စည်းမျဉ်းချိုးဖောက်၍ အီတလီသို့ပြန်လာခြင်းဖြစ်သည်ဟု အားကစားဝန်ကြီး၏ စွပ်စွဲမှုမှာ အလိမ်အညာသာဖြစ်ကြောင်း စီရော်နယ်လ်ဒို တုံ့ပြန်

COVID-19 ရောဂါ Positive တွေ့ရှိမှုကြောင့် နေအိမ်၌ Quarantine နေထိုင်လျက်ရှိသည့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် စည်းမျဉ်း ချိုးဖောက်၍ အီတလီသို့ပြန်လာခြင်း ဖြစ်သည်ဟု အားကစားဝန်ကြီး စပါဒါဖိုရာ၏ စွပ်စွဲမှုမှာ အလိမ်အညာသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပေါ်တူဂီ အသင်းအတွက် သွားရောက်ကစားစဉ် ပြီးခဲ့သည့်အင်္ဂါနေ့က Positive တွေ့ရှိခြင်းဖြစ်ပြီး နောက်တစ်ရက်အကြာမှာပင် သီးသန့်လေယာဉ်ဖြင့် တူရင်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နေအိမ်၌ Quarantine နေထိုင်လျက်ရှိသည်။ အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက ကြာသပတေးနေ့တွင် Rai1 ရေဒီယိုနှင့် တွေ့ဆုံစဉ် စီရော်နယ်လ်ဒိုအနေဖြင့် ကျန်းမာရေးအာဏာပိုင်များထံမှ ခွင့်ပြုချက်မရထားပါက စည်းမျဉ်းချိုးဖောက်၍ အီတလီသို့ပြန်လာခြင်း ဖြစ်နိုင်ကြောင်း ပြောကြားရာ ၎င်းက ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

myan789

“ဘယ်လုပ်ထုံးလုပ်နည်းကိုမှ ကျွန်တော်မချိုးဖောက်ထားပါဘူး။ ကျွန်တော်က အီတလီဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီး ပြောနေကြပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက အလိမ်အညာတွေချည်းပါပဲ။ ကျွန်တော့်အသင်းနဲ့ စကားပြောပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့အရာတွေကိုလုပ်ဖို့အတွက် တာဝန်ရှိပါတယ်။ လုပ်ခဲ့တာတွေအားလုံးက တရားဝင်ခွင့်ပြုချက်နဲ့ပါ။ အီတလီနိုင်ငံသား လူကြီးလူကောင်းတစ်ယောက်က ပြောတယ်။ သူ့နာမည်ကိုတော့ ကျွန်တော်ပြောမနေတော့ပါဘူး။ ကျွန်တော်က လုပ်ထုံးလုပ်နည်းတွေအားလုံး ချိုးဖောက်ခဲ့တယ် ဆိုပြီး ပြောတာက အလိမ်အညာပါပဲ” ဟု စီရော်နယ်လ်ဒိုက Instagram တွင် ဗီဒီယိုလွှင့်တင်၍ ပြောကြားခဲ့သည်။

ထို့ပြင် စီရော်နယ်လ်ဒိုက နေ အိမ်၌ မိသားစုဝင်များနှင့်ခွဲ၍ နေထိုင်သည့်အပြင် Positive တွေ့ရှိ ပြီးကတည်းက မကြာခဏ နေပူဆာခံလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော်က တစ်ထပ်မှာနေပြီး ကျွန်တော့်ကလေးတွေက နောက်တစ်ထပ်မှာ နေကြတာပါ။ အဲဒါကြောင့် သူတို့တွေနဲ့ထိတွေ့ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းတွေကို လေးစားမှုရှိဖို့ လိုပါတယ်။ နေရောင်ခြည်က တော်တော်လေးအကျိုးပြုပါတယ်။ လူတွေက အဲဒီဟာကို မတွေးမိကြပါဘူး။ ဒါပေမဲ့ နေရောင်ခြည်က တော်တော်လေးကောင်းပါတယ်။ ကျွန်တော်ကတော့ အခွင့်အရေးရတာနဲ့ နေပူဆာခံတာပါပဲ။ တူရင်မှာ နေပူဆာခံဖို့က ပိုပြီးခက်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်ကို မိနစ် ၂၀၊ ၃၀ လောက်ခံရဖို့ ကျွန်တော်ကတော့ အမြဲတမ်းကြိုးစားပါတယ်။ ကြမ်းပြင်ပေါ်မှာ နေရောင်ခြည်ဖြာကျနေတာကို ကျွန်တော်သဘောကျပါတယ်။ အဲဒါက အရမ်းအရေးကြီးပါတယ်။ ဗီတာမင်စီနဲ့ ဒီ များများစားတာ၊ Selenium နဲ့ Omega 3 များများသောက်တာ၊ သေသေချာချာနဲ့ ကောင်းကောင်းစားပြီး အားကစားလုပ်ဖို့လည်း လိုပါတယ်။ လူအများစုက သဘောမကျပေမဲ့ လမ်းလျှောက်တာကလည်း အရေးကြီးပါတယ်။ ပြီးတော့ အိပ်ရေးဝဝအိပ်တာပါ။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တာကလည်း အကောင်းဆုံး ဆေးပါပဲ။ မှောင်သွားပြီဆိုရင် မီးမဖွင့်တော့ပါဘူး။ ညတိုင်း ရှစ်နာရီ၊ ကိုးနာရီလောက် ကောင်းကောင်း အိပ်ပျော်တဲ့အတွက်လည်း ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကောင်းကောင်းစားပါ။ အသီးအရွက်နဲ့ အစိမ်းရောင်တွေ များများစားပါ။ ကိုယ်ခံအားကောင်းဖို့ အချို တွေ မစားပါနဲ့” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular