စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ဥရုဂွေး လက်ရွေးစင်ကို အမွှမ်းတင်လိုက်ပြီး သူ့ဆီက ဘာတွေမျှော်လင့်နေသလဲဆိုတာ ဖွင့်ပြောလိုက်တဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက လက်ရှိအသင်းမှ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ကမ္ဘာ့ အကောင်းဆုံးသော နံပါတ် 9 တိုက်စစ်မှူး တစ်ဦးပဲလို့ အမွှမ်းတင်လိုက်ပြီး လာမယ့် ဘောလုံးရာသီမှာ ပိုတောင် ကောင်းလာလိမ့်ဦးမယ်လို့ မျှော်လင့်နေကြောင်း ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

အီဒင်ဆန် ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်မှ အသင်းဖော် တိုက်စစ်မှူး အန်သိုနီ မာရှယ် ဒဏ်ရာ ရရှိခဲ့တဲ့နောက် ပွဲထွက်ကစားခွင့်တွေ ပုံမှန်ရရှိခဲ့ပြီး နောက်ဆုံး ပွဲစဥ် ၇ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးခဲ့တဲ့နောက် အသင်းနဲ့ နောက်တစ်နှစ် ကာလတို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

လက်ရှိ အချိန်ထိတော့ ယူနိုက်တက်အတွက် များသောအားဖြင့် လူစားဝင်ကစားပေးခဲ့တဲ့ ကာဗာနီဟာ 15 ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပြီး တစ်ကယ့်ထိပ်တန်းတိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြထားနိုင်ခဲ့ပါပြီ ။ အခုတော့ ယူနိုက်တက်တို့ လီဗာပူးနဲ့ ကစားရမယ့် အင်္ဂလန်ဒါဘီ ပွဲစဥ်မတိုင်မီ ဆိုးလ်ရှားက တိုက်စစ်မှူး ဖြစ်သူဟာ ရာသီကြို ပွဲစဥ် ကစားပြီးနောက် ပိုကောင်းလာဦးမှာ ဖြစ်ကြောင်း ၊ လာမယ့် ရာသီမှာ အခုထက်ပိုကောင်းဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” အီဒင်ဆန်ဆီက ကျွန်တော်တို့ ဘာတွေ မျှော်လင့်နိုင်လဲ ၊ ဘာတွေ ရရှိနိုင်လဲဆိုတာ ပြီးခဲ့တဲ့ လ အနည်းငယ်ထဲက ကျွန်တော်တို့ တွေ့မြင်ခဲ့ပြီးပြီလို့ ကျွန်တော် ထင်ပါတယ် ။ နောက်ရာသီဆိုရင် သူဟာ ပိုပြီး အဆင်သင့် ဖြစ်နေပါလိမ့်မယ် ။ ရာသီကြို ပွဲစဥ်တွေ ကစားရမယ့် အချိန်ဆိုရင် သူဟာ ပရီးမီးယားလိဂ် ကစားနိုင်ဖို့ အတွက် အမှန်တကယ် ကြံ့ခိုင်နေပါလိမ့်မယ် ”

” ဒီနှစ်ဆိုရင် သူဟာ အချိန် ၇ လလောက် ဘောလုံးနဲ့ ထိတွေ့မှု မရှိခဲ့ရပါဘူး ။ ဒီလို အနေအထားနဲ့ ရာသီတစ်ခုကို စတင်ဖို့ မလွယ်ကူပါဘူး ။ ပြီးတော့ သူဟာ ဒဏ်ရာအချို့လည်း ရရှိခဲ့ပါသေးတယ် ။ ဒါပေမယ့် သူဟာ အရင်လိုပဲ တူညီတဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသသွားနိုင်ခဲ့ပါတယ် ”

” သူဟာ နေ့စဥ်နေ့တိုင်း လေ့ကျင့်ရေးကွင်းထဲ လာတယ် ။ မှန်ကန်တဲ့ အရာတွေကို လုပ်ပြတယ် ။ ကောင်လေးတွေလည်း သူ့ကို စောင့်ကြည့် လေ့လာနေခဲ့ကြပါတယ် ။ သူဟာ ကျွန်တော်တို့ အတွက် နံပါတ် ၉ နေရာကို ကွပ်လပ်ဖြည့်ပေးခဲ့ပါတယ် ။ သူမပါပဲ ကျွန်တော်တို့ ပွဲဘယ်လောက် ကစားရလိမ့်မလဲဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ ဒါပေမယ့် လက်ရှိ အချိန်မှာ သူဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးပဲ ဆိုတာက သေချာလှပါတယ် ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular