စိတ်ပျက်စရာ ခြေစွမ်းနဲ့ အတ္တလန်တာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ယာဂန်ကလော့ရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားခဲ့တဲ့ လီဗာပူး ကစားသမား ၃ ဦး

လီဗာပူး အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ပွဲစဥ်မှာ စိတ်ပျက်စရာ ​ခြေစွမ်းနဲ့ အတူ အတ္တလန်တာကို အန်ဖီးမှာ ၂-၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်စတာနဲ့ ပွဲစဥ်မှာ ဝင်ရောက် ကစားခဲ့ကြတဲ့ ကစားသမားတွေရဲ့ ပွဲပန်းနေမှု ၊ လူအပြောင်းအလဲတွေ လုပ်ခဲ့တာကြောင့် အသင်းရဲ့ ရစ်သမ် မမှန်မှုတွေဟာ ဒီလို စိတ်ပျက်စရာ ခြေစွမ်းကို ဦးတည် နေခဲ့တယ်လို့ တစ်စိတ်တစ်ပိုင်း ဆိုလို့ ရနိုင်ပါတယ်။

ဒါပေမယ့် လက်စတာနဲ့ပွဲမှာ ပွဲထွက် ပါဝင် ကစားပေး ခဲ့ခြင်း မရှိခဲ့တဲ့ ကစားသမား တစ်ချို့ ကတော့ ဒီလို အကြောင်းပြချက် ပေးလို့ မရဘဲ ၎င်းတို့ရဲ့ ဒီပွဲစဥ်က စွမ်းဆောင်ရည်ဟာ ယာဂန်ကလော့ကို စိတ်ပျက်စေခဲ့ပါတယ်။ အတ္တလန်တာလို အသင်းနဲ့ ချန်ပီယံလိဂ် အရေးကြီး ပွဲစဥ်မှာ ယာဂန်ကလော့ ပေးခဲ့တဲ့ အခွင့်အရေးကို ဖြုန်းတီး ပစ်ခဲ့ကြတဲ့ ကစားသမား ၃ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

myan789

နီကိုဝီလီယံ

နီကိုဝီလီယံ ဟာ အတ္တလန်တာနဲ့ ပွဲစဥ်မှာ ပွဲချိန် တစ်လျှောက်လုံး ရုန်းကန် သွားခဲ့ရပါတယ်။ ဒါဟာ ၎င်းအတွက် အကြီးမားဆုံး ပွဲထွက် ကစားခွင့် ရခဲ့တဲ့ အခွင့်အရေး ဖြစ်ပြီး အလက်ဇန်းဒါးအာနိုး ဒဏ်ရာ ရနေချိန်မှာ ၎င်းရဲ့ ပွဲထွက် ကစားသမား နေရာကို ဖိအားပေး နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလော့ အနေနဲ့ လက်စတာနဲ့ ပွဲစဥ်မှာ ညာနောက်ခံလူ နေရာအတွက် မီနာကို အသုံးပြု ခဲ့တာ ဖြစ်ပြီး နီကိုဝီလီယံဟာ တိုက်စစ် ကစားပုံ ကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ အဆင်သင့် မဖြစ်သေးဘူးလို့ ကလော့ ယူဆ ခဲ့တဲ့ပုံပါပဲ။

ဒါပေမယ့် နာဘီကီတာဟာ လက်စတာနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တာကြောင့် ကလော့ဟာ ကွင်းလယ်ပိုင်း လူပြတ်လတ်မှုနဲ့ ကြုံခဲ့ရပြီး မီနာကို ကွင်းလယ်မှာ မဖြစ်မနေ တက်ကစား စေခဲ့ရပါတယ်။ ဒါဟာ နီကိုဝီလီယံကို ဒီပွဲမှာ ထုတ်သုံးခဲ့ရတဲ့ အခြေအနေ ဖြစ်စေခဲ့ပြီး ၎င်းဟာ ဒီပွဲစဥ်မှာ စိုးရိမ်စိတ်တွေ များနေကာ ဘောလုံး ပေးပို့မှုတွေ အများအပြား လွဲချော်ခဲ့တဲ့ အပြင် ကြံခိုင်မှုပိုင်း လျှင်မြန်မှုပိုင်းမှာလည်း အားနည်းနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံ အနည်းငယ် ကောင်းလာခဲ့ပေမယ့်လည်း အလက်ဇန်းဒါးအာနိုး ရဲ့ back up အနေနဲ့ အဆင်သင့် မဖြစ်သေးပါဘူး။

ရီးစ်ဝီလီယံ

ရီးစ်ဝီလီယံဟာ အတ္တလန်တာနဲ့ ပွဲစဥ်မှာ တစ်ပွဲလုံး ဆိုးဆိုးရွားရွား ကစားခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း အခိုက်အတန့် တစ်ခုဟာ ၎င်းရဲ့ အားထုတ်မှုတွေကို ​မှေးမှိန် သွားစေခဲ့ပါတယ်။ ရီးစ်ဝီလီယံဟာ အတ္တလန်တာရဲ့ ဒုတိယမြောက် ဂိုးအတွက် ဂိုဇန်ကို လူကပ် ကစားရန် ပျက်ကွက်ခဲ့ပြီး လီဗာပူးကို ၂-၀ နဲ့ အရေးနိမ့်စေခဲ့ကာ ပြန်လာဖို့ မဖြစ်နိုင်သလောက် အခြေအနေ ဖြစ်သွားစေခဲ့ပါတယ်။

အတ္တလန်တာနဲ့ အရေးကြီး ချန်ပီယံလိဂ် ပွဲစဥ်မှာ စီနီယာ အတွေအကြုံ နည်းပါးလှတဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမား တစ်ဦး ဆီက ဒီလိုမျိုး အမှားဟာ သိပ်ပြီး အဆန်းတကြယ်တော့ မဟုတ်ဘဲ တွဲဖက် ဗဟိုနောက်ခံလူ မာတစ် ကလည်း ၎င်းကို ကူညီပေးနိုင်မှု အားနည်း နေခဲ့တာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ဒါဟာ လီဗာပူး အနေနဲ့ ရာသီ တစ်လျှောက်လုံး အသက် ၁၉ နှစ်အရွယ် ကစားသမားကို အားကိုးလို့ မရနိုင်ဘူးဆိုတဲ့ သတိပေးချက် တစ်ခု ဖြစ်ပါတယ်။ ကလော့ဟာ ၎င်းကို ပြည်တွင်း ရှုံးထွက်ဖလား ပွဲစဥ်တွေ အတွက်သာ အဓိက အသုံးပြုဖို့ ရည်ရွယ် ထားခဲ့ပေမယ့်လည်း လက်ရှိ ဒဏ်ရာပြဿနာ အကျပ်အတည်း အရ ဒီလိုပွဲမျိုးတွေမှာ ၎င်းကို ထုတ်သုံးနေခဲ့ရကာ ဘာပဲဖြစ်ဖြစ် ဒါဟာ ဝီလီယံ အတွက် ကြီးမားတဲ့ တောင်းဆိုမှု ဖြစ်ခဲ့ပါတယ်။

အိုရီဂီ

ဒီဗော့အိုရီဂီဟာ ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲမှာ ဝင်ကစားခဲ့ခြင်း မရှိခဲ့တာကြောင့် ပွဲပန်းမှု ရှိမှာ မဟုတ်တဲ့ အပြင် ၎င်းဟာ နီကိုဝီလီယံ ၊ ရီးစ်ဝီလီယံ တို့လို စီနီယာ အတွေ့အကြုံ နည်းပါးလှတဲ့ လူငယ်ကစာသမား တစ်ဦးလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အတ္တလန်တာ နဲ့ပွဲမှာ ၎င်းရဲ့ ဆိုးရွားတဲ့ ​ခြေစွမ်းအတွက် အကြောင်းပြချက် ပေးစရာ သိပ်မရှိလှပါဘူး

ပြီးခဲ့တဲ့ ရာသီကတည်းက လီဗာပူးအတွက် ကောင်းကောင်း ကစားပေးနိုင်ဖို့ ရုန်းကန် ခဲ့ရတဲ့ အိုရီဂီဟာ ဒီရာသီမှာလည်း ဝင်ကစားခဲ့တဲ့ ပွဲတိုင်း ထူးမခြားနားပါပဲ။ အတ္တလန်တာ နဲ့ပွဲစဥ်မှာ ဆိုရင် မာနေး ဆာလား တို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှုးတွေနဲ့ တွဲဖက် ကစားခွင့် ရခဲ့တာ ဖြစ်ပြီး ဒါဟာ ကလော့ ပေးတဲ့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။

ဒါဟာ ပြည်တွင်း ရှုံးထွက်ဖလား ပွဲစဥ်တွေလို ကလေးတွေနဲ့ တွဲဖက် ကစားခိုင်းတဲ့ ပွဲစဥ်လည်း မဟုတ်ဘဲ အကောင်းဆုံး ကစားသမားတွေနဲ့ အတူ တွဲဖက် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုရီဂီဟာ အတော့်ကို ဆိုးရွားခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ပြေးလွှားနေတာက လွဲပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ၊ တွဲဖက် ကစားမှုတွေ ၊ ချိတ်ဆက်မှုတွေ ၊ ဖိအားပေးမှုတွေ မလုပ်နိုင်ခဲ့ဘဲ ၎င်းဆီ ဘောလုံး ရောက်သွားတဲ့ အခါတိုင်း ပျက်နေခဲ့ပါတယ်။

အိုရီဂီဟာ ဘယ်ဂျီယံ လက်ရွေးစင် တစ်ဦး ဖြစ်ပြီး ဒီပွဲစဥ်မှာ အသက် ၁၉ နှစ်အရွယ် နီကိုဝီလီယံ ထက်တောင် ပိုဆိုးနေခဲ့ပါတယ်။ အိုရီဂီဟာ လီဗာပူးရဲ့ back up တစ်ဦး ဆိုတာ အားလုံး သိထားပြီး ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေ အရကတော့ ၎င်းဟာ လာမည့် ပွဲစဥ်တွေမှာ ကလော့ရဲ့ pecking order မှာ မီနာမီနိုရဲ့ နောက်ကို ရောက်သွားတော့မှာ သေချာနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular