စီဘာယောစ့် နဲ့ ဒေးဗစ်လူးဝဇ် တို့ လေ့ကျင့်ရေးကွင်းမှာ အချင်းများခဲ့ကြမှု နဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့ ရောဘ့်ဟိုးလ်ဒင်း

အာဆင်နယ် အသင်း နောက်ခံလူ ရောဘ့်ဟိုးလ်းင်း က လေ့ကျင့်ရေးကွင်းမှာ စီဘာယောစ့် နဲ့ ဒေးဗစ် လူးဝဇ် တို့ သွေးထွက်သံယို ဖြစ်ကြတဲ့အထိ အချင်းများခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် လိုက်ပြီး ကစားသမား အချင်းချင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ထိခိုက်မှု ရှိရုံသာ ဖြစ်တယ်လို့ ဆိုပါတယ် ။

လေ့ကျင့်ရေးကွင်းမှာ စီဘာယောစ့် ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံရတာကြောင့် ဒေးဗစ်လူးဝဇ် တစ်ယောက် ကိုယ်ထိလက်ရောက် ပြန်လည် တုန့်ပြန် ရာကနေ ကစားသမား နှစ်ဦးကြား အချင်းများခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

myan789

စီဘာယောစ့် ကတော့ အဆိုပါ သတင်းတွေဟာ မဟုတ်မှန်ကြောင်း တွစ်တာမှာ ငြင်းဆန် ထားပါတယ် ။ အာဆင်နယ် အသင်း နောက်ခံလူ ဟိုးလ်ဒင်း ကလည်း လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေ အကြား ပြိုင်ဆိုင်မှု ပြင်းထန်ကြတာကို သဘောကျကြောင်း နဲ့ အခုလက်ရှိမှာ အသင်းသားတွေ အတွင်း ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဟိုးလ်ဒင်း က Sky Sports မှာ ” ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လေ့ကျင့်ရေး အစီအစဉ် တစ်ခုမျှသာပါပဲ ။ ကျွန်တော်တို့ အားလုံးကလည်း ဒီလို ပြိုင်ဆိုင်မှုမျိုးကို အလို ရှိတာပါ ၊ တကယ့်ပွဲမှာ ကစားနေသလိုမျိုးကို ကျနော်တို့ လေ့ကျင့်ကြတာပါ ။ ”

” ဘောလုံး ရယူနိုင်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်း အားထုတ်ကြပါတယ် ၊ ဘောလုံးက ကိုယ့်ကို ကျော်သွားရင်တောင် မရမက ပြန်လည် ရယူဖို့ကို စိတ်အား ထက်သန်မှု ရှိကြပါတယ် ၊ ကစားသမားတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်ရုံပါပဲ ၊ ပြဿနာ တစ်ခုလို့တော့ မမြင်ပါဘူး ။ ”

” အားလုံးက အခု သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြပါပြီ ၊ အချင်းချင်း ပုံမှန်ပဲ ရယ်မောပြီး ဟာသ လုပ်နေကြတုန်းပါ ၊ အားလုံး အဆင်ပြေပြေ ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အသင်း အတွင်း သတင်းတွေကို မီဒီယာတွေထံ ပြောပြခဲ့သူ ရှိနေတာမျိုးကို သဘောမကျကြောင်း ပြောကြားလိုက်ပါတယ် ။

အာတီတာ က လိဒ်ယူနိုက်တက်နဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ” အသင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခု အခုလို ပေါက်ကြားလာတာကို ကျနော်ကတော့ သဘောမကျပါဘူး ၊ ဒါက ကျနော် တစ်ဦးတစ်ယောက်ချင်းစီက မျှော်လင့်ထားတဲ့ အရာနဲ့ လုံးဝ ဆန့်ကျင့် နေပါတယ် ။ ကျွန်တော်တို့ အသင်းအတွင်းမှာပဲ လျှို့ဝှက် ထိန်းသိမ်းထားရမယ့် အရာတွေ ရှိပါတယ် ၊ ဒီအရာတွေကို ထုတ်ဖော် ပြောကြားခဲ့သူအတွက် နောက်ဆက်တွဲ အရေးယူမှုတွေ ရှိသွားမှာပါ ။ ”

ဆက်လက်ပြီး အသင်းဖော်တွေနဲ့ မကြာခဏ အချင်းများနေတဲ့ ကွင်းလယ်လူ စီဘာယောစ့် မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေသလား ဆိုတဲ့ မေးခွန်းကို ” တိုက်ဆိုင်မှု ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် အများကြီး ပြောင်းလဲဖို့တော့ မရှိပါဘူး ။ ဒါက ကျွန်တော်တို့ အလိုရှိနေတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှုပါပဲ ။ ”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular