စီးရီးအေပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

ဆမ်ဒိုးရီးယား – ကာဂလီယာရီ (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၂:၀၀ နာရီ)
ဆမ်ဒိုးရီးယားက အမှတ်ပိုလိုအပ်နေတယ်။ ကာဂလီယာရီက အမှတ်သိပ်ပြီးမလိုအပ်ပေမယ့် တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်နေပြီး စုဖွဲ့မှုနဲ့ ကစားပုံက ဆမ်ဒိုးရီးယားထက် ပိုကောင်းပါတယ်။ ကာဂလီယာရီ အမှတ်ရရှိအောင်ကစားဦးမယ်ဆိုပေမယ့် ဆမ်ဒိုးရီးယား မဖြစ်မနေအနိုင်ယူပါလိမ့်မယ်။

ဘိုလော့ဂ်နာ – နာပိုလီ (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၂:၀၀ နာရီ)
ဘိုလော့ဂ်နာနည်းပြ မီဟိုင်းလိုဗစ်ချ်က အသင်းကြီးတွေ နဲ့ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းအောင် ပိုပြီးအားထုတ်လေ့ရှိပါတယ်။ အင်တာမီလန်နဲ့ပွဲက သက်သေဖြစ်ပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေကို လက်နက်ကောင်းအဖြစ် အသုံးချလေ့ရှိတယ်။ နာပိုလီက နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲတွေမှာ ခံစစ်ကို ပိုသတိထားပြီး ကစားလေ့ရှိတယ်။ နှစ်သင်းပေါင်း (၃) ဂိုးထက်မပိုနိုင်ဘဲ နာပိုလီ အမှတ်လျော့သွားနိုင်တယ်။

myan789

အေစီမီလန် – ပါးမား (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၂:၀၀ နာရီ)
အေစီမီလန်ရဲ့တိုက်စစ်ကစားဟန်ကြောင့် ဂိုးတွေပေးရတတ်တဲ့ ပါးမား အခက်တွေ့ပါဦးမယ်။ ဒီလိုပဲ ပါးမားရဲ့ တောင်ပံတိုက်စစ်ကစားပုံက အေစီမီလန်ခံစစ်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ ယုံကြည်စိတ် ပိုပြီးမြင့်မားနေတဲ့ အေစီမီလန် အနိုင်သေချာပါတယ်။

လက်ချီ – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၂:၁၅ နာရီ)
လက်ချီက မထင်မှတ်ထားတာတွေ လုပ်ပြနေတယ်။ တန်းဆင်းဇုန်ကလွတ်မြောက်နိုင်မယ့် မျှော်လင့်ချက်လည်း နည်းနည်းရှိလာတယ်။ ဖီအိုရင်တီးနားကလည်း အမှားမခံတဲ့အခြေ အနေမျိုးပါပဲ။ ဖီအိုရင်တီးနား စုဖွဲ့မှုပိုကောင်းပေမယ့် တစ်မှတ်လောက်ပဲရမယ်ထင်တယ်။

ရိုးမား – ဗီရိုနာ (မြန်မာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၂:၁၅ နာရီ)
ဗီရိုနာရဲ့ မာကျောတဲ့ကစားပုံက ရိုးမားကို အခက်တွေ့စေနိုင်ပါတယ်။ (၂)ပွဲဆက်နိုင်ထားပေမယ့် ရိုးမားရဲ့ ဂိုးသွင်းနှုန်းက သိပ်ပြီးယုံကြည်လို့မရသလို၊ ကစားဟန်ကလည်း သိပ်ပြီးစွဲမက်စရာမရှိသေးဘူး။ ဗီရိုနာက ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက် အနည်းငယ်ရှိနေသေးပေမယ့် အမှတ်ဆုံးရှုံးမယ်ဆိုရင်လည်း သိပ်ပြီးပြဿနာမရှိဘူး။ ရိုးမားက ယူရိုပါလိဂ်ဝင်ခွင့် သေချာအောင် အနိုင်ကစားပါလိမ့်မယ်။

ဆာဆူအိုလို – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၂:၁၅ နာရီ)
Restart ကာလမှာ ဆာဆူအိုလို အမြင့်ပျံနေတယ်။ (၄)ပွဲဆက်အနိုင်ရထားပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ စီးရီးအေချန်ပီယံမျှော်လင့်ချက် ရှိနေတဲ့ လာဇီယိုကို ဒုက္ခပေးနိုင်ခဲ့တယ်။ လာဇီယိုနဲ့ပွဲမှာ ဘယ်ရာဒီ၊ ဒီဖရဲလ်တို့လို အဓိကကစားသမားတွေ မပါဝင်ပေမယ့် ဘိုဂါရယ်၊ လူငယ်တိုက်စစ်ကစားသမား ရက်စပါဒိုရီတို့ရယ်က ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒီပွဲမှာ ဘယ်ရာဒီ၊ ဒီဖရဲလ်တို့ ပြန်လည်ပါဝင် လာနိုင်လို့ ဆာဆူအိုလိုရဲ့ကစားပုံ ပိုပြီးကောင်းလာနိုင်ပါတယ်။ ဂျူဗင်တပ်စ်က စီးရီးအေချန်ပီယံဆုအတွက် ဖိအားသိပ်မရှိတဲ့ အခြေအနေမျိုးဖြစ်နေပြီ။ ချန်ပီယံဆုအတွက် ပိုပြီးသေချာအောင် ဂျူဗင်တပ်စ် အာရုံစိုက်နေပေမယ့် ကစားပုံက သိပ်ပြီးအားရစရာမရှိဘူး။ စီရော်နယ်လ်ဒို ဂိုးပေါက်ပြန်တွေ့နေတာကလွဲပြီး ဂျူဗင်တပ်စ်မှာ ကောင်းကွက်သိပ်မရှိဘူး။ ကွင်းလယ်နဲ့ တိုက်စစ်ကစားဟန်က အပြောင်းအလဲများပြီး ခံစစ်ကလည်း ဂိုးတွေပေးနေရတယ်။ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

အူဒီးနီးစ် – လာဇီယို (မြန်မာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၂:၁၅ နာရီ)
ချန်ပီယံဆုမျှော်လင့်ချက်ကို လာဇီယို မေ့ရမယ့်အချိန် နီးကပ်နေပါပြီ။ ဒီပွဲမှာသာ အမှတ်ထပ်လျော့ခဲ့ရင် မျှော်လင့်ချက် အဆုံးသတ်သွားပါလိမ့်မယ်။ ပွဲပယ်ပြစ်ဒဏ်ကျခံရပြီးနောက် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီရဲ့ ဂိုးသွင်းစွမ်းရည် အရောင်မှိန်သွားတယ်။ ကွင်းလယ်ကလည်း ဖန်တီးပေးနိုင်စွမ်း နိမ့်ပါးသွား တယ်။ အူဒီးနီးစ်က အမှတ်လိုအပ်နေပါတယ်။ လာဇီယိုနိုင်ပွဲ ပြန်ရသင့်ပေမယ့် အမှတ်လျော့သွားနိုင်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular