စီရော်နယ်လ်ဒို၏ တစ်ရက်အတွင်း စံချိန်တင်အင်္ကျီရောင်းချရမှုကို ရိုးမားအသင်းတိုက်စစ်မှူးသစ် ဒီဘားလား ကျော်ဖြတ်

၂၀၁၈ ခုနှစ်အတွင်း၌ စီရော်နယ်လ်ဒို စံချိန်တင်ထားသည့် အီတလီနိုင်ငံတွင် တစ်ရက်အတွင်း အင်္ကျီရောင်းချရမှုကို ရိုးမားအသင်းတိုက်စစ်မှူးသစ် ဒီဘားလားကျော် ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် သူ၏နာမည်ပါ ဂျူဗင်တပ်စ်အသင်းအင်္ကျီရောင်းချရမှုသည် အီတလီနိုင်ငံတွင် တစ်ရက်အတွင်း စံချိန်တင်အရေအတွက်ဖြစ်ခဲ့ကြောင်း သိရသည်။

myan789

ယခုအခါ ရိုးမားအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားက ဂျူဗင်တပ်စ်အသင်းဖော်ဟောင်း စီရော်နယ်လ်ဒို၏ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Corriere dello Sport ၏ ဖော်ပြချက်အရ ဒီဘားလားနာမည်ပါ ရိုးမားအသင်းအင်္ကျီရောင်းချရမှုသည် တစ်ရက်အတွင်း စံချိန်တင်ဖြစ်ခဲ့ကြောင်း သိရသည်။ သို့သော် ဒီဘားလားနာမည်ပါ ရိုးမားအသင်းအင်္ကျီအရေအတွက်မည်မျှရောင်းချရသည်ဆိုခြင်းအတွက် အသေးစိတ်အချက်အလက်များ မထွက်လာသေးဘဲ လာမည့်ရက်ပိုင်းအတွင်းကျမှ ထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။

ဒီဘားလားသည် ရိုးမားအသင်းတွင် ကျောနံပါတ် (၂၁)ဝတ်ဆင်သွားမည်ဖြစ်ပြီး သူ၏နာမည်ပါ ရိုးမားအသင်းအင်္ကျီတန်ဖိုးသည် ယူရို (၁၁၀) မှ ယူရို (၁၃၀)ကြား ရှိနေသည်။ ဒီဘားလားသည် ရိုးမားအသင်းတွင် တော့တီဝတ်ဆင်ခဲ့သည့် ဂန္ထဝင် ကျောနံပါတ် (၁၀)ကို ဆက်ခံခွင့်ရသော်လည်း ငြင်းပယ်၍ ကျောနံပါတ် (၂၁)အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဒီဘားလားက “ကျွန်တော့်ကို ကျောနံပါတ် (၁၀) ဆက်ခံမလားလု့ိ အသင်းတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ကျောနံပါတ် (၁၀)ဆိုတာ တော့တီ ဝတ်ဆင်ခဲ့ပြီး ရိုးမားအသင်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ အခုအချိန်အထိ ရိုးမားအသင်းရဲ့ ကျောနံပါတ် (၁၀)ဟာ တော့တီပိုင်ဆိုင်ထားတဲ့အရာပါ။ ကျွန်တော့်ကို ကျောနံပါတ် (၁၀)ဝတ်ဆင်ခွင့်ပေးခဲ့လို့ ရိုးမားအသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီကျောနံပါတ်ဟာ လေးစားမှုနဲ့ တာဝန်ယူယူမှု၊ တာဝန်ခံမှုတွေ ပြည့်နှက်နေတဲ့အရာပါ။ တစ်နေ့နေ့မှာတော့ ရိုးမားအသင်းရဲ့ ကျောနံပါတတ် (၁၀)ကို ကျွန်တော် ဝတ်ဆင်သွားပါမယ်။ အခုတော့ ကျောနံပါတ် (၂၁)နဲ့ ကျွန်တော် ကျေနပ်မိပါတယ်။ ဒီနံပါတ်နဲ့အတူ ရိုးမားအသင်းမှာ အောင်မြင်မှုများစွာရယူ ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular