ၂:၁၅ နာရီ)
ကာဂလီယာရီက နောက်ပိုင်းပွဲတွေမှာ ကစားပုံပိုပြီး ထက်မြက်လာတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကစားပုံ တည်ငြိမ်လာပြီး ဂိုးတွေပုံမှန်သွင်းနေတယ်။ ဘိုလော့ဂ်နာက အိမ်ကွင်းမှာ ပိုပြီး ရုန်းကန်တတ်ပေမဲ့ သိပ်ပြီးယုံကြည်လို့မရဘူး။ နှစ်သင်းပေါင်း သွင်းဂိုး (၃)ဂိုးရှိနိုင်ပြီး ဘိုလော့ဂ်နာ အမှတ်ရမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular