စိတ်ရှည်ခဲ့တဲ့ အကျိုးကျေးဇူးကို ခံစားနေရပြီလို့ ပြောကြားရင်း နေရာတွေ ပြောင်းပြီး ကစားနေရတဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဗန်ဒီ ဘိခ်

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဒွန်နီ ဗန်ဒီ ဘိခ် က အိုးလ် ထရပ်ဖို့ဒ်မြေကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့နောက် ပွဲထွက် ကစားခွင့် တွေကို မရနိုင်ခဲ့ပေမယ့် စိတ်ရှည် သည်းခံ ခဲ့တဲ့ အကျိုး ကျေးဇူး တွေကို အခုတော့ ခံစားနေရပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဒွန်နီ ဗန်ဒီ ဘိခ်ကို ပေါင် သန်း 40 နဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ တိုက်စစ် အားသန် ကစားသမားတွေ များပြား နေခဲ့တဲ့ အတွက် သူ့ကို လုံလောက်တဲ့ ပွဲထွက် ကစားခွင့် မပေးဆောင် နိုင်ခဲ့ ပါဘူး ။

myan789

ဒီအတွက် ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ကလည်း ဝေဖန်မုှတွေ အများကြီး လုပ်ဆောင်ခဲ့ပါ သေးတယ် ။ အခုတော့ သူဟာ အသင်း အတွက် ကွင်းလယ် ခံစစ် နေရာမှာ ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် နေခဲ့ပြီး ပုံစံကောင်း တွေလည်း ပြသ ထားနိုင် ခဲ့တဲ့ အတွက် ချီးကျူးမှု တွေကို ဆက်တိုက် ရရှိ နေခဲ့ ပါတယ် ။

အခုတော့ ဗန်ဒီ ဘိခ် က သူဟာ ပွဲထွက် ကစားခွင့် မရရှိခဲ့တဲ့ အချိန် တွေမှာ နေ့စဉ် အလုပ်တွေ ကြိုးစား အားထုတ် နေခဲ့ကြောင်း ၊ အခုတော့ ပွဲထွက်ခွင့် အတွက် စိတ်ရှည် သည်းခံ ခဲ့တဲ့ အကျိုး ကျေးဇူး တွေကို ပြန်လည် ခံစား နေရပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ နေ့စဉ် နေ့တိုင်း အလုပ်တွေ ကြိုးစား နေခဲ့ ပါတယ် ။ ကျွန်တော်ဟာ အသင်း အတွက် အချို့ အရာ တွေကို လုပ်ဆောင် ပေးနိုင်မယ် ၊ ကူညီ ပေးနိုင်မယ် ဆိုတာကို သိရှိ နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော်ဟာ စိတ်ရှည်ရှည် ထားပြီး အခွင့်အရေးကောင်း တွေကို စောင့်ဆိုင်း နေခဲ့တာပါ ”

” အသင်းဖော် တွေက ကမ္ဘာ့ အဆင့် ကစားသမား ကောင်းတွေ ဖြစ်နေ ခဲ့တဲ့ အတွက် သူတို့ တွေနဲ့ နားလည်မှု ရယူပြီး တွဲဖက် ကစားရတာ အဆင်ပြေခဲ့ ပါတယ် ။ ဒါ့ကြောင့် အေဂျက်ဇ် အသင်းမှာ ကစား ခဲ့တာနဲ့ နှိုင်းယှဉ်မယ် ဆိုရင် အများကြီး ခြားနား သွားတာမျိုး မရှိခဲ့ရ ပါဘူး ”

” အသင်းဖော် အသစ် တွေနဲ့ ကစားရတဲ့ အခါ တွေမှာ တစ်ဦးကို တစ်ဦး နားလည်ဖို့ လိုအပ် ပါတယ် ။ ကျွန်တော်တို့ တွေဟာ တစ်ဦးကို တစ်ဦး ကောင်းကောင်း သိရှိနားလည် ထားကြပါတယ် ။ ကျွန်တော်က သူတို့ တွေနဲ့ အတူ အခုလို တွဲဖက် ကစားပေး နိုင်စွမ်း ရှိပါတယ် ”

” အရင်က အေဂျက်ဇ် အသင်း မှာလည်း ကျွန်တော်ဟာ ခြားနားတဲ့ နေရာတွေမှာ ကစားပေးခဲ့ဖူး ပါတယ် ။ ကျွန်တော်ဟာ အသင်း အတွက် နံပါတ် 8 ၊ နံပါတ် 10 ၊ နံပါတ် 6 နေရာ တွေမှာ အလျင်းသင့်သလို ကစားပေး ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် အခုလို နေရာ ပြောင်းလဲ ကစားရတာကို ကျွန်တော် အဆင်ပြေစွာ လုပ်နိုင် ခဲ့တာပါပဲ ” လို့ ဗန်ဒီ ဘိခ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးသစ် အီဒင်ဆန် ကာဗာနီက ပုံစွကောင်း တွေကို ပြသရင်း 2 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီးပေးခဲ့ကာ နိုင်ပွဲ ရရှိစေခဲ့ပါတယ် ။ ဗန်ဒီ ဘိခ် ကတော့ ခံစစ် ကစားသမားတွေ ဂိုးဧရိယာ အတွင်း ဝင်ရောက် ကစားတာက အသင်းဖော်တွေ အတွက် နေရာလွတ် တွေကို ဖြစ်စေနိုင်ကြောင်း ပြောပြသွားခဲ့ ပါတယ် ။

” ဒါဟာ အရမ်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်တို့ ဂိုး ဧရိယာထဲ ဝင်ရောက် ကစားကြတဲ့ အခါ နေရာလွတ် တွေကို ဖြစ်စေနိုင်တယ်လေ ။ ခံစစ် ကစားသမားတွေ ကလည်း တိုက်စစ် တက်ရောက် ကစားရတာကို နှစ်သက် ကြတယ်လေ ။ အဲ့တာက ကွင်းလယ်လူတွေ အတွက် နေရာလွတ်တွေ ပိုမို ရရှိစေပါတယ် ” လို့ ခံစစ် ကစားသမားတွေရဲ့ အရေးပါပုံကို ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular